Ai Technology တိုးတက်လာတာနဲ့အမျှ Creative နဲ့  Marketing ကဏ္ဍတွေမှာ Ai Tech တွေဖြစ်တဲ့ ChatBot တွေ၊ Ai-generated Image တွေ၊ Blog Post တွေကို အသုံးပြုလာကြတာကိုတွေ့ရပါတယ်။ ဒီလိုပဲ Digital Design  တွေဖန်တီးတဲ့အခါမှာလဲ Ai အထောက်အပံ့နဲ့ ပြုလုပ်လာကြတာကိုလည်း တွေ့မြင်ရပါတယ်။ တကယ့် ပညာရှင်တွေလောက် Level မရပေမဲ့ တော်တော်လေး မိုက်တဲ့ Ai-generated Image တွေကိုလည်း တွေ့မြင်ရပါတယ်။ ဒါကြောင့် ယခုတစ်ခေါက်မှာတော့ ဒီဇိုင်းဆွဲရာမှာ အထောက်အကူပြုစေမဲ့ Ai Art Generator Tool (၂) ခုကို ဖော်ပြပေးသွားပါမယ်…

 

Canva AI

Design နဲ့ရင်းနီးတဲ့သူတွေဆိုရင် Canva ကိုသိကြမယ်ထင်ပါတယ်။ ဒီ Canva ကနေ သူတို့ရဲ့ Toolkit တစ်ခု ဖြစ်တဲ့ Text to Image ဆိုတဲ့ Ai ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ ဒီ Canva ရဲ့ Ai က  Text ရိုက်ပေးလိုက်တာနဲ့ အလားသဏ္ဍာန်တူတဲ့ ပုံ ၄ ပုံကိုဆွဲပေးသွားမှာ ဖြစ်ပါတယ်။ ဒီ Ai Art Generator ကိုတော့ Canva ရဲ့ Ecosystem အတွင်းမှာပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

 

DALL-E 2

ဒီ Tool ကတော့ Popular ဖြစ်တဲ့ Ai Art Generator တစ်ခုဖြစ်ပါတယ်။ ဒီ Tool ကတော့ User တွေရဲ့ Text Prompt ပေါ်မှာ အခြေခံပြီး Realistic Image တွေကို ဖန်တီးပေးတာပဲ ဖြစ်ပါတယ်။ ဒီ Tool နဲ့ တခြား ဖန်တီးနိုင်တာတွေကတော့ Standing Landscape, Social Media အတွက် Wide Image တွေ, Blog Post တွေ၊ Realistic Art Pieces နဲ့ illustration တွေဖြစ်ပါတယ်။ 

 

အထက်ပါ ဖော်ပြခဲ့တဲ့ Ai Art Generator Tool တွေကတော့ ဒီဇိုင်းဆွဲရာမှာ အထောက်အကူပြုစေမဲ့ Ai Art Generator Tool (၂) ခုပဲ ဖြစ်ပါတယ်။ Tool နာမည်တွေကို နှိပ်ကြည့်ပြီး သွားရောက်စမ်းသပ် အသုံးပြုနိုင်ပါတယ်။

 

Leave a Reply

ERROR: Sorry, human verification failed.

social sharing buttons