Categories: Blog

Recycle Bin ကို Schedule ဘလိုလုပ်မလဲ?

Windows 10 User တွေအတွက် မလိုအပ်တဲ့ Trash File တွေကို Recycle Bin ထဲကနေ Clean ဖို့ကို Schedule လုပ်ထားနိုင်မယ့် နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။ ဒီနည်းလမ်းက ကွန်ပျူတာကို အမြဲမသုံးတဲ့ သူတွေအတွက် မလိုအပ်ပေးမယ့်…နေ့စဥ်နဲ့ အမျှကွန်ပျူတာကို အသုံးပြုနေတဲ့သူတွေအတွက်ကတော့ အထောက်အကူပြုနိုင်ပါတယ်။ Trash File တွေကို Clean ပေးခြင်းက Series အမြင့်ကွန်ပျူတာတွေအတွက် မလိုအပ်လောက်ပေမယ့် သုံးရတာလေးတယ်၊ ဟန်းတယ်ဆိုတဲ့ ကွန်ပျူတာတွေအတွက်တော့ အနည်းငယ်ပေါ့ပါးသွားစေနိုင်ပါတယ်။ Manual အနေနဲ့ Recycle Bin ကို Clean ပေးတာက နေ့စဥ်နှင့်အမျှဆိုရင် မေ့သွားတာမျိုးတွေ ဖြစ်သွားပါတယ်။ ဒါကြောင့် ရုံးဆင်းခါနီး၊ ကွန်ပျူတာ အသုံးပြုပြီးခါနီး အချိန်တွေကို Schedule လုပ်ထားပေးမယ်ဆိုရင်တော့ နည်းနည်း Productive ဖြစ်လာနိုင်ပါတယ်။ ကဲပြောနေတာလည်းများနေပြီဆိုတော့ Schedule လုပ်နည်းကို ဖော်ပြပေးပါမယ်…

 

အဆင့် (၁) 

သင့်ကွန်ပျူတာပေါ်မှာ Shortcut ရှိမယ်ဆိုရင် Task Scheduler App ကိုဖွင့်ပါ။ မရှိဘူးဆိုရင်တော့ Commend နဲ့ခေါ်ဖို့ “Windows+R” ကိုနှိပ်ပြီး taskschd.com ဆိုတဲ့ Commend ရိုက်ပြီးခေါ်နိုင်ပါတယ်။

 

အဆင့် (၂)

Box ကျလာပါရင် “Create Basic Task” ကိုရွေးပါ။

 

အဆင့် (၃) 

“Create Basic Task Wizard” Box ကျလာပါက Name မှာ “Auto Clean Recycle Bin” နဲ့ Description မှာ “Automatically clean the Recycle Bin every week” လို့ရေးပေးပါ။ ဒီအချက်တွေပြီးရင် “Next” ကိုနှိပ်ပေးပါ။

 

အဆင့် (၄)

“Next” နှိပ်ပြီးပါက “Weekly” ဆိုတဲ့ Tab ပေါ်လာပါမယ်။ အထဲက Option တွေကိုသင့်စိတ်တိုင်းကျ ရွေးချယ်နိုင်ပါတယ်။ 

 

အဆင့်(၅)

“Start a Program” မှာပုံထဲကဖော်ပြထားတဲ့အတိုင်းရေးပေးပါ။ ဒါပေမဲ့ ညာဘက်က အနီရောင်ဝိုင်းထားတဲ့ Box မှာတော့( /c “echo Y|PowerShell.exe -NoProfile -Command Clear-RecycleBin” ) ကိုရေးပေးရပါမယ်။ ဒီအချက်တွေပြီးရင် “Next” ကိုနှိပ်ပေးပါ။

 

အဆင့် (၆)

စစ်ဆေးစရာတွေ စစ်ဆေးပြီးရင် “Finish” ကိုနှိပ်ပေးပါ။ 

 

အဆင့် (၇)

အဆင့် အားလုံးလုပ်ပြီးပြီဆိုရင်တော့ Task Scheduler Main Window ထဲမှာ “Auto Clean Recycle Bin” ကိုတွေ့ပြီဆိုရင် “Run” ကိုနှိပ်ပြီး Shcedule ချထားနိုင်ပါပြီ။ အားလုံးအဆင်ပြေမယ်လို့ မျှော်လင့်မိပါတယ်။

 

Min Thuta

Share
Published by
Min Thuta

Recent Posts

  • Blog

Social Post တွေတင်တဲ့အခါဘာတွေသိထားသင့်လဲ?

နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…

2 years ago
  • Blog

Australian User 8 Million ရှိသွားတဲ့ Snapchat

Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…

2 years ago
  • Blog

X နဲ့ Threads ကြားက ကွာခြားချက်များ

Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…

2 years ago
  • Blog

LinkedIn Engagement Boost မယ်ဆိုဘာတွေသိထားသင့်လဲ?

Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……

2 years ago
  • Blog

Digital Marketing မှာအရေးပါတဲ့ Visual Content

  ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…

2 years ago
  • Blog

Organization တွေအတွက် အသုံးဝင်စေမယ့် Knowledge Sharing Tools (၂) ခု

ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်…  …

2 years ago