ဓာတ်ပုံ တစ်ပုံရိုက်ပြီး ရုပ်ထွက်ပိုလှအောင်ဆိုရင် Finishing Touch, Object Removal, Crop အစရှိတဲ့ Photo Editing ပိုင်းဆိုင်ရာ Feature တွေလုပ်ပေးဖို့ လိုပါတယ်။ iPhone တွေမှာက Original Camera Feature တွေ Photo Editing လုပ်နိုင်ပါတယ်။ ဒါပေမဲ့ iPhone တွေမှာ ပိုပြီး ပြီးပြည့်စုံတဲ့ ဓာတ်ပုံတစ်ပုံ ဖန်တီးနိုင်ဖို့ လိုအပ်တဲ့ အကောင်းဆုံး Photo Editing App ၅ ခုကို ဝေမျှပေးသွားပါမယ်…
Snapseed
Snapseed ဆိုတဲ့ Photo Editing App ဟာဆိုရင် iOS App Store ရဲ့ အကောင်းဆုံးနဲ့ Top-rate အများဆုံး Photo Editing App တစ်ခုဖြစ်ပါတယ်။ Snapseed မှာဆိုရင် adjust colors, brightness, contrasts အစရှိတဲ့ Photo Editing Tool အများအပြားကို အသုံးပြုနိုင်အောင် ထည့်ပေးထားပါတယ်။ Premium Version ကိုထက်တိုးပြီး အသုံးပြုမယ်ဆိုရင်တော့ Professional Level နီးပါး အသုံးပြုနိုင်ပါတယ်။
Enlight
ဒီ Photo Editing App ကတော့ 2019 iOS App Store မှာ အကောင်းဆုံး Photo Editing App စာရင်းဝင်ခဲ့ပါတယ်။ ဒီ App မှာတော့ ဓာတ်ပုံတစ်ပုံကို စိတ်တိုင်းကျ Color, Tone ချိန်နိုင်တာတွေ၊ ဓာတ်ပုံရဲ့ အသေးစိတ်ကို သေချာကြည့်ပြီး Edit လုပ်နိုင်တာတွေ အစရှိတဲ့ Photo Editing Tool များစွာပါဝင်ပါတယ်။ ဒီ App မှာပါဝင်တဲ့ အခြား Feature တွေကတော့ ဓာတ်ပုံတစ်ပုံကို ပန်းချီကားတစ်ချပ်လိုပြောင်းပစ်နိုင်တာတွေ၊ Noise တွေကို အကုန်နီးပါး လျှော့ပေးနိုင်တဲ့ Feature တွေလည်းပါဝင်ပါတယ်။ မိတ်ဆွေ Tool တွေသုံးနိုင်စွမ်း ပေါ်မူတည်ပြီး အကောင်းဆုံး ဓာတ်ပုံတွေကို ဖန်တီးနိုင်ပါသေးတယ်။
Adobe Photoshop Express
Photo Editing ပိုင်းနဲ့ ရင်းနီးပြီးသားဆိုရင် Photo Editing လောကမှာ ဆရာတဆူဖြစ်တဲ့ Adobe Photoshop ကို သိကြမှာပါ။ ဒီ Adobe Photoshop Express ဟာဆိုရင်လည်း Adobe Photoshop မှာပါဝင်တဲ့ Feature တွေနဲ့ အလားသဏ္ဍာန်တူ Feature တော်တော်များများပါဝင်တဲ့ iOS Photo Editing App တစ်ခုပဲ ဖြစ်ပါတယ်။ ဒီ App ထဲမှာပါဝင်တဲ့ Tool တွေက Photo Retouching, Defog, Blemish Removal, Reduce Noise အစရှိတာတွေကို ကောင်းကောင်း Edit လုပ်ပေးနိုင်တဲ့ အတွက် Photo Editing လုပ်ရာနှစ်သက်သူ၊ လေ့လာနေသူဆိုရင် iPhone တစ်ခုရှိရင် ကောင်းကောင်း စမ်းသပ်လေ့ကျင့်နိုင်တဲ့ App တစ်ခုပဲ ဖြစ်ပါတယ်။
Polarr
ဒီ App ဟာဆိုရင်လည်း iOS App Store မှာ နေရာတစ်ခု ရထားတဲ့ Photo Editing App တစ်ခုဖြစ်ပါတယ်။ ဒီ App ကတော့ ဓာတ်ပုံတစ်ပုံကို ကောင်းကောင်း Edit လုပ်နိုင်သလို ဓာတ်ပုံကနေ အခြား ပန်းချီကား ပုံစံတစ်ခု ဖြစ်အောင် ပြောင်းနိုင်တဲ့ Tool တွေပါဝင်ပါတယ်။ ဒီ App ရဲ့ လူကြိုက်များရတဲ့ အချက်ကတော့ များပြားလာတဲ့ Photo Editing Tool တွေနဲ့ Filter တွေပါဝင်တာ ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီ App ကလည်း Photo Editing ဝါသနာပါသူတွေ စမ်းသုံးကြည့်သင့်တဲ့ iPhone App တစ်ခုဖြစ်ပါတယ်။
Ultralight
ဒီ App ကတော့ ဓာတ်ပုံတွေကို အကောင်းဆုံး Edit လုပ်နိုင်ရုံ သာမက ဗွီဒီယိုတွေကိုပါ Edit လုပ်နိုင်တဲ့ iOS App Store မှာ လူသိများတဲ့ App တစ်ခုဖြစ်ပါတယ်။ ဒီ App ထဲမှာ ဓာတ်ပုံနဲ့ ဗီဒီယို တွေကို စိတ်တိုင်းကျ Edit လုပ်နိုင်မယ့် Option မြောက်များစွာပါဝင်ပါသေးတယ်။ ဒီ App ရဲ့ အားသာချက်တစ်ခုအနေနဲ့ ပြောရမယ်ဆိုရင် ဓာတ်ပုံတွေရဲ့ Situation နဲ့ Temperature ကိုကောင်းကောင်း Adjust လုပ်နိုင်တဲ့ အချက်ပဲ ဖြစ်ပါတယ်။
သင်ဟာ iPhone အသုံးပြုနေသူဖြစ်ပြီး အပျော်တမ်း Photo Editing လုပ်ကြည့်ချင်တာတွေ၊ လေ့ကျင့်ကြည့်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးခဲ့တဲ့ Photo Editing App အထောက်အကူ ပြုပေးနိုင်ပါတယ်။
နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…
Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…
Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…
Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……
ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…
ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်… …