Facebook ပေါ်မှာ Product, Service, Branding အစရှိတာတွေကို ပိုမိုကောင်းမွန်တဲ့ရလဒ်တွေ ရလာဖို့အတွက်ဆို Facebook ကိုအခကြေငွေပေးပြီး ကြော်ငြာလို့ရပါတယ်။ ကြော်ငြာတဲ့အခါမှာမှ အမျိုးအစားလိုက်ရွေးချယ်ပြီး ကြော်ငြာနိုင်ပါတယ်။ ဘလို Facebook Ad အမျိုးအစားတွေရှိလဲဆိုတာကို အောက်တွင်ဖော်ပြပေးလိုက်ပါတယ်…
Growth Ads… ဒီ Ads အမျိုးအစားကတော့ မိတ်ဆွေတို့ရဲ့ Page ကိုမျှော်လင့်ထားသလို ဖြစ်လာစေနိုင်မယ့် Ads မျိုးဖြစ်ပါတယ်။ Page Like တွေ Follower တွေတိုးလာစေဖို့ဆိုရင် ဒီ Ads အမျိုးအစားကို သုံးနိုင်ပါတယ်
Traffic Ads… ဒီ Ads အမျိုးအစားကတော့ သင့်လုပ်ငန်းရဲ့ Website ဆီကို Social Media ကနေတဆင့် Traffic တွေတိုးလာစေနိုင်တဲ့ Ads အမျိုးအစားဖြစ်ပါတယ်
Promo Posts… ဒါကတော့ Pre-existing Post တွေကို ပိုကျယ်ပြန့်တဲ့ Audience တွေဆီကို ရောက်ရှိစေနိုင်တဲ့ Post အမျိုးအစား ဖြစ်ပါတယ်။
App Installs…ဒါကတော့ ကိုယ့်ရဲ့ App တွေကို Audience တွေ Install လုပ်စေချင်တဲ့အခါမျိုးတွေမှာ အသုံးပြုကြပါတယ်။ ဒီ Link တွေဆီကနေ Google Play Store နဲ့ App Store တွေဆီကို တိုက်ရိုက်ပို့ဆောင်ပေးပါတယ။
Retargeting Ads…Search Engine တွေဆီကမှာ ရှာဖွေခဲ့ဖူးတဲ့ အရာတွေကို သင့်ရဲ့ Facebook Feed မှာပြန်လာပေါ်နေစေတဲ့ Ads အမျိုးအစားပဲ ဖြစ်ပါတယ်။
ယခုဖော်ပြပေးခဲ့တဲ့ Ads တွေကတော့ Facebook မှာပါဝင်တဲ့ Ads အမျိုးအစားတွေပဲ ဖြစ်ပါတယ်။