ဒီတစ်ခါမှာတော့ မိတ်ဆွေတို့ရဲ့ Digital Marketing လုပ်ငန်းစဥ်တွေမှာ ပါဝင်အထောက်အကူပြုနေတဲ့ Content Creation ပိုင်းအတွက် အသုံးပြုရတာပိုပြီး အဆင်ပြေစေမယ့် အကြောင်းအရာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒါကတော့ နည်းပညာ ခေတ်မှီတိုးတက်လာတဲ့ AI Content Generator Tool တွေကို Sharing လုပ်ပေးသွားမှာပဲ ဖြစ်ပါတယ်…

 

Jasper 

ဒီ Tool ကတော့ Short Form Writing နဲ့ Long Form Writing Template ၅၂ မျိုးပါဝင်တဲ့ AI Content Generator Tool တစ်ခု ဖြစ်ပါတယ်။ ဒီ Tool ကိုသုံးပြီး ဖန်တီးနိုင်တဲ့ Creation အချို့ကိုလည်း ဖော်ပြချင်ပါတယ်။ ဒါကတော့ Instagram Photo Caption, Blog Post, Video Script, Personal Bio နဲ့ Campaign Assets တွေပဲ ဖြစ်ပါတယ်။ 

 

Copysmith

ဒီ Tool ကတော့ Brand နဲ့ Business တွေမှာရှိရမယ့် Content Goals တွေအတွက် အထောက်အကူပြုတဲ့ AI Content Generator တစ်ခု ဖြစ်ပါတယ်။ ဒီ Tool ထဲမှာတော့ Facebook Ad Copy အပြင် Template ပေါင်း ၃၀ ကျော်ပါဝင်ပါတယ်။ Chrome Browser အသုံးပြုတဲ့သူတွေဆိုရင် ဒီ Copysmith ကို Browser Extension အဖြစ်နဲ့ပါ အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။ 

 

Writesonic

ဒီ Tool ကတော့ AI Copywriting Tool တစ်ခုဖြစ်ပါတယ်။ Business အတွက် Leads, Traffic နဲ့ Reader Engagement အတွက် အဓိက ရည်ရွယ်ထားတဲ့ Tool ဖြစ်ပါတယ်။ ဒီ Tool နဲ့ Landing Page, Sales Email, Product Description တွေအတွက်လဲ ကောင်းကောင်း Content Create လုပ်နိုင်ပါသေးတယ်။ 

 

ChatGPT

ဒီ Tool ကတော့ December 2022 မှာပြန်ပြီး Storm Back လုပ်နိုင်ခဲ့တဲ့ Tool တစ်ခုဖြစ်ပါတယ်။ ဒီ AI Tool ရဲ့ Interface ကတော့ Easy to use ဖြစ်တဲ့အတွက် User အသစ်တွေအတွက်တောင် တော်တော်လေး သုံးရတာ အဆင်ပြေတဲ့ Tool တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီ ChatGPT ကိုသုံးပြီး Text နဲ့ Code တွေကို Generate လုပ်နိုင်ပါတယ်။ နောက်ပြီး ChatGPT မှာက ကိုယ်သိချင်တဲ့ မေးခွန်းတွေကို လည်းမေးနိုင်ပါသေးတယ်။ 

 

ယခုဖော်ပြပေးခဲ့တဲ့ Tool တွေကတော့ အသုံးပြုရတာ အဆင်ပြေစေတဲ့ AI Content Generator Tool တွေပဲ ဖြစ်ပါတယ်။ Tool Name တွေကိုနှိပ်ပြီးလဲ စမ်းသပ် အသုံးပြုကြည့်နိုင်ပါတယ်။

 

Leave a Reply

social sharing buttons