Website တွေ Social Media Page/Channel တွေမှာ Content ဖန်တီးတော့မယ်ဆိုရင် အရေးအသားကောင်းပြီး သုံးထားတဲ့ Image က Quality နှိမ့်နေမယ်ဆိုရင် ရသင့်တဲ့ Reaction, Result တွေကို မရလိုက်တဲ့ အခြေအနေမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ တစ်ချို့လုပ်ငန်းတွေမှာက Designer သီးသန့်ရှိရင်တော့ ဒီလို ပြဿနာတွေ မဖြစ်နိုင်ပေမယ့်၊ Designer သီးသန့်မရှိတဲ့ လုပ်ငန်းတွေမှာ Image ပြဿနာတွေ ကြုံတွေရတတ်ပါတယ်။ ဒါကြောင့် ယခုတစ်ခေါက် ဝေမျှပေးသွားမှာကတော့ မိတ်ဆွေအတွက် High-quality image တွေကို အလွယ်တကူ download လုပ်ပြီး အသုံးပြုနိုင်မယ့် 2019 အကောင်းဆုံး Free Stock Image Site (၅) ခုပဲ ဖြစ်ပါတယ်။
1. Pixabay
နာမည်ကြီး Free Stock Image Site တစ်ခုဖြစ်တဲ့ Pixabay ကတော့ လက်ရှိအချိန်မှာလည်း ထိပ်ဆုံးနေရာမှာ ရပ်တည်နေဆဲ Site တစ်ခုလို့ ပြောနိုင်ပါတယ်။ High-quality image တွေ 14 million ကျော်ကို Free download လုပ်နိုင်ပါပြီး၊ video, vector နဲ့ illustration တွေကိုတောင် ရရှိနိုင်တဲ့ Site တစ်ခုလည်းဖြစ်ပါတယ်။Recommend ကောင်းတွေနဲ့ အောင်မြင်နေတဲ့ Free Stock Image Site တစ်ခုလည်း ဖြစ်ပါတယ်။
2. Pexels
Pexels ဆိုတဲ့ Free Stock Image Site ဟာဆိုရင်လည်း လူသိများတဲ့ Site တစ်ခုထဲမှာ ပါဝင်ပြီး၊ UI(User Interface) ကလည်း Smart ဖြစ်အောင် တည်ဆောက်ထားပါတယ်။ User တွေ Image ရှာဖွေရာမှာလည်း လွယ်ကူစေရန်အတွက် Keyword တွေနဲ့ ရှာဖွေနိုင်အောင်လည်း လုပ်ထားပေးပါသေးတယ်။ Pixabay တို့ Pexels တို့မှာက Video Section သီးသန့်ထားပေးထားတဲ့ အတွက် Video တွေရှာချင်တဲ့ User တွေအတွက် အဆင်ပြေစေတဲ့ အချက်ဖြစ်ပါတယ်။
3. Burst
Burst ဆိုတဲ့ Site ကတော့ High-quality တွေနဲ့ Video တွေကို Free download ပြုလုပ်နိုင်တဲ့ Site တစ်ခုဖြစ်ပြီး ကြီးမားကျယ်ပြန့်တဲ့ Site တစ်ခုလို့လည်း ပြောနိုင်ပါတယ်။ ဒီ Site ကိုလာတဲ့ Visitor အများစုက E-commerce နဲ့ပတ်သတ်တဲ့ Visitor တွေလို့လည်း သိရှိရပါတယ်။ E-commerce နဲ့ပတ်သတ်တဲ့ Image source တွေကိုလည်း ရယူနိုင်တဲ့ အကောင်းဆုံး Site တစ်ခုလို့ ပြောနိုင်ပါတယ်။
4. Unsplash
ဒီ Site လေးမှာဆိုရင် ကိုလိုချင်တဲ့ Category ကိုရှာပြီး ရွေးချယ်ရုံပါပဲ။ အဲ့ဒီပုံလေးတွေက ဝါသနာရှင်တွေ၊ ပညာရှင်တွေက တင်ပေးထားဖြစ်ပါတယ်။ Image ရှာဖို့ခက်ခဲနေတဲ့ သူတွေ အတွက်တင်ပေးထားကျတာပါ၊ ကိုယ်ကလည်းတင်ပေးချင်တယ်ဆိုရင် Free Join ဆိုတဲ့ Button မှာ အကောင့်ဝင်ပြီး Image တွေတင်ပေး လို့ရပါတယ်။ Account ပြုလုပ်နည်းကလဲ Facebook, Gmail တို့နဲ့ Free ပြုလုပ်နိုင်တာဖြစ်တဲ့ အတွက်အသုံးပြုရတာလဲအဆင်ပြေတဲ့ Site လေး တစ်ခုဖြစ်ပါတယ်။
5. LibreStock
LibreStock မှာဆိုရင်တော့ မိတ်ဆွေတို့ လုပ်ငန်းတွေမှာ အကောင်းဆုံး အသုံးချနိုင်မယ့် High-quality image တွေကို Free download ရယူနိုင်မယ့် Site တစ်ခု ဖြစ်ပါတယ်။ ဒီ Site ထဲမှာ Digital, Technology, Computers, Nature အစရှိတဲ့ Category တွေကိုစုံစုံလင်လင်ကိုလည်း ရှာဖွေနိုင်အုံးမှာ ဖြစ်ပါတယ်။ Digital Marketing နဲ့ပတ်သတ်တဲ့ Image တွေကို ရှာချင်တဲ့ User တွေအတွက် သင့်တော်တဲ့ Site တစ်ခုလို့ ပြောနိုင်ပါတယ်။
ယခုဖော်ပြခဲ့တဲ့ Site တွေကတော့ 2019 မှာအကောင်းဆုံး Free Stock Image Site စာရင်းဝင်ခဲ့တဲ့ Site တွေဖြစ်တဲ့အတွက် မိတ်ဆွေတို့လိုအပ်တဲ့ High-quality image တွေကိုရှာဖွေပြီး download လုပ်နိုင်မယ် လို့မျှော်လင့်ပါတယ်။
Ref – techviral
နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…
Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…
Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…
Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……
ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…
ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်… …
View Comments
သိချင်တဲ့ကြာင်းအရာလေးတွေကို အခုလိုပြေပြီ့း ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်