နေ့စဉ်နေ့တိုင်း ဖေ့(စ်)ဘွတ်သုံးနေကြရင်း ကိုယ်ကြိုက်တဲ့ ပို့ (စ်)လေးတွေကိုသိမ်းထားချင်တာတို့၊ အချိန်မရလို့ နောက်မှအေးဆေးပြန်ကြည့်ချင်တာတို့၊ ရှဲချင်တာတို့ ရှိကြမှာပါ။ အဲဒါတွေကို ပြေလည်ဖို့ ဖေ့(စ်)ဘွတ်က ဒီနှစ်ဇူလိုင်လထဲမှာ Messenger နဲ့ အတူမိတ်ဆက်ပေးခဲ့ပါတယ်။ လုပ်ပုံလုပ်နည်းမသိသေးတဲ့သူတွေအတွက် မျှဝေပေးလိုက်ပါတယ်။

၁) ကိုယ်သိမ်းချင်တဲ့ပို့(စ်) ရဲ့ ညာဘက် အပေါ်ထောင့်က မြှားလေးကို နှိပ်ပါ။ ပြီးရင် save “???” ကို နှိပ်ပြီးသိမ်းပါ။

 

facebook save

 

၂) သိမ်းထားခဲ့တာတွေကို ပြန်ကြည့်ချင်ရင် ပုံထဲကအတိုင်းကိုယ့်ရဲ့ profile မှာနှိပ်ရင် saved ကို မြင်ရပါမယ်။ အဲဒီ saved ထဲမှာ နေ့ စဉ်ကိုယ်သိမ်းထားတာတွေကို အစဉ်လိုက်တွေ့ မြင်ရမှာပါ။

 

how to save facebook post

 

facebook share

 

Laptop, Desktop နဲ့သုံးသူတွေလဲ ထိုနည်းအတိုင်းပါပဲ။ ဖေ့(စ်)ဘွတ် Home Page မှာ Saved ကို ဘယ်ဘက်အခြမ်း profile column မှာ တွေ့မြင်ရပါမယ်။

 

save post in facebook
how to save facebook

 

Bookmarking လို့လဲခေါ်နိုင်ပါတယ်။ အကြောင်းအရာ၊ အမျိုးအစားအလိုက် Category ခွဲပြီး Save လုပ်မှာပါ (လင့်(ခ်)၊ သီချင်း၊ နေရာ စသည်ဖြင့်)။ မသိမ်းချင်တော့ဘူးဆိုရင်တော့ Delete လုပ်လိုက်ပေါ့။ 🙂

Page တွေရဲ့ Post တွေကိုပဲ သိမ်းလို့ရမှာပါ။ Friend တစ်ယောက်ရဲ့ Post ဆိုရင်တော့ Follow/ Unfollow ပဲလုပ်နိုင်မှာပါ။
အဆင်ပြေပါစေ။

– SEOMyanmar

social sharing buttons