Social Media Platform တွေဖြစ်တဲ့ Facebook, Twitter, Instagram, Snapchat အစရှိတဲ့ Social Media တွေပေါ်မှာ Video လေးတွေတင်တာ အများအပြား ခေတ်စားလာခဲ့ပါတယ်။ အဲ့ဒီလို ခေတ်စားလာတဲ့အတွက် Funny, Knowledge, Learning အစရှိတဲ့ Video အမျိုးအစားလေးတွေ နဲ့အချိန်တိုအတွင်းမှာ လူတွေဆီကို ကိုယ်ပေးချင်တယ် အကြောင်းအရာတွေကို ပေးနိုင်လာပါတယ်။ ထိုနည်းတူ Vlogger တွေကလဲ သက်ဆိုင်ရာနယ်ပယ်တွေကို ပေးချင်တဲ့အချက်အလက်တွေကို အချိန်တိုအတွင်းမှာ ပေးနိုင်ကျတော့ ဒီ Video Platform တွေဟာခေတ်စားလာပါတယ်။ အဲ့ဒီအချိန်မှာ Video လေးတွေကို တစုတစည်းတင်နိုင်မယ့် နေရာတစ်ခုရှိရင်ပိုကောင်းလာမယ်ဆိုပြီး Instagram က IGTV ဆိုပြီး App တစ်ခုကိုထုတ်လုပ်လိုက်ပါတယ်။

 

Video Channel Platform တစ်ခုအဖြစ်ထွက်ရှိလာတဲ့ ဒီ IGTV ဆိုတဲ့ App လေးမှာက Phone နဲ့ ရိုက်ထားတဲ့ Video အတိုလေးတွေကို တင်နိုင်မှာဖြစ်ပြီး တင်ထားတဲ့ Video လေးတွေကို React, Comment, Share ပြုလုပ်နိုင်ပါတယ်။ IGTV မှာတင်လို့ရတဲ့ Video တွေက Vertical အနေအထားရှိရမယ်၊ အနည်းဆုံး ၁၅ စက္ကန့် နဲ့ အများဆုံး ၁၀ မိနစ်ရှိတဲ့ Video လေးတွေသာတင်နိုင်မှာဖြစ်ပါတယ်။ App ထဲဝင်ပြီး Video လေးတွေ တစ်ခုနဲ့ တစ်ခုပြောင်းပြီးကြည့်တဲ့ အခါမှာ ဖြစ်သွားတဲ့ Action ကလုံးဝကို မိုက်ပါတယ်။ ဒီ App လေးကိုသုံးမယ်ဆိုရင် Instagram အကောင့်နဲ့သာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီတော့ မိတ်ဆွေတို့လည်းစမ်းပြီး အသုံးပြုချင်တယ် အောက်ပါ Link တို့ကနေ Download လုပ်ပြီးအသုံးပြုနိုင်ပါတယ်ခင်ဗျာ။

 

Android Link

https://play.google.com/store/apps/details?id=com.instagram.igtv&hl=en_US

 

iOS Link

https://itunes.apple.com/us/app/igtv/id1394351700?mt=8

 

Ref – Instagram

 

Leave a Reply

social sharing buttons