Categories: Blog

Social Media မှာသတိထားသင့်တဲ့အခြေခံအချက်အချို့

တိုးတက််လာတဲ့ ခေတ်ရေစီးကြောင်းအရ Social Media အသုံးပြုမှုဟာ သိသာထင်ရှားစွာတိုးတက်များပြားလာပါတယ်။ ဒီတော့ Social Media ကိုအသုံးပြုပြီး လုပ်ငန်း လုပ်နေတဲ့ သူတွေအတွက် အကျိုးဖြစ်နိုင်မယ့် အချက်ကလေးအချို့ကိုဖော်ပြပေးပါမယ်။

Product ကိုမှန်ကန်စွာကြော်ငြာပါ

Social Media မှာ Product တစ်ခုဟာအမှန်တကယ်သုံးရတာအဆင်ပြေကောင်းမွန်တယ်ဆိုရင် ပြန့်နှံ့ဖို့အရမ်းလွယ်ကူပါတယ်။ သတိထားရမဲ့အချက်တစ်ချက်ကတော့ သင့် Product ကောင်းတာ၊ ဆိုးတာဆိုတာလည်း ပြန့်နှံ့တာအရမ်းမြန်ပါတယ်။ အထူးသဖြင့် သတင်းဆိုးဟာ သတင်းကောင်းထက်ပြန့်နှံ့မှုပိုမြန်ပါတယ်။

သင့်ရဲ့ Brand ကိုဦးဆောင်ပါ

လူတစ်ဦးနဲ့တစ်ဦး ယုံကြည်မှုရှိရင် ရောင်းဝယ်ကြသလိုပဲဒီ Social Media မှာလည်း ကိုယ့်ရဲ့ Brand ဟာAudience တွေရဲ့ ယုံကြည်မှုရှိနေမှသာ လုပ်ငန်းလုပ်ဆောင်ရန် အဆင်ပြေမှာပါ။ ဒါကြောင့်မို့ သင့်ရဲ့ Brand ကို Social Media ပေါ်မှာ ယုံကြည်မှုရရှိရန်ပြုလုပ်ထားသင့်ပါတယ်။ Audience ဟာ ဒီ Brand ကောင်းတယ်ဆိုရင် သင့်ရဲ့ လုပ်ငန်းကိုစုံစမ်းကျပါလိမ့်မယ်၊ ဒါကြောင့်မို့ သင့်ရဲ့ လုပ်ငန်း (Brand) ဟာAudience အတွက်ယုံကြည်စိတ်ချမှုရှိစေဖို့အတွက် ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။

Audience ကိုသင့်ရဲ့ Website ဆီကိုပို့ပေးပါ

Social Media မှာလုပ်ငန်းတစ်ခုလုပ်တော့မယ်ဆိုရင် အနည်းဆုံး Website တစ်ခုတော့ရှိထားသင့်ပါတယ်။ Website ရှိထားတယ်ဆိုရင် သင့်ရဲ့ Audience ကို Social Media ကနေတစ်ဆင့် သင့်ရဲ့ လုပ်ငန်းတွေအသေးစိတ်စနစ်တကျပြုလုပ်ထားတဲ့ Website ဆီကို ချိတ်ဆက်ပို့ဆောင်ပေးခြင်းဖြင့် သင့်ရဲ့ လုပ်ငန်းကိုတိုးတက်အောင် ဆောင်ရွက်နိုင်ပါတယ်။

အထက်ပါအချက်လေးဟာ Social Media ပေါ်မှာ လုပ်ငန်းလုပ်ဆောင်ခြင်းမှာ သတိထား သင့်တဲ့အခြေခံ အချက်လေးတွေပဲဖြစ်ပါတယ်။

Ref – socialmediatoday

Min Thuta

Share
Published by
Min Thuta

Recent Posts

  • Blog

Social Post တွေတင်တဲ့အခါဘာတွေသိထားသင့်လဲ?

နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…

2 years ago
  • Blog

Australian User 8 Million ရှိသွားတဲ့ Snapchat

Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…

2 years ago
  • Blog

X နဲ့ Threads ကြားက ကွာခြားချက်များ

Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…

2 years ago
  • Blog

LinkedIn Engagement Boost မယ်ဆိုဘာတွေသိထားသင့်လဲ?

Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……

2 years ago
  • Blog

Digital Marketing မှာအရေးပါတဲ့ Visual Content

  ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…

2 years ago
  • Blog

Organization တွေအတွက် အသုံးဝင်စေမယ့် Knowledge Sharing Tools (၂) ခု

ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်…  …

2 years ago