Categories: Blog

Digital Marketing အတွက် KPI တွေ ဘယ်လိုချမှတ်မလဲ?

ယနေ့ခေတ်မှာ KPI ဆိုတဲ့ စကားလုံး တော်တော်များများ အသုံးပြုကြပါတယ်။ ဘယ်အလုပ်မှာပဲ ဖြစ်ဖြစ် KPI နဲ့ စွမ်းဆောင်ရည် တိုင်းတာကြပါတယ်။ Digital Marketing မှာလည်း KPI တွေ စနစ်တကျ ချမှတ်ထားဖို့ လိုပါတယ်။ ဒီတစ်ပတ်မှာတော့ Digital Marketing အတွက် KPI တွေ ဘယ်လိုချမှတ်မလဲ ဆိုတာကို လေ့လာတင်ပြပေးမှာ ဖြစ်ပါတယ်။

KPI – Key Performance Indicator ဆိုတာကတော့ စွမ်းဆောင်ရည်ညွှန်းကိန်း ဖြစ်ပါတယ်။ အလုပ်ရဲ့ စွမ်းဆောင်ရည် ၊ တစ်ဦးချင်းရဲ့ စွမ်းဆောင်ရည်၊ အဖွဲ့အစည်းရဲ့ စွမ်းဆောင်ရည် စတာတွေကို KPI နဲ့ တိုင်းတာပါတယ်။ ဒီ Post မှာတော့ Digital Marketing ရှုထောင့်ကနေ တင်ပြပေးမှာဖြစ်ပါတယ်။

KPI တွေ ဘယ်လိုချမှတ်ရမလဲဆိုရင် KPI လို့ဆိုတာနဲ့ SMART ဖြစ်ရပါမယ်။ SMART ဖြစ်ရမယ်ဆိုတာ SMART Goal Setting အတိုင်း ချမှတ်ဖို့လိုပါတယ်။

KPI မှာ လိုအပ်တဲ့ SMART Goal Setting ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Specific
ကိုယ်ချမှတ်မယ့် ပန်းတိုင်ဟာ တိကျမှုရှိရပါမယ်။ ဥပမာ – ကိုယ့် Page, Website အောင်မြင်ချင်တယ် ဆိုတာမျိုးက မတိကျပါဘူး။ အဲဒီအစား Like, View, Visit, Share စသည်ဖြင့် တိကျတဲ့ ပန်းတိုင်ရှိရပါမယ်။

Measurable
တိကျမှုအပြင် တိုင်းတာနိုင်ရပါမယ်။ ဥပမာ – Like များချင်တယ် ဆိုတာမျိုးက တိုင်းတာမှုမပါပါဘူး။ Like 1000, Like 10000, Like 100000 စသည်ဖြင့် ပန်းတိုင်ကို သတ်မှတ်ရမှာ ဖြစ်ပါတယ်။

Attainable
ရနိုင်/ ဖြစ်နိုင် ရပါမယ်။ မဖြစ်နိုင်တဲ့ Result တွေကိုမျှော်လင့်ပြီး ပန်းတိုင်ချမှတ်လို့မရပါဘူး။ ကိုယ်သုံးမယ့် Budget, Time စတဲ့ Resource ပေါ်မူတည်ပြီး ဖြစ်နိုင်တဲ့ ပန်းတိုင်ချမှတ်ရပါမယ်။

Relevant
ဆီလျော်မှု၊ ကိုက်ညီမှုရှိရပါမယ်။ ကုမ္ပဏီရဲ့ Vision နဲ့ ကိုယ်ချမှတ်မယ့် ပန်းတိုင် ကိုက်ညီမှုရှိရပါမယ်။ Digital Marketing မှာဆိုရင် Marketing ကချမှတ်တဲ့ Objective နဲ့ ကိုက်ညီရပါမယ်။

Timel-Bound
အချိန်မီ ပြီးစီးရပါမယ်။ ကိုယ်ချမှတ်ထားတဲ့ ပန်းတိုင်ဟာ အချိန်မီ ပြီးစီးဖို့လည်း လိုအပ်ပါတယ်။

ဒီ (၅) ချက်နဲ့ ပြည့်စုံမှ SMART Goal တစ်ခု SMART KPI တစ်ခု ဖြစ်ပါမယ်။ Digital Marketing မှာ သုံးတတ်တဲ့ KPI တချို့ကိုလည်း ဖော်ပြလိုက်ပါတယ်။

Ref: Nunzia Piersimoni, Internet Intelligence

Moe Hein

Share
Published by
Moe Hein

Recent Posts

  • Blog

Social Post တွေတင်တဲ့အခါဘာတွေသိထားသင့်လဲ?

နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…

2 years ago
  • Blog

Australian User 8 Million ရှိသွားတဲ့ Snapchat

Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…

2 years ago
  • Blog

X နဲ့ Threads ကြားက ကွာခြားချက်များ

Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…

2 years ago
  • Blog

LinkedIn Engagement Boost မယ်ဆိုဘာတွေသိထားသင့်လဲ?

Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……

2 years ago
  • Blog

Digital Marketing မှာအရေးပါတဲ့ Visual Content

  ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…

2 years ago
  • Blog

Organization တွေအတွက် အသုံးဝင်စေမယ့် Knowledge Sharing Tools (၂) ခု

ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်…  …

2 years ago