ကမ္ဘာ့အကြီးဆုံးTech ပြပွဲကြီးဖြစ်တဲ့ Computex 2018 ကို June လ ၅ ရက်နေ့ကနေ June လ ၉ရက်နေ့  အထိတရုတ်နိုင်ငံ တိုင်ပေ မြို့  မှာကျင်းပနေပြီး AMD, Intel, Nvidia, Asus စသည်တို့ ပါ၀င်ပြသခဲ့ပါတယ်။ Computing ကို အဓိကထားပြသမှာဖြစ်တဲ့အတွက်ကြောင့် ဒီကြီးမားလွန်းလှတဲ့ Global Technology ပြပွဲမှာ နောက်ဆုံးပေါ် laptop, PCs, monitors နဲ့ အခြား ဆက်စပ်ပစ္စည်းတွေကိုပါ ပြသခဲ့ပါတယ်။ဒီတော့ Computex 2018 မှာပြသခဲ့တဲ့ ပစ္စည်းအချို့ကို ဖော်ပြပေးပါမယ်…..

MSI GF63

MSI ကတော့ခေတ်ရေစီးကြောင်း အလိုက်သုံးစွဲသူတွေ အကြိုက်ပေါ့ပါး၊ ပါးလွှာတဲ့ MSI GF63 ကိုပြသခဲ့ပါ တယ်။ Design အနေနဲ့ ultra-slim design ဖြစ်ပြီး powerful ဖြစ်တဲ့အစိတ်အပိုင်းတွေနဲ့ ဖန်တီးထားပါ တယ်လို့ ဆိုပါတယ်။ဒါ့အပြင် MSI ဟာ ဒီ Computex 2018 မှာ အတော်အလုပ်များနေပါတယ်။ဘာကြောင့် လဲဆိုတော့ Gaming Laptop, super ultra wide monitors နဲ့ powerful gaming graphic cards စတဲ့ Gaming devices အများအပြားကိုလဲ ပြသခဲ့ပါတယ်။

Asus ZenBook S

Asus ကလဲ နောက်ထပ်အမိုက်စား ultrabook တစ်ခုဖြစ်တဲ့ Asus Zenbook S ကိုပြသခဲ့ပါတယ်။ Asus ကတော့ ultrabook အပိုင်းမှာ ဖမ်းစားနိုင်တဲ့ ပုံပါပဲ၊ ၁၃လက်မ ရှိတဲ့ ဒီ laptop အနေနဲ့လဲ အမိုက်စားဖြစ်ပြီးစျေးနှုန်းလဲ သင့်တော်တယ်လို့ဆိုပါတယ်။

Asus ROG Phone

Asus ကနောက်ထပ် ချပြလိုက်တာကတော့ အမိုက်စား gaming focus smartphone ပဲဖြစ်ပါတယ်။အမိုက်စား AMOLED 6 inch မျက်နာပြင်နဲ့ powerful specification တွေပါ၀င်ပါတယ်။ဖုန်းအများစုမှာက 60 HzDisplay လောက်သာပါပြီး Asus ROG Phone မှာတော့ 90Hz Display ပါ၀င်ပါတယ်။ ဂိမ်းတွေကိုလည်း90 frames-per-second နဲ့ဆော့နိုင်တယ်လို့ဆိုထားတဲ့ အတွက်ကြောင့် mobile gamer တွေအတွက် တော့  တော်တော်အဆင်ပြေမဲ့ ဖုန်းတစ်လုံးဖြစ်မယ်လို့ ထင်ပါတယ်။

Roccat Vulcan 120 AMIO

Roccat ကတော့ အမိုက်စား design နဲ့ gaming keyboard ဖြစ်တဲ့ roccat vulcan 120 AIMO ပြသခဲ့ပါတယ်။ သူရဲ့ design က တော့ တော်တော်လေးကို မိုက်ပါတယ်၊ကဲဒီတော့ ကိုယ်တိုင်ကြည့်နိုင်အောင်လို့roccat vulcan 120 AIMO gaming keyboard ရဲ့ပုံလေးကိုအောက်တွင်ဖော်ပြထားပါတယ်။

Ref –techradar

Leave a Reply

social sharing buttons