Categories: Blog

Facebook နဲ့ Advertising အကြောင်း


ယနေ့ခေတ် ကျနော်တို့နိုင်ငံမှာနာမည်ကြီးတဲ့ Social Media Platform တစ်ခုဖြစ်တဲ့ Facebook နဲ့ပတ်သတ်တဲ့ Advertising အကြောင်း အနည်းငယ် တင်ပြဆွေးနွေးလိုပါတယ်။

သိပ်မကြာသေးပေမဲ့ မိုဘိုင်း Touch Screen ဖုန်းတွေမှ အင်တာနက် စတင်အသုံးပြုလို့ရလာတဲ့အချိန်ကစပြီး လူငယ်တွေကြား ဖေ့(စ်)ဘွတ်အသုံးပြုသူဦးရေဟာ ဒရဟောတိုးတက်များပြားလာပါတယ်။ ဒါပေမဲ့ ဖုန်းနဲ့သုံးသူတွေအတွက် နှေးကွေးလှတဲ့လက်ရှိ Mobile Network Speed ကြားမှာတော့ အသုံးပြုသူဦးရေဟာ တိုးတက်မှုရှိသင့်သလောက်မရှိဘဲ အကန့်အသတ်နဲ့သာရှိနေဦးမှာပါ။

Facebook လို့ခေါ်တဲ့ Social Media Platform ဟာ ကောင်းကျိုး၊ ဆိုးကျိုးတွေနဲ့အမြဲဒွန်တွဲနေပါတယ်။ Facebook ကြောင့် စီးပွားပျက် အသက်ဆုံးရှုံးရသလို၊ Facebook ကြောင့်ကောင်းကျိုးချမ်းသာရ မီလျံနာဖြစ်သွားတဲ့လူတွေ၊ အဖြစ်အပျက်တွေအမြောက်အများရှိခဲ့ပါတယ်။ အဓိက ကတော့ အသုံးပြုသူတစ်ဦးချင်းစီရဲ့ Facebook အပေါ်ယုံကြည်သက်ဝင်မှုနဲ့၊ အသုံးပြုပုံပေါ်မူတည်ပြီး ကောင်းကျိုးဆိုးကျိုးတွေဖြစ်ပေါ်လာခြင်းပါ။

ကျနော်တို့နိုင်ငံမှာ အချို့လူနည်းစုပုဂ္ဂိုလ်အချို့ Facebook ကို over evaluated ဖြစ်ပြီး Facebook ကပဲ ကမ္ဘာတစ်ခုလိုလိုဖြစ်နေတာကိုမြင်ရတော့ စိတ်မကောင်းဖြစ်မိပါတယ်။ Facebook က Internet technology ထဲကအောင်မြင်တဲ့ Social Media Platform တစ်ခုသာဖြစ်ပြီး၊ Internet ဟာ Facebook မဟုတ်ပါဘူး။

မကြာသေးခင်ကမှ မိတ်ဆွေတစ်ယောက်ရဲ့ Facebook Message Box ထဲကိုအခုမှ Facebook စသုံးတဲ့လူတစ်ယောက်က မက်ဆေ့(ချ်) ပို့ပါတယ်။ သူ့Profile Name နဲ့ တူနေလို့ဆိုပြီးရန်ထောင် ပြဿနာရှာတာပါ။ ငါးနှစ်နီးပါး Facebook သုံးလာတဲ့ကျနော့မိတ်ဆွေမှာ ဘယ်လိုနားလည်ပေးရမှန်းတောင်မသိခဲ့ပါဘူး။ ပေးပို့တဲ့လူက Facebook မှာနာမည်တူရှိတတ်တယ်ဆိုတာတောင် နားလည်ထားပုံမရပါဘူး။

မည်သို့ပင်ဖြစ်စေကာမူ၊ Network တွေကောင်းလာသမျှ Internet နဲ့ Facebook အသုံးပြုသူဦးရေဟာ အချိန်နဲ့အမျှတိုးတက်လာခြင်းဟာ ကောင်းသောလက္ခဏာ တစ်ရပ်ဖြစ်ပါတယ်။ Online Marketing ကိုယုံကြည်သက်ဝင်သော စီးပွားရေးလုပ်ငန်းများကတော့ ယခုဖွံ့ဖြိုးစအခြေအနေကို အမိအရဆုပ်ကိုင်ပြီး သူ့ထက်ငါနေရာဦးအောင် အပြိုင်အဆိုင် Facebook Advertising တွေလုပ်နေကြပါပြီ။

သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းမှာကြော်ငြာရင် လက်ရှိမှာထိရောက်မှုရှိနေသေးပေမဲ့၊ ရင်းနှီးမြုပ်နှံမှုပမာနနဲ့မြန်ဆန်စွာထိုးဖောက်နိုင်မှုမှာ Facebook Advertising ကိုမမီပါဘူး။ Facebook သုံးတဲ့လူငယ်အများစုနဲ့ ဒွန်တွဲနေခြင်းကြောင့် သတင်းဖြန့်ဝေမှုအပိုင်း (သို့) Branding လုပ်တဲ့အပိုင်းမှာ လွန်စွာထိရောက်ပါတယ်။ လူသတင်းလူချင်းဆောင် ဆိုသလို တစ်ယောက်နဲ့ တစ်ယောက် Share ရင်း မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အခြားသော ဝါသနာတူ Facebook user တွေဆီကိုပါ ပျံ့နှံ့သွားပါတော့တယ်။

Facebook မှာ Advertising လုပ်တော့မယ်ဆိုရင်တော့ Fan Page တစ်ခုရှိဖို့လိုအပ်ပါတယ်။ Page ကို အသက်ဝင်အောင် (Active) ဖြစ်အောင် ဖန်တီးယူရပါမယ်။ ဆိုလိုတာကတော့ ကိုယ့်ရဲ့ Page ကို လူကြိုက်များအောင်၊ Like များများရအောင် Engaging Post တွေကို မကြာခဏဆိုသလို Update လုပ်ပေးရပါမယ်။ Facebook မှာ Paid Version Advertising လုပ်ခြင်းဟာ ကိုယ့်ရဲ့လုပ်ငန်းအတွက်များစွာ အထောက်အကူဖြစ်စေပေမဲ့ Manual လုပ်ရမဲ့အရာတွေအများကြီးရှိပါတယ်။ ဥပမာ Visual ကောင်းကောင်း၊ Copy ကောင်းကောင်း Post တင်ခြင်းမျိုး၊ ကိုယ့်ရဲ့ Reputation အတွက် Bad Comment ကို Editing လုပ်ခြင်းမျိုးပါ။

Page တစ်ခုလုပ်ပြီးပြီဆိုပြီး ဒီအတိုင်းမထားလိုက်ပါနဲ့။ ကိုယ်မှာ Activity မရှိဘဲ ဘယ်သူမှ လာပြီး Like မလုပ်ပါဘူး။ ကိုယ့်ရဲ့ Personal Account ထဲက Friend တွေကို Like ဖို့ invite လုပ်ရင်တောင်မှ အကန့်အသတ်တစ်ခုထိပဲ ထိရောက်မှာပါ။ Personal Account တစ်ခုမှာ Friend ၅၀၀၀ အထိပဲရှိခွင့် ရှိပါတယ်။ Invite လုပ်တိုင်းလဲ Like ရချင်မှ ရတာပါ။

Facebook ကို Focus ထား Marketing လုပ်ချင်တဲ့ Corporate Business တွေအတွက်ကတော့ Paid Advertising ကိုမဖြစ်မနေလုပ်ရမှာပါ။ Paid Version ရဲ့အားသာချက်တွေကတော့ ကိုယ်ဦးတည်တဲ့ Market ကို Target ထားနိုင်ခြင်း (နေရာဒေသ၊ ယောကျင်္ားမိန်းမ၊ အသက်အရွယ်၊ ဝါသနာ၊ ဝင်ငွေ အစရှိတဲ့ Demographic မျိုးစုံ) ဖြစ်တဲ့အတွက် မလိုအပ်တဲ့နေရာမှာ ကိုယ့်ရဲ့ Marketing Budget Drain မဖြစ်အောင် Filter လုပ်နိုင်ပါတယ်။ ကိုယ်ရည်ရွယ်တဲ့ Customer သာ ကိုယ့်ဆီကိုလာလည်ပါတယ်။

Facebook Advertising Model ဟာ Google ရဲ့ Search Engine Marketing (PPC) နဲ့ အခြေခံအားဖြင့် တူပါတယ်။ CPC (Cost Per Click), CPM (Cost Per Thousand Impressions) Bidding Model တွေဖြစ်ပါတယ်။ Advertiser တွေရဲ့ အကြောင်းအရာတစ်ခုအပေါ် အပြိုင်အဆိုင်လေလံဆွဲခြင်းပေါ်မူတည်ပြီး Click တစ်ချက်ကို (သို့) ကိုယ့်ရဲ့ ကြော်ငြာကို Click နှိပ်နှိပ်၊ မနှိပ်နှိပ် အကြိမ်တစ်ထောင် ပြပြီးခြင်းပေါ်မှာမူတည်ပြီး Facebook က ပိုက်ဆံယူပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့လုပ်ငန်းရှင်တွေအတွက် လက်ရှိအချိန်မှာအားသာချက်ကတော့ Facebook Advertising Cost ဟာ အင်မတန်မှ သက်သာလို့ပါပဲ။ အကြောင်းမှာ ယဉ်ပြိုင်မှု (Competition) ဟာ အခြားနိုင်ငံတွေနဲ့ယှဉ်ရင် အများကြီးကိုနည်းပါတယ်။ အခြားအင်တာနက်ဖွံ့ဖြိုးပြီးသားနိုင်ငံတွေမှာ ကိုယ့်ကြော်ငြာအတွက် Click တစ်ချက်ကို မြန်မာငွေ ၂၅၀၀ မှ ၅၀၀၀ ကြားပေးနေရတဲ့အချန်မှာ မြန်မာနိုင်ငံမှာ Click တစ်ချက်ကို ၁၅၀ မှ ၃၀၀ ကြားပဲပေးရပါတယ်။ Facebook ကတော့ ယှဉ်ပြိုင်မှုနည်းလို့ ပိုက်ဆံပိုမယူပါဘူး။ အချိန်ကြာလာတာနဲ့အမ ျှ၊ ယှဉ်ပြိုင်မှုတွေများလာတာနဲ့အမ ျှ ဒီစျေးနဲ့ မရတော့ပါဘူး။ စျေးနှုန်းသာတက်ပြီး ဘယ်သောအခါမှ ပြန်မကျတော့ပါဘူး။ ဒါကြောင့်မြေကြီးလက်ခတ်မလွဲ အင်တာနက်ထွန်းကားလာမယ့် မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းရှင်များအတွက် ကိုယ်ရည်ရွယ်တဲ့ Customer ရနိုင်တဲ့အတွက် လက်လွတ်မခံသင့်တဲ့ အခွင့်အရေးကောင်းတစ်ရပ်ပါ။

Like အကြောင်းကိုပြောပါဦးမယ်။ အခြေခံအားဖြင့် Like များတဲ့ Page ကိုလူတွေက အထင်ကြီးကြပါတယ်။ ပုံမှန်အားဖြင့်ဆိုရင်တော့ လူကြိုက်များလို့၊ Engagement များလို့၊ Like များတယ်ပေါ့။ မဟုတ်ပါဘူး။ Facebook Like ဆိုတာ ဝယ်လို့ရပါတယ်။ အရေအတွက် ၅၀၀၊ ၁၀၀၀ ကစလို့ သောင်းဂဏန်း၊ သိန်းဂဏန်းထိဝယ်လို့ရပါတယ်။ Facebook Account အစစ်နဲ့ Like တွေပါ။ “Like Farm” တွေပေါ့။ ကျနော်တို့အနေနဲ့က ဝန်ဆောင်မှုတစ်ရပ်အနေနဲ့ လိုချင်တဲ့သူတွေရှိရင်ဝယ်ပေးနိုင်ပေမယ့် Like ဝယ်ခြင်းကို အားမပေးပါဘူး။ အကြောင်းမှာ Like များလို့ ကိုယ့် Page ကိုလူအထင်ကြီးခံရနိုင်ပေမဲ့၊ ကိုယ် Target ထားတဲ့ Customer မလာတဲ့အတွက် ကိုယ့်ရဲ့ တစ်ကယ့် Business အတွက်ဘာမှအကျိုးမဖြစ်ထွန်းပါဘူး။ Facebook Organization အတွက်ကလဲ Like ဝယ်ထားတဲ့ သံသယဖြစ်စရာ (Suspicious Page) ဖြစ်နေတဲ့အတွက် ဘာမှအကူအညီမပေးပါဘူး။

Facebook Page Timeline မှာ Info တွေဖြစ်တဲ့ “Ratings” တို့ “talking about this” ဆိုတာရှိပါတယ်။ User Engagement Parameter တွေဖြစ်ပြီး တစ်ပတ်အတွင်း ဘယ်နှစ်ယောက်က စိတ်ဝင်တစား ဒီ Page ကိုလာသလဲပေါ့။ သာမန် Facebook သုံးတဲ့သူတစ်ယောက်အနေနဲ့ အဲဒီအချက်အလက်တွေကိုကြည့်ခြင်းအားဖြင့် အဲဒီ Page ဟာ Like ဝယ်ထားတဲ့ Page လား၊ အမှန်တစ်ကယ်လားဆိုတာ လွယ်ကူစွာ သိနိုင်ပါတယ်။ “talking about this” ဟာ Like လုပ်ထားတဲ့ ဦးရေရဲ့ ၁% လောက်တောင် မပြည့်မီဘူးဆိုရင် အဲဒီ Page ဟာ Like ဝယ်ထားတာဖြစ်ဖို့ ၉၀% သေချာပါပြီ။ ၁၀% ကတော့ Page Owner က Activity လုပ်၊ မလုပ်ပေါ်ပဲမူတည်တော့ပါတယ်။

လူအများစိတ်ဝင်စားတဲ့ အကြောင်းအရာ Page မျိုးတွေမှာ Organic Like တွေ၊ User Engagement တွေ ပိုများပြီး အောင်မြင်ပါတယ်။ ဥပမာ Celebrity Page မျိုး (Credit to: https://www.facebook.com/myanmarcelebrities) ၊ သတင်း Community မျိုး (Credit to: https://www.facebook.com/pages/ကောင်းထက်/360143974090944)၊ ဝါသနာအခြေခံတဲ့ Page မျိုး (Credit to: https://www.facebook.com/wutyeefoodhouse) ၊ လူမှုကောင်းကျိုးအတွက် အခမဲ့ဝန်ဆောင်မှု NGO page မျိုး (Credit to: https://www.facebook.com/AccDonationGroup) တွေဟာ ပိုပြီးအောင်မြင်ပါတယ်။

Facebook ကိုလူတိုင်း ကိုယ့်အတွက်အကျိုးဖြစ်ထွန်းတဲ့ဘက်မှာ အသုံးချနိုင်ကြပါစေ။

Online Marketing အတွက် အကူအညီလိုအပ်ခဲ့ရင် info@seomyanmar.com ကိုအချိန်မရွေး ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်။

seomhkl

Comments are closed.

Share
Published by
seomhkl
Tags: Social Media Marketing

Recent Posts

  • Blog

Social Post တွေတင်တဲ့အခါဘာတွေသိထားသင့်လဲ?

နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…

2 years ago
  • Blog

Australian User 8 Million ရှိသွားတဲ့ Snapchat

Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…

2 years ago
  • Blog

X နဲ့ Threads ကြားက ကွာခြားချက်များ

Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…

2 years ago
  • Blog

LinkedIn Engagement Boost မယ်ဆိုဘာတွေသိထားသင့်လဲ?

Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……

2 years ago
  • Blog

Digital Marketing မှာအရေးပါတဲ့ Visual Content

  ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…

2 years ago
  • Blog

Organization တွေအတွက် အသုံးဝင်စေမယ့် Knowledge Sharing Tools (၂) ခု

ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်…  …

2 years ago