သင်ဟာတကယ်လို့ Social Media Marketing ကိုအသုံးချပြီး သင့်ရဲ့ Business ဒါမှမဟုတ် Service ကိုဈေးကွက်ချဲ့ထွင်ဖို့ကြိုးစားနေတဲ့သူဆိုရင်တော့ အခုဖော်ပြမဲ့အချက်တွေကို သတိထား လိုက်နာ သင့်ပါတယ်။
သင့်ရဲ့ Social Media page တွေနဲ့ Website မှာတင်ထားတဲ့ သတင်းအချက်အလက်တွေဟာ တိကျမှန်ကန်နေဖို့လိုပါတယ်။သင့်ရဲ့လုပ်ငန်းနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေ ဥပမာ အလုပ်ချိန်၊တည်နေရာ၊ဝန်ဆောင်မှု၊Menu၊ဆက်သွယ်လို့ရမဲ့အချက်အလက်တွေကို တိတိကျကျဖော်ပြထားဖို့လိုပါတယ်။ဒါ့အပြင် သင့်လုပ်ငန်းရဲ့ အမြဲသုံး Logo ကို Profile ထားခြင်းဟာလည်းAudience တွေအနေနဲ့ သင့်ရဲ့လုပ်ငန်းကိုရှာဖွေရာမှာလွယ်ကူစေပါတယ်။
သင့်ရဲ့ Social Media post တွေနဲ့ Website မှာအသုံးပြုတဲ့ Photo တွေကို အရည်အသွေးမြင့်ဖို့လိုပါတယ်။သင့်ရဲ့ Audience တွေဟာ သင့်ရဲ့ Page ဒါမှမဟုတ် Website ကိုဝင်ရောက်တဲ့အခါ အများကြီးမျော်လင့်ထားတတ်ကျပါတယ်။ Audience တွဟာသူတို့အားပေးတဲ့ လုပ်ငန်းဘယ်လိုလည်ပတ်နေလဲ ဘယ်လိုလုပ်ဆောင်နေလဲဆိုတာတွေသိလိုကျပါတယ်။ဒါကြောင့် သင့်လုပ်ငန်းရဲ့ Activity တွေကိုတင်တဲ့အခါမှာလည်း Smartphone နဲ့ရိုက်ထားတဲ့ပုံဖြစ်နေပါစေ ပုံရဲ့အလင်းအမှောင် နဲ့ ရှုထောင့်တွေကိုသေချာချိန်ညှိုပြီး တင်သင့်ပါတယ်။ဝါးနေတဲ့ မရှင်းမလင်းရိုက်ထားတဲ့ ပုံမျိုးတွေတင်တာမျိူးရှောင်ရှားသင့်ပါတယ်။
ဆွဲဆောင်မှုရှိတဲ့ Content တွေရေးသားပြီး Audience တွေနဲ့စစ်မှန်တဲ့ရင်းနှီးမှုကိုရယူပါ။Follower တွေကို Engage , Entertain , Inform ဆိုတဲ့ အချက်သုံးချက်နဲ့ကိုက်ညီအောင် Content တွေကိုရေးသားပါ။ Audience တွေဟာသင့်လုပ်ငန်းနဲ့ပက်သက်တဲ့ Sale post တွေ Promotion Post တွေ ကိုပဲအမြဲမြင်ချင်တာမဟုတ်ပါဘူး။အခြား ဗဟုသုတရဖွယ်ရာ Content Image Video စတာတွေကိုလည်းအလျည်းသင့်သလိုတင်ပေးသင့်ပါတယ်။Reader တွေအတွက်အရမ်းဖတ်ရခက်ပြီး ပျင်းရိဖွယ်ရှည်လျားတဲ့ Content တွေထက် ဖတ်လိုက်တာနဲ့ Short & Sweetဖြစ်မဲ့ Content တွေရေးသားဖို့လိုပါတယ်။
သင့်ရဲ့ Audience တွေအားလုံးကိုသင့်ရဲ့ အမာခံ Customer တွေကဲ့သို့သဘောထားပါ။သင်တင်တဲ့ Post တွေမှာပါဝင်တဲ့ အပြောအဆို အသုံးအနှုန်းတွေဟာ သင့်ရဲ့ Customer တွေအပေါ်သက် ရောက်စေပါ တယ်။ ဒါ့အပြင် သင့်ရဲ့ Reply နဲ့ Conversation တွေမှာပြောဆိုတဲ့အသုံးအနှုန်းဟာ သင့်ရဲ့အမြဲတမ်း Customer တွေကိုသုံးနှုန်းနေသလိုမျိုး သတိထားပြောဆိုရပါမယ်။
အခုဖော်ပြထားတဲ့အချက်တွေဟာ အများစုသိကျပေမဲ့ မသိတဲ့သူတွေ အခုမှစပြီး Social Media Marketing ကိုအသုံးချမဲ့သူတွေ အတွက်သတိထားလို့ရစေရန်ဖော်ပြပေးလိုက်ပါတယ်။
နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…
Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…
Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…
Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……
ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…
ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်… …