Facebook ဟာအသုံးပြုသူတွေရဲ့ Memories တွေကိုပိုမိုလွယ်ကူစွာ Access & Sharing လုပ်နိုင်ဖို့ အတွက် Memories Section ကိုထည့်သွင်းလိုက်ပါတယ်။ အဲ့ဒီ Section မှာဆိုရင် သင့်ရဲ့ Moments, Friendaversaries နဲ့ On this day စတာတွေကို နေရာတစ်ခုထဲမှာရှိနေအောင်ပြုလုပ်ထားပါတယ်။ နေ့စဉ် User 90 Million အထက်ဟာ On This Day ကိုအသုံးပြုကျတယ်လို့ဆိုပါတယ်။ဒါကြောင့် အခု Memories Section ကိုထည့်သွင်းခြင်းဟာ လူတွေရဲ့စိတ်ခံစားမှုအပေါ်အပြုသဘောဆောင်ပြီး ကောင်းမွန်တဲ့ စိတ်ခံစားမှုကိုရစေပါတယ်။ ဒါကြောင့် User တွေရဲ့အမှတ်တရတွေ အားလုံးကိုလွယ်လွယ် ကူကူရှာဖွေလို့ရစေရန် Update ပြုလုပ်ရခြင်းဖြစ်တယ်လို့ Facebook ကပြောသွားပါတယ်။ ဒီ Update မှာဘာမှာထူးထူးခြားခြား ပြောင်းလဲသွား တာတော့မရှိပါဘူး။ Memories Section မှာ “on this day”, Friendaversaries, Moments စတာတွေကို တစုတစည်းထဲဒီ Section မှာ အလွယ်တတကူ ရှာဖွေ အသုံးပြုလို့လွယ်ကူစေဖို့ ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။

 

Ref-socialmediatoday

 

Leave a Reply

social sharing buttons