ယနေ့ခေတ် လုပ်ငန်းခွင်မှာ Business English ဟာမရှိမဖြစ်လိုအပ်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။Business English ဟာကျွန်တော်တို့နေ့စဉ်ပြောဆိုနေတဲ့ English နဲ့မတူပါဘူး။လုပ်ငန်းခွင်မှာ English ကို professional ဆန်ဆန်သွက်သွက်လက်လက်ကျွမ်းကျင်နေဖို့အထူးလိုအပ်ပါတယ်။မိမိရဲ့ career development အတွက်လှေကားသဖွယ် အထောက်အကူဖြစ်စေတယ်ဆိုလဲမမှားပါဘူး။ယ်။ဒါကြောင့် မိမိရဲ့ လုပ်ငန်းခွင်သုံး English စကားကိုဘယ်လိုတိုးတက်အောင်ပြင်ဆင်မလဲ ဆိုတဲ့အချက် ငါး ချက်ကိုဖော်ပြပေးပါမယ်။

1. Vocabulary ကိုကြွယ်ဝအောင်လုပ်ပါ

လုပ်ငန်းခွင်နဲ့ပတ်သက်တဲ့ Vocabulary (ဝေါဟာရ) တွေကိုအရင်ဆုံးကြွယ်ဝအောင် လုပ်ပါ။Vocabulary ဟာ Business English အတွက်သာမဟုတ်ပါဘူး မည်သည့်ဘာသာစကားကိုမဆို တိုးတက်ချင်ရင် Vocabulary ကြွယ်ဝဖို့အလွန်အရေးကြီးပါတယ်။မိမိရဲ့လုပ်ငန်းခွင်နဲ့ပတ်သက်တဲ့ ဝေါဟာရ တွေအတိုကောက်တွေ အထူးအရေးကြီးတဲ့အချက်တွေကို ဂရုတစိုက်မှတ်သားဖို့လိုပါတယ်။သင့်ရဲ့ လုပ်ငန်းခွင်နဲ့ပတ်သတ်လို့ ဘယ်လိုခေါ်ဝေါ်ရေးသားရမလဲ တိတိကျကျသိချင်ရင် Internet ကနေတစ်ဆင့်လဲရှာဖွေနိုင်ပါတယ်။သင်နဲ့အကျွမ်းတဝင်မရှိတဲ့ လုပ်ငန်းသုံးဝေါဟာရတွေကို အဓိကချဉ်းကပ်လေ့လာဖို့ကအရေးကြီးဆုံးပါ။ Business dictionary တွေကနေတစ်ဆင့်လဲ လုပ်ငန်းခွင်နဲ့သက်ဆိုင်တဲ့ဝေါဟာရ အသုံးအနှုန်းများကိုတိတိကျကျရှာဖွေဖို့ အထောက်အကူပြုပါလိမ့်မယ်။

2. English လိုရေးသားထားတဲ့စီးပွားရေးနဲ့ပတ်သက်တဲ့စာအုပ်တွေ ဆောင်းပါးတွေဖတ်ရှုပါ

စီးပွားရေးနဲ့ပတ်သက်တဲ့ စာအုပ်တွေဆောင်းပါးတွေကို တဖြည်းဖြည်းဖတ်ရှုလေ့လာခြင်းဖြင့်သင့်ရဲ့ လုပ်ငန်းခွင်သုံး English စာတိုးတက်မှုကိုမြှင့်တင်နိုင်တဲ့အပြင် စီးပွားရေးသတင်း အချက်အလက်တွေ နဲ့နောက်ဆုံးပေါ်သတင်းတွေကိုသိရတဲ့အတွက်အမြဲ up to date ဖြစ်နေမှာပါ။စာများများဖတ်ခြင်းဟာ ဗဟုသုတရရှိစေယုံသာမက မိမိရဲ့လုပ်ငန်းခွင်နဲ့ပတ်သက် English ဘာသာနဲ့ရေးသားထား တဲ့စာ အုပ်တွေဆောင်းပါးတွေကိုဖတ်ရှုပေးခြင်းဟာ သင့်ရဲ့ business English level ကိုမြှင့်တင်ဖို့အရေး ပါတဲ့နည်းလမ်းပါ။ဒီအချက်ဟာသင့်အတွက် customer နဲ့စကားပြောရာမှာဖြစ်စေ မိမိရဲ့အထက်လူကြီးနဲ့ပြောဆိုရာမှာဖြစ်စေ သင့်ရဲ့အရည်အချင်းကိုဖော်ပြနိုင်မှာပါ။

3. English စာကိုအထောက်အကူပြုတဲ့ Game တွေနဲ့လေ့ကျင့်ပါ

ဒီနေရာမှာ Game ဆိုတာ Crosswords(စကားလုံးပဟေဠိ) တွေကိုဆိုလိုတာပါ။Game ဆိုတဲ့အတိုင်းမိမိစိတ်ကိုပျော်ရွှင်စေတဲ့အပြင် သေသေချာချာဂရုစိုက်ပြီးရှာဖွေချင်စိတ်ရှိတာကြောင့် သင့်ရဲ့ ဝေါဟာရစွမ်းရည်ကိုတိုးတက်ဖို့အကူအညီပေးနိုင်ပါတယ်။ယခုခေတ်မှာ Mobile application game တွေအများအပြားရှိပြီး စီးပွားရေးနဲ့သက်ဆိုင်တဲ့ဝေါဟာရ တွေဆက်စပ်ပြီးရှာဖွေတွေးတောရတဲ့ Game တွေ Technology နဲ့ပတ်သက်တဲ့ Game စသဖြင့်လေ့လာစူးစမ်းဖို့အမြောက်အမြားရှိပါတယ်။ သင့်ရဲ့ လုပ်ငန်း ခွင်နဲ့ပတ်သက်တဲ့ English ဝေါဟာရ Game တွေရှာရခက်ပါက Free အသုံးပြုလို့ရတဲ့ Free word search puzzle generator ကနေတစ်ဆင့်အသုံးပြုလို့ရပါတယ်။

4. Englishလိုဖော်ပြထားတဲ့စီးပွားရေးကိုအသားပေးတဲ့ Program တွေကိုကြည့်ရှုပါ

English လိုဖော်ပြထားတဲ့စီးပွားရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအဓိကဖော်ပြတဲ့ အစီအစဉ် program တွေကြည့်ရှုလေ့လာခြင်းဟာ လုပ်ငန်းခွင်သုံး English စာကိုတိုးတက်စေဖို့ အကောင်းဆုံး နည်းလမ်းပါ။ ဘာကြောင့်လဲဆိုတော့ အဆိုပါအစီအစဉ်တွေမှာ Business အတွက် အဓိက key language တွေကို အကြိမ်ကြိမ်ပြောတဲ့အပြင် မှန်ကန်မှုရှိတာကြောင့်ပဲဖြစ်ပါတယ်။အဆိုပါ အစီအစဉ်တွေ မှာပါဝင်တဲ့ သူတွေဟာ အထူးသဖြင့်စီးပွားရေးနယ်ပယ်မှာကျွမ်းကျင်သူတွေ အောင်မြင်နေတဲ့သူတွေပဲအသားပေး ဖော်ပြတာကြောင့် အဖိုးတန်တဲ့အချက်အလက်တွေသာမက သင့်ရဲ့ လုပ်ငန်းခွင်သုံး English စာကို professional တွေကနေတစ်ဆင့်လေ့လာနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်အဆိုပါအစီအစဉ်တွေကိုနား ထောင်ခြင်းဖြစ်စေ ကြည့်ရှုခြင်းဖြစ်စေ လုပ်ငန်းခွင်သုံး English စကားကိုအကျွမ်းတဝင်ဖြစ်လာပြီး အသံထွက်တွေ သဒ္ဒါတွေကိုပါမှန်မှန်ကန်ကန်ပြောဆိုလာနိုင်မှာဖြစ်ပါတယ်။

5. လက်တွေ့လေ့ကျင့်ပါ

နောက်ဆုံးအဓိကအချက်ကတော့ ကိုယ်တိုင်လက်တွေ့လေ့ကျင့်ဖို့ပါ။သင်လေ့လာခဲ့သမျှကိုသင့်ရဲ့ လက်ရှိနေ့စဉ်လုပ်ငန်းခွင်မှာ ပြန်လည်အသုံးချတတ်ဖို့အရေးကြီးပါတယ်။ဒါမှသာ သင့်ရဲ့လေ့လာခဲ့သ မျှစွမ်းရည်ကိုတိုးတက်စေမှာဖြစ်ပြီး အလေ့အကျင့်ကောင်းရစေမှာဖြစ်ပါတယ်။ သင်လေ့လာ ထားသမျှစ ကားပြော conversation တွေ ဝေါဟာရတွေကိုသင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေ ဒါမှမဟုတ်သင်နဲ့သက်တူ ရွယ်တူတိုင်ပင်ဖော်တိုင်ပင်ဖက်သူတွေနဲ့ဖြစ်စေလက်တွေ့အသုံးချပြောဆို ရေးသားပါ။Presentation တွေမှာဖြစ်စေ meeting မှာဖြစ်စေလုပ်ငန်းခွင်နဲ့ပတ်သက်ပြီးလေ့လာထားတဲ့ English ဝေါဟာရအသုံး အနှုန်းတွေကိုတင်ပြချက်များမှာအသုံးပြုပြီးလက်တွေ့အသုံးချပါ။ Business writing တွေ email writing တွေကနေတစ်ဆင့်လဲ လက်တွေ့အသုံးချရေးသားလို့ရပါတယ်။ ယခုဖော်ပြထားတဲ့ နည်းလမ်းတွေကနေ သင့်ရဲ့ဘဝတက်လမ်းကိုအထောက်အကူပြုဖို့အတွက်လိုအပ်တဲ့ Business English ကိုအလျင်အမြန်လွယ်လွယ်ကူ ကူလေ့လာ လို့ရစေဖို့ရည်ရွယ်ပြီးဖော်ပြပေး လိုက်ရ ပါတယ်။

Ref – skillyouneed

Leave a Reply

social sharing buttons