သေးငယ်သော Smartphone Keyboard များမှ ရှည်လျားသော Status များ တင်ရန် ခက်ခဲနေပါသလား။ ယခုအခါ Facebook မှ Voice Clips ဖြင့် Status များ တင်နိုင်ရန် စမ်းသပ်လျက် ရှိသည်။ TechCrunch ၏ ပြောကြားချက်အရ Facebook Voice Clips Status များကို အိန္ဒိယမှ Facebook အသုံးပြုသူများ၏ ရာခိုင်နှုန်း အနည်းငယ်ထံတွင် စမ်းသပ်ခဲ့ကြောင်း သိရသည်။ ယခုစမ်းသပ်မှုအား ယခင်တစ်ပတ်မှ စတင်ခဲ့ပြီး Twitter အသုံးပြုသူ “Abhishek Saxena” မှ သူစမ်းသပ်ခဲ့သော Screenshot အား မျှဝေခဲ့သည်။
ယခု Update တွင် သင်သည် Facebook အသုံးပြုသောအခါ “Add Voice Clip” အား နှိပ်၍ အသံဖြင့် Status များ တင်နိုင်မည် ဖြစ်သည်။ “Add Voice Clip” နှိပ်ထားစဉ်တွင် အသံလှိုင်းပုံစံများ ပေါ်လာမည်ဖြစ်ပြီး သင်၏ပြောကြားမှုများကို အသံသွင်းမည်ဖြစ်သည်။ ယခုလတ်တလောတွင်မူ အသံ၏ကြာချိန်အား ကန့်သတ်ထားမည် မဟုတ်ဘဲ Status အဖြစ်မတင်မီ သင်သည် Preview ကြည့်ရှုနိုင်မည် ဖြစ်သည်။ ဤအချက်မှာ Live Audio နှင့် မတူသော ကွာခြားချက်တစ်ခု ဖြစ်သည်။
“ကျွန်တော်တို့ဟာ လူတွေ သူတို့သူငယ်ချင်း မိတ်ဆွေတွေ၊ မိသားစုတွေနဲ့ Facebook ပေါ်မှာ ပိုပြီး စိတ်ချယုံကြည်ရတဲ့ ချိတ်ဆက်မှုတွေ ရရှိအောင် အမြဲကြိုးစား နေပါတယ်။ ဒီ Voice Clip တွေက လူတွေ ကြားခံနယ် Medium အသစ်အပေါ်မှာ သူတို့အကြောင်း ပိုမိုဖော်ပြ စေနိုင်မှာပါ” ဟု TechCruch ထံ စမ်းသပ်မှုအား Facebook မှ အတည်ပြုပြောကြား ခဲ့သည်။
ယခု Voice Clip Update အား မည်သည့် နေရာတွင် အသုံးပြု သင့်သနည်း?
Voice Clip များဖြင့် Personal Sharing များ အတွက် ပိုမိုလွယ်ကူစွာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။ TechCrunch ကမူ အချို့စာဖြင့် ရေးသားရန်ခက်ခဲသော ဘာသာစကားများအတွက် အသုံးဝင်ကြောင်း သုံးသပ်သည်။ ဤ Voice Clip Status အား ငယ်ရွယ်သော Facebook အသုံးပြုသူများက ပိုမိုသုံးစွဲကြလိမ့်မည် ဟု ခန့်မှန်းထားသည်။
Social Media Marketing အနေဖြင့် ဤ Voice Clip Status သည် ဖြန့်ဖြူးခြင်း၊ ဆက်သွယ်ခြင်းများအတွက် အထောက်အကူပြုသော Tool တစ်ခုဖြစ်လာနိုင်သည်။ Brand များအတွက် Value ပေးနိုင်သော Tool တစ်ခု ဖြစ်လာနိုင်သလား။ အသုံးပြုမှု တွင်ကျယ်လာသည်နှှင့်အမျှ Page option တစ်ခုအနေဖြင့် ထည့်သွင်းလာနိုင်သည်။ Option တစ်ခုထက်ပို အသုံးချနိုင်ခြင်းသည် ကောင်းသော လက္ခဏာဖြစ်ပါသည်။
Facebook ကမူ ယခုစမ်းသပ်မှုကိုသာ အတည်ပြုပြောကြားခဲ့ပြီး အသေးစိတ် အချက်အလက်များအား ဖော်ပြခြင်းမရှိသေးပါ။
Ref: Social Media Today
နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…
Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…
Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…
Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……
ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…
ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်… …