Content Writer တစ်ယောက်အတွက် တစ်နေ့မှာ Content ဘယ်လောက်များများရေးနိုင်တယ်ဆိုတာ ထက်တန်ဖိုးရှိတဲ့ ပြောင်မြောက်တဲ့ Content တွေဖန်တီးနိုင်ဖို့ဆိုတာပိုအရေးကြီးပါတယ်။ယနေ့ခေတ်မှာ စီးပွားရေးလုပ်ငန်းရှင်တွေဟာ Social Media Platform တွေကိုအသုံးချပြီးဈေးကွက်ချဲ့ထွင်လာတာနဲ့အညီ Social Media မှာ Audience ကိုဆွဲဆောင်နိုင်မဲ့ ပြောင်မြောက်တဲ့ Content တွေကိုရေးသားနိုင်ဖို့ ဆိုတာ အလွန်အရေးကြီးပါတယ်။ Social Media မှာအောင်မြင်မဲ့သော့ချက်ဟာ Audience တွေကိုတန်ဖိုးရှိတဲ့အကြောင်း အရာတွေကိုရေး သားဆွဲဆောင်ဖို့ပါ။
Content ရေးခြင်းဟာအပြောလွယ်သလောက် လက်တွေ့မှာလုပ်နိုင်ဖို့ ခက်ခဲပါတယ်။ ပြောင်မြောက်တဲ့ Content တစ်ခုရဖို့ အတွက် အတွေးအခေါ် စိတ်နေစိတ်ထား စိတ်ပါဝင်စားမှု လေ့လာ နိုင်စွမ်း စတဲ့အချက်တွေများစွာလိုအပ်ပါတယ်။ယခုဖော်ပြပေးမဲ့ နည်းလမ်း လေးသွယ်ကတော့ သင့်ရဲ့ Content တွေဖန်တီးမဲ့နေရာမှာ အထောက်အကူပေးနိုင်မယ်လို့မျော်လင့်ပါတယ်…
– Audience တွေရဲ့မေးခွန်းကိုတွေကို ဂရုစိုက်ပေးပါ
သင် Social Media Platform တွေပေါ်မှာရေးတဲ့ Content တစ်ခုဟာသင်သေချာလေ့လာထားတဲ့ Content ဖြစ်ရပါမယ်။ ဒီအချက်က ရိုးရှင်းပြီး ထိရောက်တဲ့ Content တစ်ပုဒ်ကိုသင့်ရဲ့ Audience တွေဆီကို ပို့ပေးနိုင်ပါတယ်။ လုပ်ငန်းခွင်ထဲ (သို့) Social Media တွေမှ တဆင့်မေးမြန်းမှုတွေ သင့်ဆီကိုရောက်ရှိလာခဲ့မယ်ဆိုရင် အဲ့ဒီမေးခွန်းတွေကို သေ ချာမှတ်ထားပေးပြီး ကိုက်ညီတဲ့ အဖြေ တွေကိုပြန်ဖြေပေးပါ။ သင်ဟာသင့်ရဲ့ Audience တွေရဲ့သိလိုမှုတွေကို ကောင်းကောင်းဂရုစိုက်ပေးတယ်ဆိုရင်သင့်ရဲ့ Social Media Content တွေဟာ ကောင်းမွန်တဲ့ Social Media Content တွေဖြစ်လာပါလိမ့် မယ်။
– Audience မျှော်လင့်တဲ့ Content ပုံစံလေးတွေကိုဂရုစိုက်ပေးပါ
တခါတလေမှာ သင်ရေးတဲ့ Content တွေဟာကောင်းနေပေမဲ့ Audience တွေဖတ်ချင်တဲ့ပုံစံနဲ့ လွဲနေတာလေးတွေဖြစ်တတ်ပါတယ်။ ဒီတစ်ချက်ဟာလည်း ဂရုစိုက်လုပ်ဆောင်ရမဲ့ အချက်ထဲမှာပါဝင်ပါတယ်။ ဒါကြောင့်မို့သင်ရေးမယ့် Content ဟာ Audience တွေသိလိုတဲ့ Content မျိုးဖြစ်နေမယ်ဆိုရင် သင်ဟာ Social Media Platform မှာ စစ်မှန်တဲ့ Engagement တွေကိုရရှိနိုင်မှာဖြစ်ပါတယ်။
– သင့်ရဲ့ အတွေ့အကြုံဖြစ်စဉ်အချို့ကိုဝေမျှပေးပါ
သင့်ရဲ့ Honest Review ဒါမှမဟုတ် Honest experience တစ်ချို့တစ်ဝက်ကို သင့်ရဲ့ Audience ကိုဝေမျှပေးပါ။ ဒီလိုလေးဝေမျှပေးခြင်းအားဖြင့် Audience ဟာသင့်အပေါ်မှာ ပိုမိုယုံကြည်လာနိုင်ပါတယ်။
– သင့်လျော်တဲ့သမိုင်းဝင်အကြောင်းအရာများကိုဝေမျှပေးပါ
Social Media ဆိုတာ Storytelling Platform တစ်ခုဆိုလည်းမမှားပါဘူး။ တခါတရံမှာသင်တင်နေကျ Content တွေမဟုတ်ပဲ စွဲမက်စရာစိတ်ဝင်စားစရာကောင်းတဲ့ သမိုင်းဝင် Story တွေကိုလည်း သင်ရဲ့ Audience တွေကိုဝေမျှပေးပါ။ တခါတရံမှာ သင့်ရဲ့ Audience တွေကိုအပြောင်းအလဲလေး တွေတင်ပေးခြင်းအားဖြင့် Audience ရဲ့ Engagement ပိုမိုရရှိတတ်ပါတယ်။
ယခုဖော်ပြသွားတဲ့အချက်တွေဟာ သင့်အနေနဲ့ Content ကောင်းတွေဖန်တီးရာမှာအထောက် အကူပြုမယ်လို့မျော်လင့်ပါတယ်။
Ref-joshspector
နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…
Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…
Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…
Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……
ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…
ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်… …