အခုခေတ်မှာ စီးပွားရေးလုပ်ငန်းများနဲ့ကုန်အမှတ်တံဆိပ်အများစုဟာ Chatbotတွေကို စိတ်ဝင်စား ဖွယ်နည်းလမ်းအမျိုးမျိုးနဲ့အသုံးပြုနေကျပါပြီ။ Chatbot တွေမှတစ်ဆင့် အစားအသောက်မှာယူပဲတာပဲ ဖြစ်ဖြစ် ၊လေယာဉ်လက်မှတ်မှယူတာပဲ ဖြစ်ဖြစ် အမျိုးမျိုးသောအကြောင်းအရာတွေအကြံပြုချက်တွေ အတွက်အသုံးပြုလို့ရတဲ့အတွက် Marketing ပိုင်းနဲ့ Customer Support ပိုင်းအတွက်အလွန် အထောက်အကူပြုတဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။

ယခုဖော်ပြချင်တာကတော့ Chatbots တွေကိုလက်ရှိအသုံးပြုနေတဲ့ Brand တွေနဲ့ သူတို့ရဲ့ Chatbots ကိုအသုံးပြုပုံ နည်းလမ်းတွေ ကိုဖော်ပြပေးလိုပါတယ်…

Starbucks

ပထမဆုံးဖော်ပြချင်တာကတော့ Starbucks ပါ။Starbucksဟာဆိုရင် နှစ်သက်ရာ Drinks & Snacks တွေကို Text Message ဒါမှမဟုတ် Voice message မှတစ်ဆင့်အလွယ်တကူရွေးချယ်မှာယူလို့ရအောင် Chatbot ကိုအသုံးပြုထားပါတယ်။ နှစ်သက်ရာရွေးချယ်ပြီးပြီဆို Chatbots ကတစ်ဆင့် ကုန်ကျငွေကိုပါတွက်ချက်ပေးမှာဖြစ်ပါတယိ။Starbuck ရဲ့ Chatbot ကိုတော့ Starbuck application ကနေတစ်ဆင့်အသုံးပြုလို့ရပြီး iPhone, Android နဲ့ Windows အတွက်ပါအသုံးပြုလို့ရမှာဖြစ်ပါတယ်။

Sephora

Sephora ဆိုရင်တော့မိန်းကလေးအများစုသိကျမှာပါ။ Sephora ကို Kik ကနေတစ်ဆင့် Chat မယ်ဆိုရင်တော့ Makeup tutorial အမျိုးအစားပေါင်းစုံကိုကြည့်ရှုလို့ရမှာဖြစ်ပြီး Sephora Store မှာတင်ထားတဲ့ Product တွေရဲ့ Rating နဲ့ Review တွေကိုပါတစ်ခါ တည်းကြည့်ရှုပြီးရွေး ချယ်ဝယ်ယူနိုင်အောင်ပြုလုပ်ထားပါတယ်။

Spotify

Spotify ရဲ့ Facebook messenger မှာဆိုရင်လည်း စတင် Chat ကိုအသုံးပြုတာနဲ့ သင့်အတွက် Playlist recommendation ကိုပေးပို့မှာဖြစ်ပြီး သင့်ရဲ့ခံစားမှုအလိုက်ရွေးချယ်နား ဆင်နိုင်ရန်ပြုလုပ်ပေး ထားပါတယ်။ဒါ့အပြင် သီချင်းရှာဖွေတာ Share လုပ်တာ နားထောင်တာတွေအတွက်လဲ အဆင်ပြေအောင် Chatbot ကိုအသုံးပြုထားပါတယ်။

Mastercard

Mastercard ရဲ့ Facebook messenger chatbot မှာဆိုရင် Customer တွေအတွက် Account နဲ့ပက်သက်တဲ့လုပ်ငန်းကိစ္စအဝဝကိုမေးမြန်းလို့ရပါတယ်။ ဥပမာအနေနှင့် (How much did I spent on restaurants in May?”) စသဖြင့် အသုံးပြုလို့ရပါတယ်။

Pizzahut

Pizzahut ရဲ့ Facebook Messenger နဲ့ Twitter မှာဆိုရင်လည်း စားသုံးသူ Customer တွေအတွက် Pizza ကို Delivery ယူမလား ဒါမှမဟုတ် ကိုယ်တိုင်လာယူမလားစသဖြင့် Chatbot ကိုအသုံးပြုထား ပါတယ်။ အခြား နှစ်သက်ရာ Pizza ရွေးချယ်တာ မေးခွန်းတွေမေးတာစ သဖြင့်လဲအသုံးပြုလို့ရပါသေး တယ်။

ယခုဖော်ပြပေးခဲ့တဲ့ အကြောင်းအရာကတော့ Chatbots တွေကိုလက်ရှိအသုံးပြုနေတဲ့ Brand တွေနဲ့ သူတို့ရဲ့ Chatbots ကိုအသုံးပြုပုံ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

Leave a Reply

social sharing buttons