သင့်ရဲ့ စီးပွားရေးလုပ်ငန်း က Small Business (သို့မဟုတ်) တစ်နိုင်တစ်ပိုင် လုပ်ငန်းဖြစ်နေတဲ့အခါ သင်က Digital Marketing လုပ်ဖို့ မလိုအပ်ဘူးဟု ထင်ကောင်းထင်နိုင်ပါတယ်။ တချို့က Digital Marketing အကြောင်းမသိသေးလို့ ဘယ်ကစလုပ်ရမှန်းမသိလို့ မလုပ်ကြဘူး။ တချို့က Digital Marketing လုပ်ချင်ပေမယ့် ငွေကုန်ကြေးကျများမယ် သိပ်မထိရောက်လောက်ဘူးထင်ပြီး မလုပ်ရဲတာတွေ့ရပါတယ်။ အဲဒါကြောင့် Digital Marketing ကြောင့် သင့်လုပ်ငန်း သေချာပေါက် တိုးတက်စေမယ့် အချက် (၇) ချက် ကို တင်ဆက်လိုက်ပါတယ်။
၁။ Marketing တွေထဲမှာ အင်အားအကြီးဆုံး Marketing ပုံစံတစ်ခု ဖြစ်တယ်
သင့်ရဲ့လုပ်ငန်းအကြောင်း Customer တွေဆီကိုအမြန်ဆုံးရောက်ဖို့၊ Customer တွေအတွက်လိုအပ်တဲ့ Customer Service တွေအမြန်ဆုံးပေးဖို့၊ သင့်လုပ်ငန်းအရောင်းပမာဏတွေတက်လာဖို့ Digital Marketing က ငွေကြေးကုန်ကျမှုသက်သာစွာနဲ့ အထိရောက်ဆုံးလုပ်ဆောင်ပေးမှာပါ။ Nidhi ဆိုတဲ့ ဖယောင်းတိုင်ရောင်းချတဲ့ Ecommerce ကုမ္ပဏီဆိုရင် Digital Marketing Campaign တွေလုပ်ပြီး ၃ လတာအတွင်းမှာ ရောင်းအား ၇ ဆ အထိ တက်သွားခဲ့ပါတယ်။
၂။ ငွေကုန်ကြေးကျသက်သာပြီး Cost Effective အဖြစ်ဆုံး Marketing ဖြစ်တယ်
Digital Marketing ရဲ့ အဓိက အကျိုးကျေးဇူးကို ပြောပါဆိုရင် Cost Effective ဖြစ်တာကို အရင်ဆုံး ပြောရမှာဖြစ်ပါတယ်။ သိသာထင်ရှားတဲ့ ဥပမာပြရရင် သာမန် Print Media မှာ စာမျက်နှာအလိုက် ကုန်ကျမှုပိုများပေမယ့် Digital မှာ စာလုံးရေကန့်သတ်မှုမရှိပါဘူး။ လုပ်ငန်းကြီးတွေမှာ budget ကပြောစရာမလိုပေမယ့် လုပ်ငန်းသေးတွေမှာကတော့ တစ်ကျပ်ဆိုရင်ဆိုသလောက် ထိရောက်ဖို့လိုပါတယ်။ ကန့်သတ်ထားတဲ့ ငွေကြေးပမာဏအတွင်း သာမန်ရိုးကျ Marketing တွေမှာမလုပ်နိုင်တဲ့ ထိရောက်မှုမျိုးကို Digital Marketing က အထိရောက်ဆုံး လုပ်ဆောင်ပေးမှာပါ။
၃။ Data အတိအကျ တိုင်းတာတွက်ချက်နိုင်တယ်
လူတော်တော်များများက ကိုယ့်လုပ်ငန်း အောင်မြင်တာကို လိုချင်ကြပါတယ်။ ဒါပေမယ့် အောင်မြင်မှုကို ဘယ်လိုသတ်မှတ်မှာလဲ။ လူသိများတာလား ရောင်းအားတက်တာလား စသည်ဖြင့် Measurable တိတိကျကျ သတ်မှတ်ချက်ထားဖို့ လိုအပ်ပါတယ်။ သာမန် ကြော်ငြာဆိုင်းဘုတ်တွေ TV Channel တွေမှာ လူဘယ်နှစ်ယောက် ကြည့်သွားလဲ တိတိကျကျသိဖို့ အင်မတန်ခက်ခဲပါတယ်။ Digital Marketing မှာတော့ သင့်ကြော်ငြာကို လူဘယ်နှစ်ယောက် ကြည့်သွားလဲ တိတိကျကျသိနိုင်လို့ သင်ရင်းနှီးထားတဲ့ငွေအပေါ် အကျိုးအမြတ်ဘယ်လောက်ရသွားလဲ Return On Investment (R.O.I) ကို တွက်ချက်နိုင်ပါတယ်။
၄။ သင့်လုပ်ငန်းနဲ့ ကိုက်ညီမယ့် Customer ကိုသေသေချာချာ ရွေးချယ်လို့ရတယ်
လူအမျိုးမျိုး စိတ်ဝင်စားမှုအမျိုးမျိုးရှိတဲ့အတွက် လူတိုင်းဟာ သင့်လုပ်ငန်းရဲ့ customer မဖြစ်နိုင်ပါဘူး။ သင့်လုပ်ငန်း၊ သင်ရောင်းချမယ့်ပစ္စည်း ကြော်ငြာက တကယ်စိတ်ဝင်စားတဲ့သူတွေ အတွက်ဆိုရင် အရမ်းကောင်းတဲ့ အခွင့်အရေးတစ်ခုရရှိမှာဖြစ်ပြီး လုံးဝ စိတ်မဝင်စား မကြိုက်နှစ်သက်တဲ့သူအဖို့ စိတ်ပျက်စရာကောင်းတယ်လို့ မြင်ကောင်းမြင်မိမှာပါ။ Digital Marketing မှာ သင်လိုချင်တဲ့ သင့်လုပ်ငန်းနဲ့ကိုက်ညီမယ့် Customer ပုံစံမျိုး သင်စိတ်ကြိုက်ရွေးချယ်ပြီးမှ သင့်လုပ်ငန်းအကြောင်း မိတ်ဆက်လို့ရပါတယ်။ သင့်အတွက် မလိုအပ်တဲ့ ငွေကြေးကုန်ကျမှုမရှိတော့ပဲ Points of Sale အရောင်းတက်စေဖို့ အခွင့်အရေး ပိုမိုရရှိမှာပါ။
၅။ သင်ရဲ့ Customer တွေရောက်နေတဲ့နေရာမှာ သင့်လုပ်ငန်းလည်းရှိနေမယ်
သင်သတိထားမိမှာပါ လူတော်တော်များများ Social Media တွေပေါ်မှာ အချိန်ကုန်လေ့ရှိပါတယ်။ သင့်ရဲ့ Customer အားလုံးနီးပါးဟာလည်း Social Media မှာ သေချာပေါက်ရှိနေပါတယ်။ Customer တွေ သင့်လုပ်ငန်းနဲ့ ရင်းနှီးနေခြင်းဖြင့် သင့်လုပ်ငန်းမှာ အမာခံပရိသတ် Loyal Customer တွေ ရရှိလာမှာဖြစ်ပါတယ်။ Digital Marketing က Customer တွေ သင့်လုပ်ငန်းနဲ့ ရင်းနှီးအောင် ကူညီပေးမှာပါ။
၆။ ယနေ့ခေတ် စီးပွားရေးလုပ်ငန်းတိုင်းရဲ့ မရှိမဖြစ် Value ကိုရရှိစေမယ်
ယနေ့ခေတ် လူတော်တော်များများဟာ ဈေးဝယ်တဲ့အခါ ရွေးချယ်မှုပုံစံ ပြောင်းလဲလာပါပြီ။ ဈေးပေါတိုင်း သို့မဟုတ် ပစ္စည်းကောင်းတိုင်း သူတို့တန်ဖိုးထားတဲ့ စံချိန်စံနှုန်းနဲ့ မကိုက်ရင် မဝယ်ယူကြတော့ပါဘူး။ ဒါကြောင့် စီးပွားရေးလုပ်ငန်းတိုင်းမှာ Value Creation Process ကို အရေးအကြီးဆုံးအဖြစ် ဆောင်ရွက်နေကြပါပြီ။ Digital Marketing ကလည်း Value Creation Process မှာ ပါဝင်တာကြောင့် Digital Marketing Plan ကောင်းကောင်း ရှိခြင်းမရှိခြင်းက သင့်လုပ်ငန်းရဲ့ Value တက်ခြင်းကျခြင်းကို တိုက်ရိုက်ပတ်သက်နေပါတယ်။
၇။ လုပ်ငန်းတူတွေကြားမှာ သင့်ရဲ့ ယှဉ်ပြိုင်စွမ်းရည် Competitive Advantage တက်စေမယ်
စီးပွားရေးလုပ်ငန်းတွေ ကျရှုံးရခြင်းရဲ့ အဓိကအဖြေကို ပြပါဆိုရင် ယှဉ်ပြိုင်မှုစွမ်းရည် Competitive Advantage ကျဆင်းသွားလို့ ဖြစ်ပါတယ်။ သင့်လုပ်ငန်း လက်ရှိမှာ ရောင်းအားကောင်းနေတယ် ဆိုပေမယ့် ယှဉ်ပြိုင်မှုများတဲ့ယနေ့ ခေတ်မှာ မလုံလောက်သေးပါဘူး။ စဉ်ဆက်မပြတ်သော ယှဉ်ပြိုင်မှုစွမ်းရည် တိုးတက်နေဖို့လိုပါတယ်။ လုပ်ငန်းတူတွေကြားမှာ သင့်လုပ်ငန်းက သာမန် Facebook Page တောင်မရှိသေးဘူးဆိုရင် တခြားလုပ်ငန်းတွေက Customer တွေကို ပေးတဲ့ Customer Service မျိုးတွေ သင်အကုန်ပေးနိုင်မှာမဟုတ်ပါဘူး။ ရေရှည်မှာ သင့်ရဲ့ Customer တွေက တခြားကိုရွေ့သွားပြီး ဈေးကွက်ဝေစုတွေ ဆုံးရှုံးနိုင်ပါတယ်။ Digital Marketing သာသေချာလုပ်မယ်ဆိုရင် အားလုံးထဲမှာ သင့်ရဲ့ယှဉ်ပြိုင်စွမ်းရည်တက်နေပြီး သင့်စီးပွားရေးလည်း တစ်ဟုန်ထိုးတိုးတက်မှာပါ။
- သင့်လုပ်ငန်းမှာ Digital Marketing ဘာမှ မလုပ်ရသေးဘူးဆိုရင်တော့ စလုပ်ဖို့ အကြံပြုချင်ပါတယ်။
Digital Marketing လုပ်တော့မယ်လို့ ဆုံးဖြတ်ပြီး ဘယ်ကစလုပ်ရမှန်းမသိတာ၊ ဘယ် Platform မှာလုပ်ရမှန်းမရွေးတတ်တာ၊ အချိန်ပြည့် ကိုယ်တိုင်မလုပ်နိုင်တာ စတဲ့ အခက်အခဲတွေရှိရင် ကျွန်တော်တို့ SEOMyanmar မှာ SEO, SEM, Facebook Advertising, GDN & Remarketing, Youtube Advertising, Website Design & Development စတဲ့ Service အကုန်လုံးကို အာမခံချက်အပြည့်နဲ့ တစ်နေရာထဲမှာ One Stop Service ဝန်ဆောင်မှုပေးနေတဲ့အကြောင်း သတင်းကောင်းပေးချင်ပါတယ်။
နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…
Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…
Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…
Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……
ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…
ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်… …