နည်းပညာတွေ ခေတ်မီဖွံ့ဖြိုးတိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ Digital Marketing ဆိုတာကလဲ မပါမဖြစ် ကဏ္ဍတစ်ခုအနေနဲ့ ရပ်တည်လာပါပြီ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုရင်လဲ အင်တာနက်နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကဏ္ဍတစ်ရပ်ဖြစ်လာခဲ့ပြီဆိုတော့ Digital Marketing မှာပါတဲ့ SEO (Search Engine Optimization), SEM (Search Engine Marketing) အစရှိတဲ့ Digital Marketing နည်းပညာတွေကိုလဲအသုံးပြုလာနေကြပြီ။ SEO (Search Engine Optimization) နည်းပညာကို အသုံးပြုနေသူပဲဖြစ်ဖြစ်၊ စတင်လေ့လာချင်တဲ့သူပဲဖြစ်ဖြစ် Online ပေါ်ကအမြည်းလေ့လာနိုင်အောင် ဖတ်ရှုလို့ကောင်းမဲ့ Resource (၁၀) ခုကိုရွေးချယ်ဖော်ပြလိုက်ပါတယ်။

1) SEJ (Search Engine Journal)

Google လို Search Engine Giant တွေရဲ့ Algorithm တွေ ဘယ်လိုအလုပ်လုပ်တယ်၊ Update တွေလုပ်တယ်က အစ Marketing နည်းပညာ အစုံကို Update ဖြစ်နေတဲ့ Resource ကောင်းတွေရှိတဲ့နေရာ ဖြစ်ပါတယ်။

2) Search Engine Watch

SEJ နဲ့အလားသဏ္ဍာန်တူတဲ့ Search Engine Marketing နည်းပညာကို တစ်နေရာထဲမှာ စိတ်တိုင်းကျလေ့လာနိုင်တဲ့ Updated Blog ဖြစ်ပါတယ်။ Marketer တွေအတွက်ကတော့ ရွှေပေါ့ဗျာ။ အသစ်တင်တိုင်း Noti ရအောင် Subscribe လဲ လုပ်ထားနိုင်တယ်နော်။

3) Webmaster World

Digital Marketing မှာ ကြုံတွေ့ရတဲ့ အခက်အခဲေတွေ၊ အတွေ့အကြုံတွေ အားလုံးကို တင်ပြဆွေးနွေး အကြံပေး မေးမြန်းနိုင်တဲ့ Forum ဖြစ်ပါတယ်။ Account ဖွင့်ဖို့တော့လိုမယ်နော။

4) Moz.com

SEO သမားမှန်ရင် မသိမဖြစ်၊ မရှိမဖြစ် Moz ဖြစ်ပါတယ်။ SEO Moz မှတစ်ဆင့် Rebranding လုပ်ခဲ့တဲ့ Moz.com မှာ SEO campaign တစ်ခုကို Beginner Level မှ Pro Level အထိအောင် Knowledge Sharing တွေ Tools တွေနဲ့ပံ့ပိုးထားပါတယ်။ Trial လွဲလို့Free တော့မရပါဘူး။

5) SEO by the Sea

Go Fish Digital ရဲ့ Founder, Director Mr, Bill Slawski ရဲ့ Private Blog ဖြစ်ပါတယ်။ Search Engine တွေရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောတရားများနဲ့၊ အမှတ်ပေးစည်းမျည်းတွေကို အသေးစိတ်ဆွေးနွေးတင်ပြတဲ့ နေရာလဲဖြစ်ပါတယ်။

6) The SEM Post

Search Engine Update တွေနဲ့ ပတ်သက်လို့ဘာ Policy တွေ အသစ်ထွက်လဲ။ ဆောင်ရန်ရှောင်ရန် ဘာတွေပြင်ဆင်ထားသင့်လဲဆိုတာတွေနဲ့ပတ်သတ်ပြီး အသေးစိတ်လေ့လာဖတ်ရှုနိုင်မဲ့ Blog ကောင်းတစ်ခုပါ။

7) Search Engine Land

Search Engine Update နဲ့ပတ်သတ်လို့ကျနော်အကြိုက်ဆုံး Blog တစ်ခုပါပဲ။ Search Engine Land ဟာ SEO, SEM သာမက အခြား Bing, Yahoo နဲ့General Knowledge ရနိုင်မဲ့ Resource ပေါင်းများစွာကို Update ပေးနေတဲ့Website ကောင်း တစ်ခုပါ။ Subscribe လုပ်ထားဖို့အကြံပြုပါရစေ။

8) Majestic SEO

Largest Link Index Database လို့လဲ သမုတ်နိုင်သလို Moz ရဲ့ Direct Competitor လို့လဲဆိုနိုင်ပါတယ်။ Majestic SEO ရဲ့ စွမ်းပကားကတော့ ကိုယ်တိုင်သုံးဖူးသူများသိနိုင်ပါလိမ့်မယ်။ Website တစ်ခုရဲ့ Trust Flow တွေ Citation Flow တွေနဲ့တစ်ကွ Link Profile တွေကိုပါ အသေးစိတ် Analyse လုပ်နိုင်တဲ့ Resource အမိုက်စားကြီးဖြစ်ပါတယ်။ အပေါ်ကလိုပဲ Free တော့ မရပါဘူး။

9) HubSpot

Digital Marketer တွေအတွက် မသိမဖြစ်၊ မရှိမဖြစ် Resource ကောင်း HubSpot ဖြစ်ပါတယ်။ Digital Marketing အတွက် Insightful Concept တွေလေ့လာနိုင်သော၊ Inbound / Outbound နဲ့Marketing Automation တွေကိုပါ တစ်နေရာထဲမောင်းနှင်လိုသူများအတွက် အထူးသင့်လျော်တဲ့ Marketing Resource ဖြစ်ပါတယ်။ IPO သွားပြီးမှ Free ပေးထားတဲ့ အရာတွေလဲ တော်တော့်ကိုများလို့တော်တော်ကြီးကို တန်တဲ့၊ ကောင်းတဲ့ Platform ကြီးဖြစ်ပါတယ်။

10) SEO Book

SEO ဆိုတာကို မသိသေးသူများ၊ ကြားဖူးနားဝရှိသူများ နှင့် လက်တွေ့ကွင်းဆင်းလေ့လာနေသူများ ဖတ်ရှုလေ့လာ အသုံးချဖို့အထူးသင့်လျော်တဲ့ Website ကောင်းတစ်ခုဖြစ်ပါတယ်။

တင်ပြစရာ Resource ပေါင်းများစွာ ကျန်သေးတဲ့အတွက် အလျဉ်းသင့်ရင်သင့်သလို တင်ပေးပါမယ်ခင်ဗျ။ တစ်ကယ်တော့ SEO Marketing ဆိုတာ ပြောတာလွယ်သလောက် ကိုယ်တိုင်လုပ်ရတာခက်တယ်ဗျ။ မယုံမရှိကြနဲ့။ ဖတ်ရင်းနဲ့ခေါင်းမူးလာရင်ဖြစ်ဖြစ်၊ ကိုယ်တိုင် SEO Campaign ကြိုးစားလုပ်ရင်းနဲ့မှ ရွာလည်နေရင်ပဲဖြစ်ဖြစ် SEOMyanmar (Your Web Marketing Partner) ကို ဆက်သွယ်ပါ။ ကျနော်တို့အတွက်ကတော့ အေးဆေး။ 🙂

Leave a Reply

social sharing buttons