Social Media Marketing ဆိုတာအဖွဲ့လိုက်ပူးပေါင်းလုပ်ဆောင်ရတဲ့လုပ်ငန်းစဉ်တစ်ခုပါ။ Account တွေကိုစစ်ဆေးဖို့ နဲ့ Customer တွေရဲ့ Reply နဲ့ Mentionစတာတွေကိုအချိန်နှင့်တပြေးညီသိနိုင်ရန် အမြဲနိုးကြားတက်ကြွပြီး တစ်ယောက်နဲ့တစ်ယောက် အချိတ်အဆက်မိနေဖို့လိုပါတယ်။ တစ်ခါတစ်ရံ Social Media Account တစ်ခုထဲကိုပဲ လူအများနဲ့ Run ရတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်အချိတ် အဆက်မမိတာ ၊ တူညီတဲ့အရာတွေထပ်ခါထပ်ခါလုပ်မိတာ စတာတွေမဖြစ်စေဖို့အတွက် Business Management Application တွေကိုဖော်ပြပေးလိုပါတယ်။တော်တော်များများသိပြီးသားဖြစ်နိုင်လောက်ပေမဲ့ မသိသေးသူတွေအဆင်ပြေစေရန်ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ….
SocialReport မှာ Social Media Management အတွက်များစွာသော ပူးပေါင်းဆောင်ရွက်မှု တွေပြုလုပ်နိုင်ရန် Features တွေမျိုးစုံပါဝင်ပါတယ်။ Social Media Account ကိုဒီ Application တစ်ခုထဲမှာပဲ Manage လုပ်လို့ရပြီး သင်ထည့်သွင်းချင်သလောက် Team Member အဖွဲ့ဝင်တွေကိုထည့်သွင်းလို့ရပါတယ်။တစ်ဦးတစ်ယောက်ခြင်းစီရဲ့လုပ်ဆောင်ခွင့်တွေကို လည်းအသေးစိတ်သတ်မှတ်ထားလို့ရပြီး Account တစ်ခုမှာ ဘယ်သူကဘယ်လိုတာဝန်လုပ်ဆောင်ရမ ယ်ဆိုပီးတိတိကျကျသတ်မှတ်ထားလို့ရပါတယ်။ Account တစ်ခုချင်းစီရဲ့ User တွေဟာသူတို့တစ်ခုခုမလုပ်ဆောင်ခင် အခြားသူ တွေလုပ်ဆောင်ပြီးမပြီးလဲ Check လုပ်လို့ရတဲ့အတွက်အမှားအယွင်းနည်းစေပါတယ် ဒါကြောင့် ဒီ Application ထဲမှာပဲ Members တွေရဲ့ လုပ်ဆောင်မှုတွေကိုသိရတဲ့အတွက် သူတို့ဘာတွေတင်ထားသလဲ နောက်ထပ်ဘာတွေလုပ်ဆောင်ရန် Schedule ချထားလဲ စသဖြင့်သိရှိနိုင်ပါတယ်။
Slack ဆိုတာကတော့ Social Media Account အတွက်ပြုလုပ်ထားတဲ့ Application တော့မဟုတ်ပါဘူး။ Text Messaging System ကိုအသားပေးပြုလုပ်ထားတဲ့ဒီ Application ဟာလဲအသင်းအဖွဲ့နဲ့လုပ်ဆောင်တဲ့ Social Media Marketing အတွက်အသုံးဝင်တဲ့ Application ပါပဲ။ Slack မှာ သင်ကြိုက်သလောက် Team Member ကိုထည့်သွင်းနိုင်ပြီး မတူညီတဲ့ Channel တွေဖန်တီးပီး File တွေပေးပို့တာ Share လုပ်တာ Assign လုပ်တာတွေကို အသုံးပြုလို့ရပါတယ်။ Team Member တွေတစ်ယောက်ချင်းစီ Text Message နဲ့ File တွေ Attachment တွေ Sharing လုပ်လို့ရတဲ့ Private Chat Room ကိုလဲ အသုံးပြု လို့ရပါတယ်။ Voice Call နဲ့ Video Call လည်းခေါ်လို့ရပါသေးတယ်။ Application ပေါင်းတစ်ထောင်ကျော်နဲ့လဲ ချိတ်ဆက်အသုံးပြုလို့ရပါသေးတယ်။အကောင်းဆုံးအချက်ကတော့ သင့်ရဲ့လုပ်ငန်းအတွက် လိုအပ်တဲ့အချက်အလက်တွေကိုပဲတစ်နေရာထဲသိမ်းဆည်းထားနိုင်တာကြောင့် အချိန်မရွေး Conversation တွေ Task တွေ Files တွေကိုအလွယ်တကူ Search လုပ်နိုင်တာပါပဲ။
Trello ကလဲ Slack လိုပဲရွေးချယ်အသုံးပြုသင့်တဲ့ Application ပါပဲ။ သင့်ရဲ့လုပ်ငန်းအတွက်လုပ်ငန်းဆော င်တာတွေကို Management အပြင် Plan တွေချပြီးလုပ်ဆောင်လို့ရပါတယ်။ Team Member တွေ နဲ့လဲ ဆက်သွယ်လို့ရပါတယ်။ သင့်ရဲ့ Social Media Account တွေကို Plan ချဖို့အတွက်တော့အကောင်းဆုံး Application ပါပဲ။ Team Members တွေရဲ့ Account တစ်ခုချင်းစီကနေ ကိုယ့်ရဲ့ Idea List တွေအပတ်စဉ်ကို ခွဲဝေပြသလို့ရတဲ့ Board တွေပါဝင်ပါတယ်။ ကိုယ့်ရဲ့ Content တွေ Idea List တွေကိုချပြလို့ရပြီး Team Member တွေအနေနဲ့လဲ Click လေးလုပ်ရုံဖြင့် အကြံဉာဏ်တွေကို Discuss လုပ်လို့ရတာကြောင့် တော်တော်လေးကိုအသုံးဝင်တဲ့ Application ပါပဲ။
Evernote Application ကတော့ သာမန် Note ရေးတဲ့ Application လို့ထင်ရပေမဲ့ တကယ်တော့ ဒီထက်သာလွန်အောင် အထောက်အကူပြုပါတယ်။ Team Member တွေရဲ့ Idea တွေကို Space ဆိုတဲ့ Feature ကနေ Share လုပ်လို့ရတဲ့အပြင် Idea တွေ Information အချက်အလက်တွေကို လည်းသိမ်း ဆည်းလို့ရပါတယ်။ Space ထဲကိုထည့်လိုက်ရုံနဲ့သင့်ရဲ့ Idea နဲ့ Information တွေကို Team Members တွေအကုန်လုံးမြင်နိုင်မှာဖြစ်ပြီး သူတို့လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့ အချက်အလက်တွေကို အလွယ် တကူရှာဖွေနိုင်မှာဖြစ်ပါတယ်။ သင့်ရဲ့ Project အတွက် Online က Video တွေ Article တွေစတာတွေကို သိမ်းဆည်းထားလို့ရပါတယ်။ Social Media Marketer တွေအတွက် Content တွေ Article တွေကို Research လုပ်လို့ရတဲ့အပြင် ကိုယ့်ရဲ့ Idea တွေကိုဒီ Application ကနေတဆင့် Members တွေနဲ့ Sharing & Discuss လုပ်နိုင်တာကြောင့်အသုံးဝင်တဲ့ Applicationပါ။
အခုဖော်ပြသွားတဲ့ Application တွေကိုအသုံးချဖို့အတွက်ကတော့ သင့်ရဲ့ လုပ်ငန်းနဲ့ Members အရေအတွက်ပေါ်မူတည်ပြီး သင်ဘယ်လိုနည်းလမ်းကိုသုံးကာအလုပ်လုပ်ချင်သလဲပေါ်မူတည်ပြီး ရွေးချယ်အသုံးပြုလို့ရပါတယ်ခင်ဗျာ။
Ref – socialmediatoday