Categories: Blog

၂၀၁၈ မှာ ခေတ်စားလာတဲ့ Digital Marketing နည်းလမ်းများ

လေ့လာတွေ့ရှိချက်တွေအရ ၂၀၁၈ ခုနှစ်မှာ နောက်ဆုံးပေါ်စျေးကွက်ရှာဖွေရေးနည်းပညာတွေနဲ့ Tools တွေပေါ်ပေါက်လာပါတယ်။ မိမိရဲ့လုပ်ငန်းတိုးတက်မြန်ဆန်ဖို့အတွက် ဘယ်နည်းပညာတွေနဲ့ Tools တွေကိုဘယ်လိုလေ့လာပြီး ဘယ်တစ်ခုရွေးချယ်အသုံးပြုသင့်တယ်ဆိုတာလေ့လာဖို့လိုအပ်ပါတယ်။ ဒါကြောင့်မို့ ဒီနည်းပညာတွေ၊ နည်းလမ်းတွေကို လေ့လာနိုင်ရန်၂၀၁၈ မှာခေတ်စားလာတဲ့ Digital Marketing နည်းလမ်းတွေကို ဖော်ပြပေးမှာဖြစ်ပါတယ်။

၁. Video Marketing
၂၀၁၇ ခုနှစ်ဟာ Video Marketing အတွက် အကောင်းဆုံး နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာပိုတောင်ခေတ်စားလာပါသေးတယ်။၂၀၁၈ ခုနှစ်ဟာ ၂၀၁၇ ခုနှစ်ထက်တောင် မှာ Video Marketing က ပိုမို ခေတ်စားလာခဲ့ပါတယ်။ ကုမ္ပဏီတော်တော်များများဟာ မိမိတို့ Product တွေကို Video Marketing ပြုလုပ်ပြီး Customer တွေဆီက Engagement ကိုသိမ်းပိုက်နိုင်ခဲ့ကြပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ Video Marketing ကရတဲ့ Internet Traffic ဟာ ၂၀၂၀ ခုနှစ် မှာ ၈၀% အထိ တိုးလာနိုင်မယ်လို့ ယူဆလို့ရပါတယ်။ လက်ရှိ လေ့လာတွေ့ရှိရတဲ့ စစ်တမ်းအရဆိုရင် ၂၀၁၅ ခုနှစ်မှာ ၆၃% နဲ့ ၂၀၁၇ ခုနှစ်မှာ ရ၄% ရှိခဲ့ပါတယ်။ Video Marketing နဲ့ ပတ်သတ်တဲ့ Post တွေကို SEOMyanmar မှာဝင်ရောက်လေ့လာနိုင်ပါတယ်။

၂. Chatbots
Customer Service တွေဆီက Reply ကိုအကြာကြီးစောင့်ဖို့ဆိုတာ Customer တွေအတွက် အိပ်မက်ဆိုးတစ်ခုလိုပါပဲ။ ဘာကြောင့်လဲဆိုတော့ Audience ပမာဏနဲ့ Customer Service အင်အား မမျှတလျှင် Reply ပြန်ခြင်းမှာ လိုအပ်ချက်တွေ ရှိလာပါတယ်။ ထို့ကြောင့် Customer တိုင်းဆီကို Reply ပြန်နိုင်အောင်အတွက် AI စနစ်နဲ့ Bot တွေ ရှိလာပါပြီ။ ဒီ Bot တွေဟာ မိမိတို့လုပ်ငန်းရဲ့ Customer Service မှာအသုံးပြုတဲ့ အချက်အလက်တွေ၊ မေးခွန်းတွေကို သင့်တော်အောင်စီမံပြီး အသုံးပြုလို့ရပါတယ်။ Chat Bot အမျိုးအစားတွေအမြောက်အများ ရှိပါတယ်၊ ကိုယ်ကြိုက်နှစ်သက်ရာ Chatbot အမျိုးအစားတွေကိုရွေးချယ်အသုံးပြုနိုင်ပါတယ်။Chatbot တွေကို အကျိုးရှိရှိအသုံးပြုနိုင်လာခြင်းအားဖြင့် မိမိတို့ Customer တွေနဲ့ ဆက်ဆံရေးမှာပိုမိုရင်းနီးလာပြီး Engagement တွေလဲ ပိုမိုရရှိလာနိုင်ပါတယ်။

၃.Storytelling
လူ့သဘာဝအရ လူတွေဟာ ပုံပြင်ကောင်းကောင်းလေးတွေ၊ ဇာတ်လမ်းကောင်းကောင်းလေးတွေ ကို နှစ်သက်ကျပါတယ်။ အဲ့ဒီအချက်ကြောင့်ပဲ ကုမ္ပဏီတွေဟာ Content ဖန်တီးရတာလွယ်ကူပြီး Audience Targeting လုပ်ရတာလဲ Digital Marketing နယ်ပယ်မှာ အရင်တုန်းကထက်ပိုမိုလွယ်ကူလာပါတယ်။ မိမိရဲ့ Brand ကို ကိုက်ညီမယ့် ပုံပြင်/ဇာတ်လမ်း တွေနဲ့ ဖန်တီးကြော်ငြာမယ်ဆိုရင် Audience တွေရဲ့Engagement ကိုအမိအရ ရရှိနိုင်ပါတယ်။ ဒီလိုဖန်တီးနိုင်စွမ်းကောင်းကောင်းနဲ့ သေသေချာချာ ဖန်တီးကြော်ငြာခြင်းဖြင့် မိမိတို့ Brand ကိုအကောင်းမွန်ဆုံးဖြစ်မြောက်အောင် ဆောင်ရွက်နိုင်မှာဖြစ်ပါ တယ်။

၄. Interactive Content
လွန်ခဲ့တဲ့ အချိန်တွေတုန်းက Digital Marketing နယ်ပယ်မှာ Content တွေကိို ရိုးရိုးရှင်းရှင်းနဲ့သာရေးပြီးတင်ခဲ့ ကြော်ငြာခဲ့ကြပါတယ်။ ယခု ၂၀၁၈ ခုနှစ်မှာတော့ ပြိုင်ဘက်တွေနဲ့ အပြိုင်အဆိုင် ဖန်တီးမှုအသစ်လေးတွေနဲ့ ကြော်ငြာဖို့လိုအပ်လာပါပြီ။ Content တစ်ခုဟာ အရမ်းကိုငြီးငွေ့စရာကောင်းလွန်းနေရင် Audience တွေက Content ကိုဆုံးအောင်ဖတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊ ဒီတော့ Audience တွေ ကို စိတ်ဝင်စားမှုရလာစေရန် ဖန်တီးရပါမယ်။ Content တွေကို ပေးချင်တဲ့ Message တွေကြီးပဲမရေးပဲ မေးခွန်းလေးတွေပြန်မေးခြင်း၊ ဉာဏ်စမ်းလေးတွေမေးခြင်း အစရှိတဲ့ Interactive Content လေးတွေကိုလည်းပြုလုပ်ဖန်တီးရပါမယ်။ ဒီလိုပြုလုပ်ပေးခြင်းဟာ Audience တွေကို ဂရုစိုက်ရာကျတဲ့အတွက် Engagement ဟာအရင်ကနည်းလမ်းဟောင်းတွေထက် ပိုမိုရရှိနိုင်မှာဖြစ်ပါတယ်။

အခုဖော်ပြသွားတဲ့အချက်တွေကတော့ ယခုလက်ရှိ ၂၀၁၈ မှာ Trend ဖြစ်နေတဲ့ Digital Marketing နည်းလမ်းတွေဖြစ်ပြီး မြန်မာနိုင်ငံက Business အတော်များများမှာလည်းလက်တွေ့အသုံးချနေတဲ့နည်း လမ်းများပဲဖြစ်ပါတယ်။ Digital Marketing နဲ့ပက်သက်ပြီးလူကြီးမင်းတို့ရဲ့စီးပွားရေးလုပ်ငန်း အတွက် ဝန်ဆောင်မှုရယူလိုပါက ကျွန်တော်တို့ SEOMyanmar မှဝန်ဆောင်မှုပေးနေပါတယ် ခင်ဗျာ။

Ref – socialmediatoday

Min Thuta

Share
Published by
Min Thuta

Recent Posts

  • Blog

Social Post တွေတင်တဲ့အခါဘာတွေသိထားသင့်လဲ?

နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…

2 years ago
  • Blog

Australian User 8 Million ရှိသွားတဲ့ Snapchat

Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…

2 years ago
  • Blog

X နဲ့ Threads ကြားက ကွာခြားချက်များ

Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…

2 years ago
  • Blog

LinkedIn Engagement Boost မယ်ဆိုဘာတွေသိထားသင့်လဲ?

Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……

2 years ago
  • Blog

Digital Marketing မှာအရေးပါတဲ့ Visual Content

  ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…

2 years ago
  • Blog

Organization တွေအတွက် အသုံးဝင်စေမယ့် Knowledge Sharing Tools (၂) ခု

ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်…  …

2 years ago