
Content Marketing ဟာလက်ရှိ Digital Marketing နယ်ပယ်မှာ အရေးပါတဲ့ ကဏ္ဍတစ်ခု အဖြစ်ရပ်တည်ခဲ့ပြီး ပိုပြီးတောင် Content Marketing ကို အသုံးပြုလာကြတာကို အောက်ပါ အချက်တွေမှာ ကြည့်ရှုနိုင်ပါတယ်…
– Content Marketing တွေအပေါ်မှာ ရင်းနှီးမြှုပ်နှံတဲ့ Budget ဟာဆိုရင်လည်း ၂၀၁၈ ခုနှစ်မှာ ၂၃% သာရင်းနှီးခဲ့ပေမယ့် လက်ရှိ ၂၀၁၉ မှာဆိုရင် ၄၁% အထိ ရင်းနှီးမြှုပ်နှံမှုတွေ ရှိလာပါပြီ
– Business Goal လည်းပိုမို ကျယ်ပြန့်လာတာကို တွေ့ရပါတယ်။ ၂၀၁၈ မှာ စီးပွားရေးလုပ်ငန်းတွေကို Content Marketing Strategy နဲ့ ချိတ်ဆက်လုပ်ကိုင်ဖို့ စုံစမ်းမေးမြန်းကျသူတွေက ၄၅% အထိကသာရှိပြီး ၂၀၁၉ မှာဆိုရင် ၈၉% အထိ အံ့သြလောက်အောင် များပြားလာတာကို တွေ့ရပါတယ်။
– Content Marketing Strategy နဲ့ပတ်သတ်တဲ့ Social Media တွေမှာဆိုရင်ရင်လည်း Instagram ဟာ YouTube ကိုကျော်ပြီး အဆင့် ၄ နေရာကို ရောက်ရှိခဲ့ပါတယ်။ လက်ရှိ အဆင့်သက်မှတ်ချက်အရဆိုရင်…
1.Twitter
2. Facebook
3. LinkedIn
4. Instagram
5.YouTube ဖြစ်ပါတယ်။
– ၂၀၁၉ မှာ စီးပွားရေးလုပ်ငန်းတွေ ဦးတည်လာတဲ့ Channel တွေကဘာတွေ ဖြစ်လာပြီလဲ?
1. Written Content – 77%
2. SEO – 45%
3. Email Marketing – 42%
4. Video – 40%
5. Organic Social – 23%
တို့ပဲဖြစ်ပါတယ်။ “Content is king” ဆိုတဲ့ ဆောင်ပုဒ် အတိုင်း အဆင့် ၁ နေရာကို ရယူထားပါတယ်။
– Content Marketing ကြောင့် ရရှိခဲ့တဲ့ အောင်မြင်လာတဲ့ Result အရေအတွက်တွေကတော့…
1. Website Traffic – 89%
2. SEO Ranking – 65%
3. Subscriber Growth – 62%
4. Increased Sales – 51%
5. Conversation Rate – 50%
6. Sale Lead Quality – 46%
7. Brand Lift – 34%
စတဲ့ အောင်မြင်မှု ရလဒ်တွေကို တွေ့မြင်ရပါတယ်။ ဖော်ပြခဲ့တဲ့ State တွေကတော့ ၂၀၁၉ ရဲ့ Content Marketing State တွေပဲ ဖြစ်ပါတယ်။