Categories: Blog

WWDC 2018 မှာ Apple က မိတ်ဆက်လိုက်တဲ့ iOS 12 အကြောင်း

4th June .2018 တွင်ကျင်းပခဲ့တဲ့ WWDC 2018 တွင် Apple က iOS 12 ကိုမိတ်ဆက်ပေးခဲ့ပြီး ယခုလက်ရှိမှာ အသုံးပြုနိုင်မှာကတော့ beta version ဖြစ်ပါတယ်။ Normal user တွေအနေနဲ့ကတော့ official version ထွက်မှ အသုံးပြုရင် ပိုပြီးအဆင်ပြေနိုင်ပါတယ် ၊ ဘာကြောင့်လဲဆိုတော့ beta version မှာက fix တွေရှိနေ အုံးမှာဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ iOS 12 beta version ကိုလက်ရှိမှာအသုံးပြုချင်ရင်တော့ Apple Developer Acc နဲ့ iOS 12 profile ကို upgrade လုပ်ပြီး အသုံးပြုနိုင်ပါတယ်။ ဒီ iOS 12 မှာက design အနေ နဲ့ ထွေထွေထူးထူး ပြောင်းလဲမှု မရှိပဲ feature အသစ်တွေကိုထပ်မံ ထည့်သွင်းပေး ထားပါတယ်။ Performance ပိုင်းအနေနဲ့ iOS 12 မှာ App Launch လုပ်ခြင်းက အရင် ကထက် ၄၀% ပိုမိုမြန်ဆန်လာပါတယ်၊ keyboard အပိုင်းမှာဆိုရင်လဲ အရင် iPhone 6s plus မှာပါ၀င်တဲ့ keyboard ထက် ၅၀% ပိုမို မြန်လာတယ်လို့ဆိုပါတယ် ၊ camera အနေနဲ့လဲ အရင်က apple devices တွေထက် ၇၀% ပိုမိုမြန်ဆန်လာမယ်လို့ ပြောခဲ့ပါတယ်။

iOS 12 မှာ ပါ၀င်လာတဲ့ Features သစ် အချို့

ARkit 2 Features
Augmented reality နဲ့ Apple’s ARkit development ကိုလဲ ဖော်ပြခဲ့ပြီး Apple ဟာ Pixer Company နဲ့
ပူးပေါင်းပြီး AR content တွေကို sharing လုပ်ဖို့ new file format ကို develop လုပ်ခဲ့ပါတယ်။

Measure
iOS 12 မှာပါ၀င်တဲ့ App အသစ် တစ်ခုဖြစ်ပါတယ်။ သူကတော့ အရာဝတ္ထုတွေ ကိုတိုင်းတာနိုင်တဲ့ App
တစ်ခုပါ။ အသုံးပြုပုံက တော့ ဖုန်းမှာပါ၀င်တဲ့ camera နဲ့ ကိုတိုင်းချင်တဲ့ အရာတစ်ခုကို စမှတ်၊ ဆုံးမှတ်ထား
ပြီး ရိုက်လိုက်ရုံ နဲ့ result ထုတ်ပေးနိုင်ပါတယ်။ ဒီ App လေးက သုံးရတာမိုက်မဲ့ ပုံပဲနော်။

Facetime Group Calling
Facetime ဟာဆိုရင်တော့ iOS user တော်တော်များသိတဲ့ app ပါ။ Facetime ဆိုတာ video call app
တစ်ခုဆိုလဲမမှားပါဘူး၊ ဒီတော့ အရင်က Facetime ခေါ်မယ်ဆိုရင် ဟိုဖက်ဒီဖက် ၂ ယောက်ပဲသုံးနေရ
ကာနေ အခုတော့ Facetime ကို group calling ရနေပါပြီ။ နောက်တစ်ခုမိုက်လာတာက Facetime ခေါ်
နေရင်းနဲ့ animoji, filter နဲ့ sticker packs တွေကိုပါ သုံးလို့ရသွားတာပဲ ဖြစ်ပါတယ်။

Memoji( For iPhone X)
iPhone X user တွေအတွက်တော့ ၀မ်းသာစရာ feature အသစ်လေးပါပဲ။ အရင်က animoji လေးတွေနဲ့
တောင် မိုက်နေတာ အခု customizable animoji ဖြစ်တဲ့ memoji လေးတွေဆိုတော့ စွန်းမိုက်ပေါ့ဗျာ။ အဲ့
ဒီ memoji လေးတွေကို iMessage နဲ့ Facetime မှာပါ အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်။

Animoji
Apple က animoji လေးတွေကိုလဲပစ်မထားပါဘူး။ Animoji မှာလဲ animoji လေး ၄ ခုထပ်ထည့်ပေးထားပါ
တယ်၊ ကဲဘာလေးတွေဖြစ်မလဲဆိုတော့ tiger, koala, T.rex နဲ့ ghost တို့ပဲဖြစ်ပါတယ် ။

Camera Effect
Camera effect ဟာဆိုရင်လဲ Message(iMessage) နဲ့ Facetime တွင်ပါတဲ့ camera ထဲမှာပါ effect
တွေကို သုံးနိုင်မှာဖြစ်ပြီး performance ပိုင်းမှာလဲ အရင်ကထက်မြန်မြန်ဆန်ဆန်နဲ့ အသုံးပြုနိုင်မှာဖြစ်ပါ
တယ်။

Ref – apple.com

Min Thuta

Share
Published by
Min Thuta

Recent Posts

  • Blog

Social Post တွေတင်တဲ့အခါဘာတွေသိထားသင့်လဲ?

နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…

2 years ago
  • Blog

Australian User 8 Million ရှိသွားတဲ့ Snapchat

Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…

2 years ago
  • Blog

X နဲ့ Threads ကြားက ကွာခြားချက်များ

Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…

2 years ago
  • Blog

LinkedIn Engagement Boost မယ်ဆိုဘာတွေသိထားသင့်လဲ?

Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……

2 years ago
  • Blog

Digital Marketing မှာအရေးပါတဲ့ Visual Content

  ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…

2 years ago
  • Blog

Organization တွေအတွက် အသုံးဝင်စေမယ့် Knowledge Sharing Tools (၂) ခု

ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်…  …

2 years ago