သင့်ရဲ့ စီးပွားရေးလုပ်ငန်း အတွက် Website တည်ဆောက်ပြီး လုပ်ကိုင်ဖို့ အတွက် Website Degisn Project တစ်ခုလုပ်ဖို့ စတင်နေပြီးလား? သင့်ရဲ့ Website ကို Visitor အများအပြား လာရောက် ကြည့်ရှုတဲ့ Website တစ်ခု ဖြစ်ချင်ပါသလား? အောင်မြင်တဲ့ Website တစ်ခုဖြစ်လာဖို့ ဆိုရင်တော့ အောက်ပါ အချက်တွေကို အဓိကထားပြီး ဂရုစိုက်သင့်ပါတယ်…

  • Social media link
  • Call to Action
  • Features and benefits
  • Signup Form

အောင်မြင်တဲ့ Website တစ်ခုရဲ့ Home Page Design အတွက်ဆောင်ရန် အချက်တွေကတော့…
-Call to Action ကိုသိသာ ထင်ရှားတဲ့ ပုံစံထားပေးဖို့ လိုအပ်ပါတယ်။ အမှန်တကယ်စိတ်ဝင်စားတဲ့ Visitor က သင့်ရဲ့ Website ထဲမှာပိုပြီး သိချင်တဲ့ အကြောင်းအရာတွေ ရှိခဲ့ရင် လွယ်လွယ်ကူကူ ဝင်ရောက်နိုင်စေခြင်းက Website Traffic အတွက် အများကြီးသက်ဆိုင်တဲ့ အတွက် Home Page မှာ Call to Action Button ကို သိသာထင်ရှားအောင် ထားပေးဖို့ လိုအပ်ပါတယ်။

-သင့် Brand တွေအတွက်ပိုပြီး Strong ဖြစ်စေချင်တယ်ဆိုရင် အတွင်း Page တွေမှာ သုံး Color Pattern က Website Home Page Layout က Color Pattern နဲ့ ကိုက်ညီ ဆက်စပ်နေဖို့ လိုအပ်ပါတယ်။

– Viewers တွေ Trust ဖြစ်စေမယ့် Home Page Layout တစ်ခု တည်ဆောက်ခြင်းကလည်း Engagement ရရှိစေအောင် Highlight လုပ်ပေးနိုင်မယ့် အချက် တစ်ချက်လည်း ဖြစ်ပါတယ်။

-Viewer တွေ Sign Up လုပ်ချင်စိတ်ကို ဖြစ်ပေါ်စေမယ့် ခိုင်လုံတဲ့ Reason နဲ့ Home Page Design ဖြစ်ဖို့ လိုအပ်ပါတယ်။

-ချိတ်ဆက်ထားတဲ့ Social Media Link တွေကို Home Page ရဲ့ Footer မှာထားပေးဖို့ လိုအပ်ပါတယ်။

အောင်မြင်တဲ့ Website တစ်ခုရဲ့ Home Page Design အတွက်ရှောင်ရန် အချက်တွေကတော့…
-Home Page မှာ Call to Action မထားပေးပဲ Product ကိုတိုက်ရိုက်ရောင်းတဲ့ Action တွေကို ရှောင်ကျဉ်ဖို့ လိုအပ်ပါတယ်။

-Home Page Layout မှာ Viewer တွေကို Boring ဖြစ်စေမယ့်အရာ၊ စိတ်ရှုပ်ထွေးစေမယ့် အရောင်တွေအများကြီး သုံးထားတာတွေ Font Style (၂) မျိုးထက်ပိုပြီး သုံးထားတွေ၊ Color တွေကို (၃) ရောင်ထက်ပိုပြီး သုံးထားတဲ့ Design တွေကို ရှောင်ကျဉ်ပါ။

– Viewer တွေစိတ်ပျက်သွားစေမယ့် ရှေးရိုးစွဲ Sign Up ပုံစံတွေကို ရှောင်ကျဉ်ပါ။

– နောက်ဆုံးတစ်ချက် အနေနဲ့ Social Media Link တွေကို Website Home Page ရဲ့ Header မှာထားချင်းကို အထူးရှောင်ကျဉ်ပါ။

ဒီအချက်တွေကတော့ စီးပွားရေးလုပ်ငန်းတွေကို Website တည်ဆောက်ပြီး လုပ်ကိုင်မယ်ဆိုရင်သိ ထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် Home Page Design တွေပဲ ဖြစ်ပါတယ်။

Leave a Reply

social sharing buttons