Categories: Blog

History မကျန်စေတဲ့ Browser Incognito Mode

Desktop/ Laptop Computer တွေမှာ Web Page တွေကို Browsing လုပ်တဲ့အခါ ကိုယ်အသုံးပြုခဲ့တဲ့ Website Page တွေရဲ့ History ကိုဘယ်နေ့ ၊ ဘယ်ရက်၊ ဘယ်အချိန်မှာ၊ ဘယ် Website တွေကို ဘာ Password တွေရိုက်ထည့်ပြီးသုံးခဲ့တယ်ဆိုတာကို Browser တွေက မှတ်သားထားလေ့ရှိပါတယ်။

ကိုယ့်ကွန်ပျူတာကိုသီးသန့် သုံးတဲ့သူတွေအတွက် ပြဿနာတစ်ခုမဟုတ်ပေမဲ့၊ ကွန်ပျူတာကို shared သုံးရတဲ့ အခြေအနေမျိုးတွေမှာ သတိမထားမိဘဲ ကိုယ့်ရဲ့ Privacy အတွက်စိုးရိမ်ရမယ့် အခြေအနေမျိုးတွေ ကြုံတွေ့ လာရတတ်ပါတယ်။

သတိမချပ်တဲ့ မိတ်ဆွေတွေအတွက်ရော၊ သတိမေ့လျော့တတ်တဲ့ သူငယ်ချင်းတွေအတွက်ပါ Internet အသုံးပြုပြီးရင် Browser History ကိုရှင်းပစ်ပါ၊ Cookies တွေ၊ Saved Passwords တွေကို Delete လုပ်ဖို့ သတိရကြပါလို့ အကြံပြုပါရစေ။

အလွယ်ကူဆုံးနဲ့ Privacy အတွက်စိတ်ပူစရာမလိုအောင် Browsing History မကျန်စေတဲ့ Google ရဲ့ Chrome ရဲ့ Incognito Mode အသုံးပြုပုံကို မသိသေးတဲ့သူတွေအတွက် မျှဝေပေးလိုက်ပါတယ်။ Chrome Browser ကို ဖွင့်ပါ၊ Shortcut အနေနဲ့ Ctrl+Shift+N (Windows, Linux, and Chrome OS) and ⌘-Shift-N (Mac) ကို နှိပ်ရင် Browser အသစ်တစ်ခုပွင့်လာပြီး ဘယ်ဘက်အပေါ်ထောင့်နားမှာ Spy မျက်နှာနဲ့ icon တစ်ခုတွေ့ ပါလိမ့်မယ်။

Incognito Browser ပါ၊ စိတ်ချလက်ချနဲ့ သုံးပါ။ ကိုယ်သုံးချင်တဲ့ အကြောင်းအရာတွေကို အသုံးပြုပြီးပေမဲ့ Browser ကို ပိတ်လိုက်တဲ့ အခါမှာ History, Password, Cookies တွေကို ဘာတစ်ခုမှ မှတ်မထားပါဘူး။

ယနေ့Generation မှာ Google Chrome ရဲ့ အရေးပါမှုက Internet Explorer, Firefox, Safari တို့ကို နောက်ကျ ကျန်စေခဲ့ပါပြီ။ Internet ခေတ်မှာ လူတိုင်း Privacy ကို တန်ဖိုးထားနိုင်ကြပါစေ။

– SEOMyanmar

seomhkl

Comments are closed.

Share
Published by
seomhkl
Tags: Browsers and Security

Recent Posts

  • Blog

Social Post တွေတင်တဲ့အခါဘာတွေသိထားသင့်လဲ?

နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…

2 years ago
  • Blog

Australian User 8 Million ရှိသွားတဲ့ Snapchat

Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…

2 years ago
  • Blog

X နဲ့ Threads ကြားက ကွာခြားချက်များ

Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…

2 years ago
  • Blog

LinkedIn Engagement Boost မယ်ဆိုဘာတွေသိထားသင့်လဲ?

Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……

2 years ago
  • Blog

Digital Marketing မှာအရေးပါတဲ့ Visual Content

  ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…

2 years ago
  • Blog

Organization တွေအတွက် အသုံးဝင်စေမယ့် Knowledge Sharing Tools (၂) ခု

ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်…  …

2 years ago