
Instagram ကတော့ သူ့ Platform ကသူတွေ Request လုပ်တဲ့ Feature Update တစ်ခုကို ထပ်မံ လိုက်လျောပေးလိုက်ပါတယ်။ ဒါကတော့ User တွေရဲ့ IG Bio မှာ Link ၅ ခုထပ်ပြီးထည့်နိုင်သွားတာပဲ ဖြစ်ပါတယ်။ ဒီအချက်ကတော့ Bio တွေကနေ Traffic Driving လုပ်နေတဲ့သူတွေ၊ Business တွေအတွက် ပိုကောင်းတာမယ့်အရာပဲ ဖြစ်ပါတယ်။
ဒီ Feature ကတော့ သင့်ရဲ့ IG Bio ကိုကြည့်လိုက်ရင် Link ဘယ်လောက်ထပ်ထည့်ထားလဲ ဆိုတာကို မြင်ရမှာပဲ ဖြစ်ပါတယ်။ ဥပမာ – သင်က Bio မှာ သင် Traffic Driving လုပ်ချင်တဲ့ အခြား Platform တွေဖြစ်တဲ့ Facebook, YouTube အစရှိတဲ့နေရာတွေကို Link-tree နဲ့ Direct လုပ်နိုင်သွားမှာ ဖြစ်ပါတယ်။
ဒီ Link-tree ရှိလာတာက အခြား Third-Party Linking Tool တွေအတွက်တော့ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ အရင်က ဒီ Link-tree သုံးချင်ရင် Paid လုပ်ပြီးသုံးနေတာတွေမလိုတော့တဲ့အတွက် IG User တွေအတွက်က ပိုပြီး အကျိုးရှိလာတာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။
Branding လုပ်နေတဲ့ လုပ်ငန်းတွေအနေနဲ့လည်း IG Bio ကနေ Traffic Driving လုပ်နိုင်သွားတဲ့အတွက် Personal Use အတွက်တော့ Business Use အတွက်ပါ ပိုမို အကျိုးရှိလာစေတဲ့ IG ရဲ့ Feature Update တစ်ခုလည်း ဖြစ်ပါတယ်။