Categories: Blog

Instagram ကို စီးပွားရေးလုပ်ငန်း အတွက် ရွေးချယ်မယ်ဆိုရင် ဒီ Tips တွေကို ဂရုစိုက်ပါ

လူကြီးမင်းတို့ရဲ့ လုပ်ငန်းတိုးတက်ဖို့ ပိုမိုတိုးချဲ့ လုပ်ကိုင်ချင်တယ်ဆိုရင် Traditional Marketing နည်းလမ်း နဲ့ပဲမလုပ်ကိုင်ပဲ Digital Marketing နည်းလမ်းတွေကို ပါအသုံးပြုကြည့်ဖို့ အကြံပြုပါရစေ။ လူသုံးများလာတဲ့ Digital Marketing နယ်ပယ်ထဲက အသုံးများလာတဲ့ Marketing နည်းလမ်းတစ်မျိုးနဲ့ တွဲပြီးသုံးနိုင်တဲ့ Tip အချို့ကို ဝေမျှသွားချင်ပါတယ်။

Social Media Marketing ယခုအချိန်ကာလမှာ ဆိုရင်တော်တော်များများ အသုံးပြုလာကြတာကိုတွေ့ကြရမှာပါ။ Facebook, Instagram, Twitter, Snapchat အစရှိတဲ့ Social Media Network တွေမှာလည်း စီးပွားရေလုပ်ငန်းတွေ ကိုချိတ်ဆက် လုပ်ကိုင်နေကျတာလည်း အများအပြားရှိလာပါပြီ။ ယခုတစ်ခေါက် ဖော်ပြပေးသွားမဲ့ အကြောင်းအရာကတော့ Instagram မှာ စီးပွားရေးလုပ်ငန်းတွေကို ချိန်ဆက်လုပ်ကိုင်နေ ကျတဲ့ အခါမှာ ပိုမို ထိရောက်တဲ့ ရလဒ်တွေကိုရရှိနိုင်မဲ့ Instagram Highlight Tip အချို့ကို ဖော်ပြပေးသွား မှာပဲဖြစ်ပါတယ်…

Product Collection

သင့် လုပ်ငန်းမှ Product အသစ်တစ်ခုကို Launch လုပ်တော့မယ်အချိန်မှာဆိုရင် သင့် Follower တွေဆီကို Stories ကနေဆင့် အသိပေးဖို့ လိုအပ်ပါတယ်။ ဥပမာ – သင့်ရဲ့ လုပ်ငန်းဟာ လက်သည်းနီ ထုတ်လုပ် ရောင်းချတဲ့ လုပ်ငန်းဆိုရင် သင့် Instagram Stories မှာ Holiday Collection ဆိုပြီး Product ကိုတင်နိုင်ပါတယ်။ Instagram User တွေထဲမှာမှ လက်သည်းနီ ကိုစိတ်ဝင်စားတဲ့ Audience တွေဟာ သင့် လုပ်ငန်းကို ပိုမိုစိတ်ဝင်လာမှာဖြစ်ပြီး User အချင်းချင်းပါ ပြန်လည် ဝေမျှတဲ့ အဆင့်ထိပါရောက်သွားနိုင်ပါတယ်။

Using Countdowns Feature

ယခုအချိန်မှာတော့ Instagram User တွေအနေနဲ့ Instagram’s Stories မှာ Creative ဖြစ်တဲ့ Countdowns Sticker လေးတွေကို အသုံးပြုနိုင်ပါပြီ။ Marketer တွေအတွက်လည်း Product Launch ပဲဖြစ်ဖြစ် Event တွေပဲဖြစ်ဖြစ် Countdown လုပ်ထားနိုင်တဲ့ အတွက် Audience ရဲ့ စိတ်ဝင်စားမှုကို ကြေညာမှု ပုံစံအသစ်နဲ့ ရရှိနိုင်ပါတယ်။ Ecommerce Retailer တွေအနေနဲ့လည်း ဒီ Feature လေးကို သုံးပြီး Limited-offer တွေ Promotion တွေကို Countdown လုပ်ထားနိုင်ပါသေးတယ်။ ဒီ Tip လေးဟာလည်း သင့်လုပ်ငန်းအတွက် ထိရောက်စေမယ့် အချက်လေးတွေထဲက တစ်ချက်အပါအဝင်ဖြစ်ပါတယ်။

Asking Question

ဒီ တစ်ချက် အနေနဲ့ Instagram’s Live တွေမှာ Question Sticker ကိုသုံးပြီး Follower တွေရဲ့ မေးခွန်းတွေကို Real-Time မှာ ဖြေပေးလို့ ရမှာဖြစ်တဲ့ အတွက် Audience နဲ့ ထိတွေ့နိုင်မှာဖြစ်ပြီး ပိုမိုခိုင်မာတဲ့ Relationship တစ်ခုကိုဖန်တီးနိုင်မှာလည်းဖြစ်ပါတယ်။ ဥပမာ- သင့် Product ရဲ့ အသုံးပြုပုံကို Instagram’s Live မှာ Question Sticker နဲ့ လွှင့်နေမယ်ဆိုရင် Audience တွေမေးတဲ့ မေးခွန်းကို လွယ်လွယ်ကူကူမြင်ပြီး ချက်ချင်း အဖြေပြန်ပေးနိုင်မှာဖြစ်တဲ့ အတွက် တော်တော်လေးကို Effective ဖြစ်ပြီး Engagement လည်း ပိုမိုရရှိလာစေနိုင်တဲ့ အချက်တစ်ချက်လို့ ပြောနိုင်ပါတယ်။

အထက်ပါအချက်တွေက Social Media Marketing မှာ သင့်အတွက် အသုံးဝင်မဲ့ Instagram Tip တွေဖြစ်ပြီး Social Media Marketing ပိုင်းမှာပါ တွဲဖက်အသုံးပြုသွားနိုင်မယ့် Tip တွေပဲ ဖြစ်ပါတယ်။

 

Min Thuta

Share
Published by
Min Thuta

Recent Posts

  • Blog

Social Post တွေတင်တဲ့အခါဘာတွေသိထားသင့်လဲ?

နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…

2 years ago
  • Blog

Australian User 8 Million ရှိသွားတဲ့ Snapchat

Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…

2 years ago
  • Blog

X နဲ့ Threads ကြားက ကွာခြားချက်များ

Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…

2 years ago
  • Blog

LinkedIn Engagement Boost မယ်ဆိုဘာတွေသိထားသင့်လဲ?

Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……

2 years ago
  • Blog

Digital Marketing မှာအရေးပါတဲ့ Visual Content

  ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…

2 years ago
  • Blog

Organization တွေအတွက် အသုံးဝင်စေမယ့် Knowledge Sharing Tools (၂) ခု

ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်…  …

2 years ago