Categories: Blog

Chatbot Marketing အတွက်သတိထားရှောင်ရှားသင့်တဲ့ အချက်များ

Digital Sale နဲ့ Marketing နယ်ပယ်တွေမှာ Chatbot အသုံးပြုတွေက ပိုပိုပြီးများပြားလာတာကို တွေ့မြင်လာရပါတယ်။ ကိုယ့်ရဲ့ လုပ်ငန်းမှာ အသုံးပြုတဲ့ Chatbot တွေကို Product Information, FAQ တွေကို Customer လာမေးတဲ့အခါမှာ 24/7 အဆင်သင့် ဖြစ်နေစေဖို့ အတွက် အကောင်းဆုံးမွန်ဆုံး ပြင်ဆင်မှုတွေ ပြုလုပ်ပြီး အသုံးပြုနေကြတာပါ။ ဒီလိုခေတ်နဲ့အညီ ကိုယ့်စီးပွားရေးလုပ်ငန်းကို တိုးတက်လာဖို့ လုပ်ကိုင်ကြတဲ့နေရာမှာ သတိမထားမိတဲ့ အမှားတွေ၊ သိထားသင့်တဲ့ အချက်တွေကိုလည်း သိထားဖို့ လိုအပ်ပါတယ်။ Chatbot Marketing နဲ့တွဲဖက်လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ သတိထားပြီး ရှောင်ရှားသင့်တဲ့ အချက်တွေလည်း ရှိနေပါတယ်။ ဒါကြောင့်မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းအတွက် Chatbot အသုံးပြုတော့မယ်ဆိုရင် ကြိုပြီး သတိထားနိုင်စေမယ့် အချက်တွေကို ဖော်ပြပေးချင်ပါတယ်…

 

စီးပွားရေးလုပ်ငန်း အများစုလွဲမှားနေတတ်တဲ့ အရာကတော့ Chatbot တွေကို ခိုင်မာတိကျတဲ့ Marketing Strategy မလုပ်ပေးထားပဲ အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ Chatbot ဆိုတာ Tool တစ်မျိုးပဲဖြစ်တဲ့အတွက် Chatbot ကိုသုံးပြီး Stranger ကနေ Loyal Customer ဖြစ်လာစေချင်တယ်ဆိုရင် သင့်မှာ Plan ကောင်းကောင်းလိုအပ်ပါတယ်။ ဒီလို Plan ကောင်းကောင်းလုပ်ထားမှသာ Business Goal နဲ့ Chatbot ရဲ့လုပ်ဆောင်ချက်က ကိုက်ညီနေမှာ ဖြစ်ပါတယ်။ ဥပမာ – Drive Traffic, Transaction, Revenue အစရှိတဲ့ Goal တွေကို သတ်မှတ်ထားဖို့ လိုအပ်ပါတယ်။ 

 

နောက်ထပ် သတိထားသင့်တဲ့အချက် တစ်ချက်ကတော့ သင်အသုံးပြုတဲ့ Chatbot က Customer တွေဖက်ကို Product Info, Branding အစရှိတာတွေကို အတင်း Pushing လုပ်တဲ့ အမှုအရာတွေ၊ Spamming လုပ်တာတွေကို သတိထားသင့်ပါတယ်။ ဒီအချက်တွေကို ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် Customer က သင့် Website/Page က Product ကို Chatbot နဲ့ Communicate လုပ်ပြီး ဝယ်သွားခဲ့တာကို Chatbot ကထပ်ပြီး Upcoming Sales နဲ့ Discounts တွေကိုအတင်း လိုက်ပြီး Pushing လိုက်လုပ်နေတာမျိုးတွေကို ဆိုလိုတာပါ။ ဒီအချက်ကို Customer ဘက်ကို စိတ်အနှောက်အယှက်ဖြစ်စေတဲ့ အချက်ဖြစ်တဲ့အတွက် အထူးသတိထားဖို့လိုအပ်ပါတယ်။ 

 

Chatbot Tool တွေမသုံးခင်မှာ ကိုယ့်လုပ်ငန်းနဲ့ ပတ်သတ်တဲ့ Information ကို Customer ရဲ့ Communication နဲ့အဆင်ပြေနေဆိုဖို့ အတွက် (ကွက်တိမဟုတ်ရင်တောင် အနီးစပ်ဆုံး အဖြေ) ကိုအကြိမ်ကြိမ် Testing လုပ်ပေးဖို့ လိုအပ်ပါတယ်။ Chatbot မှာပါဝင်တဲ့ Feature တွေက ကိုယ့်လုပ်ငန်းနဲ့ ကိုက်ညီနေမှသာ တကယ်တမ်း လက်တွေ့ အသုံးပြုတဲ့အခါမှာ Productive ဖြစ်နေမှာပါ။ Testing အားနည်းခဲ့မယ်ဆိုရင်တော့ လက်တွေ့အသုံးပြုတဲ့အခါမှာ အဆင်မပြေမှုတွေ၊ Error တွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ 

 

Chatbot တွေကို Smart ကျအောင် Setup လုပ်ပြီး သင့်လုပ်ငန်းပိုမိုတိုးတက်လာအောင် ဆောင်ရွက်လို့ရပါတယ်။ ဒီလို တိုးတက်လာဖို့အတွက်ဆိုရင် သတိထားသင့်တဲ့ အချက်တွေကို သတိထားပြီး၊ ရှောင်ရှားသင့်တဲ့ အချက်တွေကို ရှောင်ရှားဖို့ လိုအပ်ပါတယ်။ ဒီအချက်တွေကို လေ့လာသုံးသပ်ပြီး မိတ်ဆွေရဲ့ လုပ်ငန်းပိုမိုတိုးတက်လာအောင် ဆောင်ရွက်လိုက်ပါ။

Min Thuta

Share
Published by
Min Thuta

Recent Posts

  • Blog

Social Post တွေတင်တဲ့အခါဘာတွေသိထားသင့်လဲ?

နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…

2 နှစ် ago
  • Blog

Australian User 8 Million ရှိသွားတဲ့ Snapchat

Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…

2 နှစ် ago
  • Blog

X နဲ့ Threads ကြားက ကွာခြားချက်များ

Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…

2 နှစ် ago
  • Blog

LinkedIn Engagement Boost မယ်ဆိုဘာတွေသိထားသင့်လဲ?

Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……

2 နှစ် ago
  • Blog

Digital Marketing မှာအရေးပါတဲ့ Visual Content

  ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…

2 နှစ် ago
  • Blog

Organization တွေအတွက် အသုံးဝင်စေမယ့် Knowledge Sharing Tools (၂) ခု

ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်…  …

2 နှစ် ago