ဂိမ်းကစားမယ်ဆိုတဲ့သူတွေအတွက် Android ဖုန်းတွေမှာ ကစားနိုင်မယ့် Classic ဆန်ဆန် RPG Game ကောင်းတချို့ကို မိတ်ဆက်ပေးသွားချင်ပါတယ်။ ကဲဘယ်လို ဂိမ်းကောင်းတွေလဲ ဆိုရင်တော့…
The Bard’s Tale
ဒီ Game ကတော့ ၁၉၈၀ ခုနှစ် အလယ်ပိုင်းခေတ်က အပြင်အဆင်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ RPG Game တစ်ခုဖြစ်ပါတယ်။ Game ရဲ့ Storyline ကတော့ သင့် Character နဲ့ Journey တစ်ခုကို သွားရမှာ ဖြစ်ပြီးတော့ လမ်းခရီးမှာ သင့်ရဲ့ Character ကိုပြန်ပြီး ပြုပြင်တာတွေ၊ Upgrade လုပ်တာတွေကို လုပ်ဆောင်သွားရမှာပဲ ဖြစ်ပါတယ်။ သင်ရင်ဆိုင်ရမယ့် Enemy တွေကလည်း Type မျိုးစုံနဲ့ ပါဝင်မှာဆိုတော့ စိတ်လှုပ်ရှားမှုများစွာနဲ့ ကစားနိုင့်မယ့် Game တစ်ခုလည်း ဖြစ်ပါတယ်။
Exiled Kingdoms
ဒီ Game ကတော့ ရှေးခေတ်တိုက်ခိုက်ရေးသမား ဂိမ်းပုံစံဖြစ်ပါတယ်။ ထူးခြားဆန်းကြယ်မှု တွေပြည့်နှက်နေတဲ့ Storyline နဲ့ဆော့ရတဲ့ Adventure ဂိမ်းတစ်မျိုးလို့လည်း ပြောနိုင်ပါတယ်။ Ingame မှာတော့ သင့်ရဲ့ Character ကိုလိုအပ်တဲ့ Equipment တွေကို ဆင်ပေးပြီး တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ နောက်ပိုင်း Upgrade လုပ်ပြီး General တွေကိုပါ ကိုယ့်ဘေးမှာ Guard လုပ်လာအောင် လုပ်လို့ရပါတယ်။ ဒီ RPG Game ကတော့ သင့်ရဲ့ ပိတ်ရက်တွေမှာ အဖော်ကောင်းကောင်းလုပ်ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်။
Evoland
Evoland ကတော့ ပျော်စရာကောင်းတဲ့ RPG Game အမျိုးအစားဖြစ်ပါတယ်။ ဒီ Game ထဲမှာတော့ ဖျော်ဖြေရေးနဲ့ပတ်သတ်တာတွေကို အမြောက်အများတွေ့နိုင်မှာ ဖြစ်ပါတယ်။ Base Battle ပုံစံနဲ့ ကစားရမှာ ဖြစ်ပြီး Character တွေနဲ့ အပြင်အဆင်တွေကို 2D နဲ့ 3D ပုံစံတွေရောစပ်ပြီး ဖွဲ့စည်းတည်ဆောက်ထားတာ ဖြစ်ပါတယ်။ Battle တစ်ခန်းအောင်တာနဲ့ နောက်ထပ် Battle အသစ်တွေကို ထပ်မံကစားနိုင်မှာ ဖြစ်တဲ့အတွက် နိုင်အောင်ဆော့ဖို့ကတော့ မိတ်ဆွေတို့ တာဝန်ပဲ ဖြစ်ပါတယ်။
Fire Emblem Heroes
ဒီ Game ကတော့ Strategy RPG Game ပုံစံတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီ Game ကို ကစားမယ်ဆိုရင် သင်က Hero တွေကို စုဆောင်းရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ Storyline ကိုဆက်ပြီး ကစားရမှာပဲ ဖြစ်ပါတယ်။ Hero တွေရဲ့ Design တွေက လှလှပပနဲ့ ကြည့်ရတာကောင်းတဲ့ ပုံစံမျိုးတွေ ဖွဲ့စည်းတည်ဆောက်ထားတာကို တွေ့ရပါတယ်။ တိုက်ခိုက်ပုံကတော့ Heroes တွေကို Summon ပြီး တိုက်ခိုက်ရမှာပဲ ဖြစ်ပါတယ်။ ဒီ Strategy RPG Game ကသင့်အတွက် ကစားရတာ စိတ်ကျေနပ်စေမယ့် Game တစ်ခုလို့ မျှော်လင့်မိပါတယ်။
ဒီ Game တွေကတော့ Android ဖုန်းတွေမှာ ကစားနိုင်ပြီး ပိတ်ရက်တွေကို အိမ်မှာပဲနေပြီး ဖုန်း Game ပေါ့ပေါ့ပါးပါးဆော့မယ်လို့ စိတ်ကူးထားရင် ဒီ Game တွေကို စမ်းသပ်ပြီး ဆော့ကြည့်ဖို့ အကြံပြုပါတယ်။
နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…
Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…
Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…
Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……
ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…
ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်… …