သင့်လုပ်ငန်းအတွက် Website တည်ဆောက်ရာတွင် Domain နာမည် ရွေးချယ်မှုသည် အလွန်အရေးပါလေသည်။ Domain နာမည်မှားယွင်းစွာ ရွေးချယ်မိလျှင် သင့်လုပ်ငန်းအား အနည်းနှင့်အများ ထိခိုက်နိုင်ပါသည်။ သင့်တော်သော Domain နာမည် ရွေးချယ်ရန် လိုအပ်ပါသည်။ Domain နာမည် ရွေးချယ်ရန်အတွက် ဆောင်ရန်ရှောင်ရန်အချက်များကို စုစည်းတင်ပြလိုက်ပါသည်။
၁။ Domain နာမည်ကို တိုတိုရှင်းရှင်း ရွေးချယ်ပါ
Domain နာမည်တွေဟာ တိုလေကောင်းလေဖြစ်ပါတယ်။ Domain နာမည်တိုခြင်းဖြင့် မှတ်မိလွယ်စေပြီး စာလုံးပေါင်းမှားနိုင်ခြေလည်း နည်းပါတယ်။ Domain နာမည်ကို တိုတိုရှင်းရှင်းကိုသာ ရွေးချယ်ပါ။
၂။ မလိုအပ်တဲ့ symbol တွေ မထည့်ပါနဲ့
သင့်ကုန်အမှတ်တံဆိပ်မှာ မသုံးမဖြစ်တဲ့ စာလုံးတွေကလွဲရင် ကျန်တဲ့မလိုအပ်တဲ့ အများကိန်း “s” တွေ၊ တုံးတို Dash တွေ၊ အတိုကောက် စကားလုံးတွေ မသုံးပါနဲ့။
၃။ လွယ်ကူစွာ အသံထွက်နိုင်ပြီး မှတ်မိလွယ်နေရမယ်
Domain နာမည်ဟာ အရမ်းကိုရှုပ်ထွေးလွန်းပြီး တစ်ခါကြားရုံနဲ့ မမှတ်မိနေအောင် အသံထွက် ခက်ခဲမနေသင့်ပါဘူး။ သင့်မိတ်ဆွေတွေကို Website မိတ်ဆက်တဲ့အခါ အလွယ်တကူ ပြောပြဖို့ မှတ်မိဖို့အတွက် လွယ်ကူစွာ အသံထွက်နိုင်ပြီး မှတ်မိလွယ်တာမျိုးကို ရွေးချယ်သင့်ပါတယ်။
၄။ လုပ်ငန်းနာမည်အပြင် ကိုယ့်လုပ်ငန်းရဲ့ အဓိကအချက်ကိုပါ ထည့်သင့်ပါတယ်
တစ်ခါတစ်ရံမှာ လုပ်ငန်းနာမည်အပြင် ကိုယ့်လုပ်ငန်းရဲ့ အဓိကအချက်ကိုပါ ထည့်သင့်ပါတယ်။ ဥပမာ သင့်လုပ်ငန်းနာမည်က Alex ဖြစ်ပြီး လုပ်ငန်းအမျိုးအစားက Computer ရောင်းချခြင်းဆိုပါစို့။ သင့်လုပ်ငန်း Domain နာမည်ရွေးချယ်တဲ့အခါ “www.alex.com” ထက် “www.alexcomputers.com” က ပိုပြီး လုပ်ငန်းကို ထင်ဟပ်စေပါတယ်။
၅။ “.com” ကို ဦးစားပေး ရွေးချယ်ပါ
Domain နာမည်ရွေးတဲ့အခါ ဖြစ်နိုင်မယ်ဆိုရင် “.net” , “.org” ထက် “.com” ကို ဦးစားပေး ရွေးချယ်သင့်ပါတယ်။ စစ်တမ်းများအရ Internet အသုံးပြုသူ ၇၀% ခန့်သည် “.com” ဖြင့် အဆုံးသတ်သော Domain များကိုသာ မှတ်မိလွယ်ကြသည်။
၆။ လုပ်ငန်းပြိုင်ဘက်တွေကြားမှာ အက္ခရာစဉ်ရဲ့ ဟိုးအောက်ဆုံး မရောက်ပါစေနဲ့
သင့်လုပ်ငန်းအတွက် Domain နာမည်စဉ်းစားတဲ့အခါ A to Z အက္ခရာစဉ်အလိုက်မှာ Z နဲ့ အရမ်းကပ်တဲ့ နာမည်မျိုးမပေးပါနဲ့။ Website လမ်းညွှန်တွေမှာ Website ကို စာရင်းပြုစုရင် အက္ခရာအလိုက် ပြုစုတာကြောင့် သင့်လုပ်ငန်းပြိုင်ဘက်တွေကြားမှာ အရမ်းအောက်နားရောက်မယ့် နာမည်မျိုးမပေးပါနဲ့။
၇။ သင့်လုပ်ငန်းနာမည်ဟာ တခြားသူတစ်ဦးဦး မှတ်ပုံတင်ထားခြင်း ရှိမရှိစစ်ဆေးပါ
Domain နာမည် ပေးတဲ့အခါ Domain သာမက သင့်လုပ်ငန်းနာမည်ဟာ တခြားသူတစ်ဦးဦး မှတ်ပုံတင်ထားခြင်း ရှိမရှိစစ်ဆေးဖို့လိုပါတယ်။ အမေရိကန်အစိုးရ အသိအမှတ်ပြု United States Patent and Trademark Office “https://www.uspto.gov” မှာ သွားရောက် စစ်ဆေးနိုင်ပါတယ်။ မြန်မာလုပ်ငန်းဆိုရင်တော့ “https://www.dica.gov.mm/mm/company-search” မှာ ဝင်ရောက် စစ်ဆေးနိုင်ပါတယ်။
၈။ Domain ကို အချိန်မီ မှတ်ပုံတင်ပါ
သင့်လုပ်ငန်းအတွက် အသင့်တော်ဆုံး Domain နာမည် ရပြီဆိုရင် အမြန်ဆုံး မှတ်ပုံတင်ထားဖို့လိုပါတယ်။ အကယ်၍ မှတ်ပုံတင်ရန် နောက်ကျသွားပါက သင်ရှားရှားပါးပါး ရှာဖွေထားတဲ့ နာမည်ကို သူများရယူသွားနိုင်ပါတယ်။ Go Daddy “https://www.godaddy.com/” ကဲ့သို့ Domain ရောင်းချသော ကုမ္ပဏီများတွင် Domain နာမည် ရနိုင်မရနိုင် စစ်ဆေးနိုင်ပြီး အကယ်၍ ရရှိနိုင်ပါက ဝယ်ယူမှတ်ပုံတင်နိုင်ပါတယ်။
Ref: 55 Surefire Internet Business
နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…
Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…
Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…
Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……
ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…
ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်… …