Social Media မှာသင့်ရဲ့ လုပ်ငန်းအတွက် Content တင်ဖို့ Facebook သို့ Instagram Reels တွေ ဖန်တီးဖို့ ရှာဖွေနေပါသလား? ဒီအချက်ကို မဖော်ပြခင် ဘာကြောင့် Reels တွေက Entertainment သက်သက်မဟုတ်ပဲ Business တွေကပါ သူတို့ရဲ့ အကျိုးအမြတ်တွေ၊ ကြော်ငြာတွေအတွက်ပါ ထည့်သွင်း အသုံးပြုလာကြလဲဆိုတဲ့ Facts အချို့ကိုလည်း ဖော်ပြပေးပါမယ်။

 

Meta ရဲ့ App နဲ့ Service တွေကို လစဥ် အသုံးပြုနေကြတဲ့ လူအရေအတွက်ဟာဆိုရင်လည်း 3.8 Billion ရှိပါတယ်။ Reels တွေ Launch လုပ်ပြီးနောက်ပိုင်းမှာ Instagram အသုံးပြုနှုန်းကလည်း 24% အထိကိုမြင့်တက်လာပါတယ်( ဒီအချက်ကလည်း Visual အသားပေး Product တွေ Service တွေက Instagram ကို Business အတွက် ထည့်သွင်း စဥ်းစားလာနိုင်တာ ဖြစ်ပါတယ်)။ Reels တွေကိုနေ့စဥ် Re-shared ပြုလုပ်နှုန်းဟာလည်း ပြီးခဲ့တဲ့ ၆ လအတွင်းမှာ 2 Billion အထိရှိခဲ့ပါတယ်။ ဒီအချက်တွေကို ပြန်လည်သုံးသပ်ခြင်းဖြင့် Reels တွေက Entertainment သက်သက်မဟုတ်ပဲ Business တွေကပါ သူတို့ရဲ့ အကျိုးအမြတ်တွေ၊ ကြော်ငြာတွေအတွက်ပါ ထည့်သွင်း အသုံးပြုလာကြလဲဆိုတာပဲ ဖြစ်ပါတယ်။ 

 

ဒါကြောင့် ယခုဖော်ပြမှာကတော့ Standout Reels Content တွေအတွက် Meta ကအကြံပြုပေးထားတဲ့ Guide တွေပဲ ဖြစ်ပါတယ်…

 

  1. Reels တွေက Fullscreen, Immersive Video Formant ဖြစ်တဲ့အတွက် Ratio ကိုက်ညီဖို့ လိုပါတယ်။ Reels တွေဖန်တီးရာမှာ ပြီးပြည့်စုံတဲ့ Ratio ကတော့ 9:16 ပဲဖြစ်ပါတယ်။

 

  1. Reels တွေ Create လုပ်တဲ့အခါမှာ Safe Zone ကိုသေချာသိဖို့ လိုအပ်ပါတယ်။ Ratio အတွင်းထဲက Safe Zone မှာကိုယ် ထင်ထင်ရှားရှား ဖော်ပြချင်တဲ့ Message ကိုထားပါ။ ဒီအချက်က ကိုယ် Promote လုပ်ချင်တဲ့ အကြောင်းအရာတွေ ပါဝင်ခဲ့မယ်ဆိုရင် ပိုပြီး သတိထားရမှာ ဖြစ်ပါတယ်။ 

 

  1. Video ကိုပိုပြီး Entertain ဖြစ်စေဖို့အတွက် Sound တွေအသုံးပြုပါတယ်။ Reels ရဲ့ Entertainment နဲ့ Key Engagement Drive ရစေဖို့အတွက်ဆိုရင် Music, Voiceover နဲ့ Sound Effect တွေက လိုကို လိုအပ်ပါတယ်။ 

 

ဒီဖော်ပြပေးခဲ့တဲ့ Guide တွေကတော့ Standout Reels Content တွေဖန်တီးရာမှာ ရှိထားသင့်တဲ့ Meta  က အကြံပြုထားတဲ့ Standard Guide တွေပဲ ဖြစ်ပါတယ်။ သင်တို့လဲ Reels တွေ ဖန်တီးတဲ့ အခါမှာ ဒီအချက်တွေကို သတိထားပြီး လုပ်ဆောင်မယ်ဆိုရင် အရင်ကထက်ပိုတဲ့ Result မျိုးတွေ ရရှိလာနိုင်မှာပဲ ဖြစ်ပါတယ်။

Leave a Reply

social sharing buttons