နာမည်ကျော် Visual Discovery Engine တစ်ခုဖြစ်တဲ့ Pinterest ဟာ User တွေအတွက်ပိုပြီး အသုံးဝင်စေမယ့် System တွေကို Update တွေ Testing တွေလုပ်ပေးလေ့ရှိပါတယ်။ ယခုဆိုရင် Scanning System တစ်ခုကို ထပ်မံစမ်းသပ်နေတယ်လို့လဲ သိရှိရပါတယ်။ 

 

ဒါကတော့ Email Inbox ကို Scan ပြီးတော့ Pinterest Interest တွေကို Customized  လုပ်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒီအချက်က In App မှာရှိတဲ့ Ad Targeting အတွက်လဲ များစွာ တိုးတက်လာနိုင်စေတဲ့ အချက်လဲ ဖြစ်လာနိုင်ပါတယ်။ 

 

User တွေရဲ့ Email Inbox တွေကို သေချာ Scrape လုပ်ပြီး User တွေရှာဖွေလိုတဲ့ အရာတွေကို ပိုမိုတိကျတဲ့ Insight တွေကနေတဆင့် ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဒီ Scanning System ကို အောင်အောင်မြင်မြင်နဲ့ စမ်းသပ်ပြီးရင်တော့ Pinterest မှာပြ Explore လုပ်နိုင်စွမ်းက အရင်ကထက် ပိုပြီး တိုးတက်လာတာကိုလဲ မြင်ရမှာဖြစ်ပါတယ်။ 

Leave a Reply

social sharing buttons