WordPress ဆိုတာ Website လုပ်သူတွေ တော်တော်များများကတော့ သိပြီးသားပါ။ Content Management System နဲ့ Website တစ်ခုကို အလျင်မြန်ဆုံးဖန်တီးနိုင်ပါတယ်။ Developer မဟုတ်တဲ့ သာမန် User တွေကိုယ်တိုင် WordPress နဲ့ Website တစ်ခုကို ဖန်တီးနိုင်ပါတယ်။ WordPress မှာ .com နဲ့ .org ၂ မျိုးကွဲပြားပါတယ်။ ဒီနေ့တင်ဆက်မှာကတော့ wordpress.com နဲ့ wordpress.org ဘယ်လိုကွာခြားသလဲ ဆိုတာကို လေ့လာတင်ပြပေးမှာ ဖြစ်ပါတယ်။

နှစ်စဉ်ကြေး
.com မှာ နှစ်စဉ်ကြေး အခမဲ့ ကနေ 299$ အထိရှိပါတယ်။ .org မှာကတော့ နှစ်စဉ်ကြေး အနည်းဆုံး 50$ လောက် ကုန်ကျနိုင်ပါတယ်။

Hosting
.com မှာတော့ WordPress ရဲ့ Hosting ကိုသုံးပါတယ်။ .org မှာတော့ ကြိုက်နှစ်သက်ရာ သုံးနိုင်ပါတယ်။

Domain
.com မှာ Free sub-domain ပါဝင်ပြီး .org မှာ ကိုယ်ပိုင် Domain ဝယ်ယူသုံးစွဲရမှာပါ။

ပြုပြင်ထိန်းသိမ်းခြင်း
.com မှာ ပြုပြင်ထိန်းသိမ်းစရာ သိပ်မလိုပေမယ့် .org မှာ လိုအပ်ပါတယ်။

Customize လုပ်နိုင်ခြင်း
.com မှာ Customize ကို ကန့်သတ်ထားပေမယ့် .org မှာ စိတ်ကြိုက် လုပ်ဆောင်နိုင်ပါတယ်။

Forum Support
.com မှာ Forum Support မရှိပေမယ့် .org အတွက် bbPress, Buddypress တို့လို Forum Support ရှိပါတယ်။

Site Capability
.com မှာ Single Site သာရပြီး .org မှာ Multi Site ရရှိပါတယ်။

ဘယ်သူတွေအတွက်သင့်တော်မလဲ?
.com က New Blogger တွေနဲ့ Online Resume ဆောက်ဖို့ သင့်တော်ပါတယ်။.org ကတော့ Blogger တွေသာမက စီးပွားဖြစ်ပါ သုံးဖို့ သင့်တော်ပါတယ်။

Ref: WPExplorer

Leave a Reply

social sharing buttons