Business အတွက် Twitter Ads တွေအပေါ် Investment လုပ်မယ်လို့ စိတ်ကူးရှိပါသလား? နောက်ပိုင်းမှာ App အတွင်းပြောင်းလဲမှု အများအပြားရှိလာတဲ့အတွက် Brand တွေကသူတို့ရဲ့ Ad Spend Rate တွေကို Twitter Ads ဘက်ကိုပြန်လည် ကူးပြောင်းလာကြတာကိုလည်း တွေ့ရပါတယ်။ 

 

ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီးတော့ Basic Learning လုပ်ဖို့ လိုအပ်ရင်တော့ ဒီအကြောင်းအရာကို လေ့လာကြည့်ဖို့ အကြံပြုပါတယ်…

 

  • Twitter Ads Account တစ်ခုပြုလုပ်ရပါမယ်။ Twitter Ads Manager ကတော့ Twitter Ads Campaign တွေရဲ့  Plan, Manage နဲ့ Report ကိုအဓိက ကိုင်တွယ်ထိန်းချုပ်သွားနိုင်မယ့် နေရာပဲ ဖြစ်ပါတယ်။

 

  • ကိုယ်လုပ်မယ့် Ads ရဲ့ Objective ကိုသိအောင်လုပ်ပါ။ Campaign Objectives (၈) မျိုးထဲမှာရှိတဲ့ ကိုယ့်ရဲ့ Campaign နဲ့ကိုက်ညီ Objective ကိုရွေးချယ်ပါ။

 

  • Campaign Detail ကိုသေချာသတ်မှတ်ပါ။ Campaign Pacing ကို Default ထားနိုင်သလို လုပ်ငန်းလိုအပ်ချက်အပေါ်မူတည်ပြီးလည်း Adjust လုပ်ထားနိုင်ပါတယ်။

 

  • Ad Group နဲ့ Bid Type ရွေးချယ်ပါ။ Twitter Ads Campaign ထဲမှာ Multiple-Sub Campaign Run နိုင်သလို Ad Group ဆိုပြီးလည်း Run နိုင်ပါတယ်။ ပြီးရင်တော့ Automatic Bid နဲ့ Maximum Bid ဆိုတဲ့ Bid Type တစ်ခုကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။ 

 

  • Targeting Drill Down လုပ်ပါ။ Twitter က Powerful ဖြစ်တဲ့ Targeting Capabilities တွေ Provide ပေးထားတဲ့အတွက် Business အတွက်ထိရောက်မှုရှိတဲ့ Target Audience တွေကို သေချာ Drill Down လုပ်ပေးဖို့ လိုအပ်ပါတယ်။

 

ဒီဖော်ပြပေးခဲ့တဲ့ အကြောင်းအရာတွေကတော့  Twitter Ads တွေနဲ့ပတ်သတ်ပြီး သိထားသင့်တဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ 

Leave a Reply

social sharing buttons