ခုခေတ်မှာ ဘာကြောင့် Facebook ကိုပိုက်ဆံပေးပြီး Ads တွေ Run လာကြတာလဲ? ယခုတစ်ခေါက် ဖော်ပြပေးမဲ့ အကြောင်းအရာကတော့ Business တွေ Run ရာမှာ Facebook Ads တွေပါ သုံးပြီး ဘာကြောင့် Run လဲဆိုတဲ့ အကြောင်းအရင်းကို ဖော်ပြပေးမှာဖြစ်ပါတယ်…

Facebook မှာ ကြော်ညာထည့်ခြင်းက လုပ်ငန်းတွေ၊ Customer ကောင်းတွေ၊ ရောင်းချမှုတွေ ဖြစ်လာဖို့အတွက် အသက်ရောက်ဆုံး Tool တစ်ခုဖြစ်လာပါတယ်။ လက်ရှိ ၂၀၁၈ ခုနှစ်အတွင်းမှာတော့ တစ်ကမ္ဘာလုံး Facebook အသုံးပြုသူ အရေအတွက်မှာ ၆၉.၃၃ ရာခိုင်နှုန်း ရှိနေခဲ့ပါပြီ။ Facebook အသုံးပြုမှုတွေများပြုမှုများပြားလာတာနဲ့ အမျှ Facebook Ads တွေကို ဘာကြောင့်အသုံးပြုနေကျလဲဆိုတဲ့ အကြောင်းအရင်း ၃ ခုရှိပါတယ်။ ထိုအကြောင်းအရင်း ၃ မျိုးကတော့…

Audience Size
Attention
Targeting

Audience Size
လက်ရှိ ၂၀၁၈ ခုနှစ်အတွင်းမှာတင် Facebook Audience Size ဟာ Desktop နဲ့ သုံးတဲ့ Facebook  Audience ဟာ ၅၄.၈၇ ရာခိုင်နှုန်းရှိပါတယ်။ Mobile ဖုန်းတွေနဲ့ သုံးတဲ့ Audience ဟာ ၇၄.၈၂ ရာခိုင်နှုန်းရှိပါတယ်။ Other Device တွေနဲ့သုံးတဲ့ Audience ဟာဆိုရင် ၅၁.၄ ရာခိုင်နှုန်း ရှိပါတယ်။ ဒီလိုများပြားတဲ့ Audience ပမာဏ ရှိတဲ့အတွက်ကြောင့် စီးပွားရေးလုပ်ငန်းတွေဟာ Facebook Ads တွေကို အသုံးပြုလာကြပါတယ်။

Attention
ယခုအချိန်မှာ လူတွေက Social Media တွေအပေါ်မှာ တော်တော် အချိန်ပေးလာကြပါတယ်။ ပျှမ်းမျှအားဖြင့် User တစ်ယောက်က Facebook, Instagram, Twitter အစရှိတဲ့ Social Media Platform တွေကို မိနစ် ၅၀ လောက်သုံးကြပါတယ်။ ဥပမာ – စာဖတ်တာပဲဖြစ်ဖြစ်၊ သတင်းတွေပဲဖြစ်ဖြစ်၊ Funny Video လေးတွေကြည့်တာပဲဖြစ် အနည်းဆုံး မိနစ် ၅၀ လောက်သုံးတတ်ကြပါတယ်။

Targeting
ဒီတစ်ချက်ကတော့ Facebook Ads ရဲ့ အကောင်းဆုံး Tool တစ်ခုလို့ပြောနိုင်ပါတယ်။ သူ့ရဲ့ Targeting  Option ကတော့ မယုံနိုင်စရာအချက်တစ်ချက်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ Targeting Audience ရွေးချယ်ရာမှာ Location, Demographic, Age, Gender, Behavior အစရှိတဲ့ Category မျိုးစုံကို Target ပြုလုပ်လို့ရတဲ့ အတွက်ပဲဖြစ်ပါတယ်။

အထက်ပါ အချက်တွေကတော့ Facebook Ads တွေကို ကျယ်ပြန့်စွာ အသုံးပြုလာရခြင်းရဲ့ အကြောင်းရင်းများပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ လုပ်ငန်းတော်တော်များများကတော့ Facebook Ads တွေနဲ့ အသုံးပြုတာများနေသေးတဲ့ အတွက်မိတ်ဆွေတို့လည်း စမ်းသပ် အသုံးပြုကြည့်ဖို့ အကြံပြုပါတယ်။

Leave a Reply

social sharing buttons