ကဲမနက်ဖြန် တနင်္လာနေ့ ပြန်ရောက်ပြီဆိုတော့ အလုပ်စောစောသွားနိုင်ဖို့ အိပ်ယာထနိုင်မှ အဆင်ပြေမယ်နော်။ အိပ်ယာထတဲ့ အခါတွေမှာ အခက်အခဲ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ သူတွေအတွက် အဆင်ပြေသွားစေမယ့် Digital Alarm Clock App တွေကို ဖော်ပြပေးချင်ပါတယ်…
Sleep as Android Unlock
ဒီ Sleep as Android Unlock ဆိုတဲ့ Alarm App ကသင့်အိပ်ယာထချင်တဲ့ အချိန်မှာ အိပ်ယာအလွယ်တကူထနိုင်အောင်ကူညီပေးမယ့် App တစ်ခုဖြစ်ပါတယ်။ သာမန် Alarm App တွေလိုမဟုတ်ပဲ သင်အိပ်မယ့် အချိန်ကို တိုင်းတာပြီး Alarm သတ်မှတ်ထားနိုင်သလို သင့်ရဲ့ Habit ကိုသတ်မှတ်ပြီးတော့ လွယ်လွယ်ကူကူ Alarm ကိုမပိတ်နိုင်အောင်လည်း Analyze လုပ်နိုင်
ပါသေးတယ်။ ဒီ App ရဲ့ကောင်းတဲ့ အချက်ကတော့ သင့်ရဲ့ Phone က Smartwatch နဲ့ချိတ်ဆက်ထားမယ်ဆိုရင် သင့် Phone မေ့ကျန်ခဲ့တာတို့ ရှာမတွေ့တာတွေတို့ အစရှိတဲ့ ကိစ္စတွေကို သိရှိနိုင်စေဖို့ Facebook သို့မဟုတ် Email တို့ကို Data Sharing လုပ်ထားနိုင်ပါတယ်။ ဒီ App က Paid Version ဖြစ်ပြီး မိတ်ဆွေတို့ Free သုံးချင်တယ်ဆိုရင် Trail Version ကို ၁၅ ရက် အသုံးပြုနိုင်ပါတယ်။
Timely Alarm Clock
ရိုးရိုးရှင်းရှင်းနဲ့ Performance ကောင်းကောင်းပေးနိုင်မယ့် Alarm App တစ်ခုဖြစ်တဲ့ Timely Alarm Clock ကတော့ မိတ်ဆွေတို့ အိပ်ယာထချိန်ကို အကောင်းဆုံး သတ်မှတ်ထားနိုင်ပါတယ်။ ဒီ App လေးထဲမှာတော့ Color ၃ မျိုး Customize လုပ်နိုင် UI ကလည်း Simple Graphic Design ကိုသုံးပေးထားပြီး Alarm နဲ့ Timer တို့ပါဝင်တယ်။ ဒီ App က အခြား Device တွေနဲ့ချိတ်ဆက်ပြီး အသုံးပြုနိုင်သလို Data Backup လည်းလုပ်နိုင်ပါတယ်။ ဒီ App ကိုအသုံးပြုနိုင်မယ့် Android Device က အနည်းဆုံး Android Version 4.0.3 ဖြစ်ဖို့လိုပါတယ်။
Wave Alarm
ဒီ App ကတော့ တော်တော်လေးကို မိုက်တဲ့ Alarm Clock App လေးတစ်ခုဖြစ်ပါတယ်။ နာမည်ကြီး Alarm App တွေထဲမှာလည်းပါဝင်ခဲ့တဲ့ ဒီ App ကို Detection နဲ့ Motion Control Technology တို့နဲ့ပါ Develop လုပ်ထားတဲ့ အတွက် Alarm ပိတ်ကို ပိတ်ချင်တဲ့ အခါဆိုရင် ဖုန်းပေါ်ကိုလက်တင်လိုက်ရုံနဲ့ Alarm ကိုပိတ်နိုင်ပါတယ်။ UI ကလည်း Modern Design နဲ့ ဖွဲ့စည်းထားပြီး အချိန်ကို Digital Mode နဲ့မြင်တွေ့ရမှာဖြစ်ပါတယ်။ Original Alarm Sound ၁၀ မျိုး ကိုရွေးချယ်နိုင်ပြီး သင့်ဖုန်းရဲ့ Music Library ထဲက Sound နဲ့ Music တွေကိုလည်းသုံးနိုင်ပါသေးတယယ်။ ဒီ App ကိုအသုံးပြုနိုင်မယ့် Android Device က အနည်းဆုံး Android Version 2.3 ဖြစ်ဖို့လိုပါတယ်။
Puzzle Alarm Clock
ဒီ App ကနာမည်ကို ကြည့်ရုံနဲ့တင် ဘယ်လို Alarm App လဲဆိုတာကို တွေးမိနေလောက်ပါတယ်။ ဒီ Alarm App က Alarm App တွေထဲမှာမှ Serious ဖြစ်တဲ့ထဲမှာ ပါဝင်ပါတယ်။ အအိပ်
အရမ်းမက်တဲ့ သူတွေအတွက် အိပ်မက်ဆိုး Alarm App တစ်ခုလို့ပြောနိုင်ပါသေးတယ် ဘာကြောင့်လဲဆိုရင်တော့ ဒီ Alarm ကိုပိတ်ဖို့ အတွက် Difficult Level ၃ မျိုးနဲ့ သတ်မှတ်ထားနိုင်ပါတယ်။ Mathematical equations, Memorize images, Captcha, Repetition patterns အစရှိတဲ့ Puzzle အမျိုးအစားတွေကို ကျော်ဖြတ်နိုင်မှသာ ပေးထားတဲ့ Alarm ကိုပိတ်နိုင်မှာဖြစ်ပါတယ်။ နှိုးရအရမ်းခက်တဲ့ သူတွေအတွက် ဒီ Alarm ကအသုံးဝင်တဲ့ Alarm ဖြစ်သလို တော်တော်လည်း စိတ်ညစ်စရာကောင်းမယ့် App လည်းဖြစ်နိုင်ပါတယ်။
အခုလို ခေတ်မီတိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ Alarm ပေးဖို့ အတွက်တကူးတက Alarm နာရီတွေသွားဝယ်နေစရာ မလိုတော့ပါဘူး။ မိတ်ဆွေသာ Android Device ကိုအသုံးပြုခဲ့မယ်ဆိုရင် ဖော်ပြခဲ့တဲ့ Alarm Clock App တွေက သင့်တော်မယ့် တစ်ခုကိုရွေးချယ်ပြီး အသုံးပြုနိုင်ပါတယ်။