Tech Giant တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ Apple ဟာ Update တွေကိုအချိန်အတိုင်းအတာ တစ်ခုမှာ ထုတ်ပေးနေစမြဲဆိုတာ Apple User တိုင်းသိထားမယ် ထင်ပါတယ်။ ဒီတစ်ခေါက် Update ကတော့ အရင်တုန်းကထက်ပိုပြီး ထူးခြားတာကိုတွေလာရပါတယ်။ ဒါကြောင့်ဘယ်လိုအရာတွေက အရင်ကနဲ့မတူပဲ ဘာတွေကွဲပြားခြားနားသွားတာလဲဆိုတာကို အကြမ်းဖျင်း ဖော်ပြပေးသွားပါမယ်…

 

iOS Update မှာတော့ iOS 14 ထွက်ရှိလာပြီး ဒီ Update မှာ User တွေသုံးရတာပိုပြီး လွယ်ကူလာစေပါတယ်။ Widget တွေကိုလည်း ပြန်ပြီး Redesign လုပ်ထားတာကိုလည်း တွေ့ရပါတယ်။ Task တွေကိုအရင်ကထက်ပိုပြီး လွယ်လွယ်ကူကူ လုပ်ကိုင်လာနိုင်ပါတယ်။ App Library ဆိုတဲ့ Feature အသစ်က App တွေကို Auto Organize လုပ်ပေးမှာဖြစ်တဲ့အတွက် App တွေကိုရှာတဲ့အခါမှာလည်း ပိုပြီး မြန်ဆန်လာစေမှာပါ။ 

iPadOS မှာဆိုရင်လည်း အရင်ကထက်ပိုမိုက်တဲ့ စွမ်းဆောင်ရည်တွေကိုလည်း Unlock လုပ်ပေးလာတဲ့ iPadOS 14 ကိုတွေ့ရပါတယ်။ Single View မှာ App Function အများကြီးကို လက်ခံပြီးလုပ်ကိုင်အရာကလည်း အရင်ကထက်ပိုပြီးကောင်းမွန်လာတာကိုတွေရပါတယ်။ Handwriting ပိုင်းကလည်းပိုပြီးကောင်းမွန်လာတာကို Notes အသုံးပြုတဲ့အချိန်မှာ သိရပါလိမ့်မယ်။

 

macOS Big Sur ကတော့ လှပသပ်ရပ်တဲ့ Design အသစ်နဲ့ တွေ့ရမှာဖြစ်ပါတယ်။ နောက်ထပ်တစ်ချက်က Safari Update ပဲ ဖြစ်ပါတယ်။ Safari Update မှာ Private Browsing Experience ကပိုပြီး အသုံးပြုရ ကောင်းမွန်လာပြီး Messages နဲ့ Map တို့ရဲ့အသုံးပြုရတဲ့ Experience ကလည်းပိုပြီး Smart ဖြစ်လာပါတယ်။ 

 

watchOS Update ကတော့ watchOS 7 ပဲဖြစ်ပါတယ်။ ကိုယ့်စိတ်တိုင်းကျ Custom Watch Face ပြုလုပ်နိုင်မှာဖြစ်ပြီး Website နဲ့ Social Media တွေပေါ်မှာ Face Sharing လုပ်ထားနိုင်ပါပြီ။ ဒီအချက်မှာက matchOS 7 ရဲ့ပိုပြီးကောင်းမွန်လာတာကတော့ Customizable ပိုင်းမှာပိုပြီး အားကောင်းလာတာကိုတွေ့ရပါတယ်။ နောက်ထပ်အရာတွေကတော့ ကျန်းမာရေး၊ အားကစားနဲ့ Other Device တွေကို Control လုပ်တဲ့အပိုင်းတွေမှာ ပိုပြီး ကောင်းမွန်လာတာကိုတွေ့ရပါတယ်။

 

အခုဖော်ပြပေးခဲ့တာကတော့ iOS Update အသစ်နဲ့ပတ်သတ်တဲ့ အကြမ်းဖျင်းအကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ဒီ iOS Update အသစ်နဲ့ပတ်သတ်ပြီး မိတ်ဆွေတို့ကြိုက်နှစ်သက်တဲ့အရာတွေရှိရင်လည်း ပြန်လည်းဝေမျှခဲ့နိုင်ပါတယ်။

Leave a Reply

social sharing buttons