Categories: Blog

သတိမပြုမိတဲ့ Google နဲ့ပတ်သတ်တဲ့ အကြောင်းအရာများ

ဒီတစ်ခေါက်မှာတော့ Google Google နဲ့ပြောနေကြပြီးတော့ သတိမပြုမိတဲ့ Google နဲ့ပတ်သတ်တဲ့ အကြောင်းအရာ အချို့ကို ‌Sharing လုပ်ပေးသွားချင်ပါတယ်…

 

Google လို့ပြောလိုက်တာနဲ့ လူတိုင်းနီးပါးကတော့ ကိုယ်မသိတဲ့ အကြောင်းအရာတွေကို အင်တာနက်ရှိရင် ရှာလို့ရတဲ့ အရာလို့ သိထားကြပါတယ်။ နည်းနည်းပိုသိတဲ့သူတွေကတော့ Google က Search Engine တစ်ခုဆိုပြီး သိကြပါတယ်။ Messenger တို့ Viber တို့တွင်တွင်ကျယ်ကျယ် အသုံးမပြုခင်အချိန်တုန်းက အမှတ်ရစရာ အဖြစ်အပျက်အချို့ကို Google ရဲ့ Service တစ်ခုဖြစ်တဲ့ G-talk မှာကြုံဖူးခဲ့ကြမယ် ထင်ပါတယ်။ ဒီ G-talk ဆိုတာ Google ကပိုင်တဲ့ Service တွေကတစ်ခု အပါအဝင်ဖြစ်ပြီး ၂၀၁၅ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ Google က Shut Down လုပ်ခဲ့ပါတယ်။ ဒီ G-talk နဲ့ပတ်သတ်တဲ့ Contact တွေကိုတော့ Hangout ဆိုတဲ့ Chrome Extension မှာသွားကြည့်နိုင်ပါတယ်။ ပြောရင်းနဲ့ G-talk ဘက်ရောက်သွားတဲ့အတွက် ဆိုလိုရင်း အကြောင်းအရာဘက်ကို ပြန်သွားပါမယ်။ 

 

ဒီတော့ သတိမထားမိတဲ့ Google နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကတော့… Google က ကိုယ်သိချင်တဲ့ အကြောင်းအရာတွေကို ရှာဖွေလို့ရတဲ့ Search Engine တစ်ခုသာမက သူ့မှာ Product နဲ့ Service တွေလည်း ရှိပါသေးတယ်။ Online Ads အများအပြားကိုလည်း Google စာမျက်နှာတွေပေါ်မှာ တွေ့နိုင်ပါတယ်။  

 

Google ရဲ့ Product တွေကတော့ လက်ရှိလုပ်ငန်းခွင်တွေမှာ အသုံးပြုနေကြတဲ့ Gmail, Google Drive, Google Photo, Google Map, Google Calendar နဲ့ အခြား Product တွေဖြစ်ပါတယ်။ နောက်ထပ် Google ရဲ့ Product တစ်ခုကတော့ Second Largest Search Engine ဖြစ်တဲ့ YouTube ပဲဖြစ်ပါတယ်။ ဒီ YouTube ကိုတော့ Google က ၂၀၀၆ နိုဝင်ဘာလမှာ ဝယ်ယူခဲ့ပါတယ်။ 

 

Google ရဲ့ Service တွေကတော့ Website Developer တွေ Publisher တွေအတွက် အားကိုးစရာ Tool တစ်ခုဖြစ်တဲ့ Google Analytics, Google Webmaster Tool တို့ပါဝင်ပါတယ်။ နောက်ထပ် Google User တွေအတွက် အထောက်အကူ ဖြစ်စေမယ့် Google Service တွေကတော့ Google Video, Google News, Google Flight, Google Shopping နဲ့ အခြားသော Service တွေဖြစ်ပါတယ်။ Facebook နဲ့ သဏ္ဍာန်တူတဲ့ Google ရဲ့ Service တစ်ခုဖြစ်တဲ့ Google+ ကတော့ ၂၀၁၉ ဧပရယ် ၂ ရက်နေ့မှာ Shut Down လုပ်ခဲ့ပါတယ်။ 

 

ဒီအချက်တွေကတော့ Google နဲ့ပတ်သတ် သာမန် User တွေသတိမထားမိတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ အင်တာနက်နဲ့ လုပ်ငန်းလုပ်ကိုင်ကြတဲ့ သူတွေအနေနဲ့က Gmail, Google Drive တို့က သိထားပြီးလောက်ပါတယ်။ ဒါကြောင့် ဒီအချက်တွေကို ဝေမျှပေးခြင်းဖြစ်ပါတယ် မိတ်ဆွေတို့သိထားတဲ့ Google ရဲ့ လူသတိမထားမိတဲ့ အချက်တွေရှိခဲ့ရင်လည်း ပြန်လည်ဝေမျှခဲ့လို့ရပါတယ်။

 

Min Thuta

Share
Published by
Min Thuta

Recent Posts

  • Blog

Social Post တွေတင်တဲ့အခါဘာတွေသိထားသင့်လဲ?

နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…

2 years ago
  • Blog

Australian User 8 Million ရှိသွားတဲ့ Snapchat

Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…

2 years ago
  • Blog

X နဲ့ Threads ကြားက ကွာခြားချက်များ

Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…

2 years ago
  • Blog

LinkedIn Engagement Boost မယ်ဆိုဘာတွေသိထားသင့်လဲ?

Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……

2 years ago
  • Blog

Digital Marketing မှာအရေးပါတဲ့ Visual Content

  ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…

2 years ago
  • Blog

Organization တွေအတွက် အသုံးဝင်စေမယ့် Knowledge Sharing Tools (၂) ခု

ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်…  …

2 years ago