Categories: Blog

Facebook Advertising နဲ့ပတ်သတ်တဲ့ ဗဟုသုတများ

Facebook ဆိုတာ Internet ပေါ်မှာ လူသုံးအများဆုံး Social Media Platform တစ်ခုဆိုတာ မိတ်ဆွေတို့သိပြီးဖြစ်မှာပါ။ Facebook Ads ဟာမိတ်ဆွေတို့ရဲ့ ထုတ်ကုန်နဲ့လုပ်ငန်း အကြောင်းကို Customers တွေဆီသို့ထိထိရောက်ရောက်ပို့ဆောင်ပေးမဲ့နည်းလမ်းကောင်းတစ်ခုဖြစ်ပြီး ROI (Return Of Investment)လည်းမြင့်မားစွာရရှိစေပါတယ်။ ယနေ့ခေတ် ကျွန်တော်တို့နိုင်ငံမှာလဲ စီးပွားရေးလုပ်ငန်းတွေဟာ Facebook ပေါ်မှာ သူ့ထက်ငါအပြိုင်ဈေးကွက်ချဲ့ထွင်နေကျပါပြီ။ဒါပေမဲ့ Facebook Page တစ်ခုဟာ Strategy ကောင်းကောင်းမရှိပဲ တည်ဆောက်ထားတယ်ဆိုရင်တော့ ထိရောက်မှုမရှိပဲ ခေတ်နောက်ကျနေဦးမှာပါပဲ။ ကျွန်တော်တို့ဟာ Facebook မှတစ်ဆင့် Social Media Strategy တွေကိုနည်းလမ်းမှန်မှန်အသုံးပြုပြီး ထိရောက်တဲ့ ကြော်ညာတွေကို Creative ဖြစ်တဲ့ Content တွေနဲ့အတူ မိတ်ဆွေတို့ရဲ့ ထုတ်ကုန်နဲ့စီးပွားရေးလုပ်ငန်းတွေအတွက် ထိထိရောက်ရောက်စိတ်တိုင်း ကျဝန်ဆောင်မှုပေးမဲ့ Agency ဖြစ်ပါတယ်။

ယခုဆိုရင် Social Media ဟာသင့်ရဲ့စီးပွားရေးလုပ်ငန်းတွေကိုတိုးမြှင့်ဖော်ထုတ်ဖို့ အတွက်ကြီးမားတဲ့နည်းလမ်းဖြစ်လာပါပြီ။ Loyal customer တွေရရှိအောင်တည်ဆောက်ဖို့နဲ့ သင့်ကုန်ပစ္စည်းရဲ့ရောင်းအားတွေမြှင့်တင်ဖို့အတွက် Social Media Marketing ဟာထိရောက်တဲ့နည်းလမ်းတစ်ခုပါ။ Facebook ဟာဆိုရင်တော့ Social Network တွေထဲမှာယခုချိန်ထိပင်ထိပ်ဆုံးရပ်တည်နေပြီး ဈေးကွက်ရှာဖွေနေသူတွေအတွက်တော့ အဓိကရွေးချယ်စရာ Social Media Platform တစ်ခုဖြစ်ပါတယ်။ တကယ်တမ်းသင့်ရဲ့ Brand ကိုဈေးကွက်မှာထိုးဖောက်ဖို့အတွက်အသုံးပြုရမဲ့ကုန်ကျစရိတ်ကမသက်သာပါဘူး။ ဒါပေမဲ့ Facebook Ads ကိုသုံးခြင်းဖြင့်ရရှိမဲ့ကောင်းကျိုးတွေကိုတွေ့ရင် သင်ဒီလိုပြောတော့မှာမဟုတ်ပါဘူး။

ယခုခေတ်မှာလူတွေဟာSocial Media ပေါ်မှာအချိန်အကြာကြီးကုန်ဆုံးနေတတ်ပါပြီ။ ဒါကြောင့်လူသုံးများတဲ့ Facebook ကိုလျစ်လျူရှုထားလို့မရပါဘူး။ သင့်ရဲ့ Business အတွက် Facebook Page တစ်ခုတော့ရှိသင့်ပါတယ်။ သင့်ရဲ့Customer အသစ်တွေရရှိဖို့အတွက် Facebook ကကူညီပေးပါလိမ့်မယ်။လူတွေဟာတစ်နေ့မှ ပျမ်းမျှ 1.72 Hours ကို Social Network တွေပေါ်မှာကုန်ဆုံးတတ်ကျတယ်လို့ဆိုပါတယ်။ အဲ့ထဲမှာမှ 40 Minutes ခန့်ကို Facebook ပေါ်က Post တွေ Content တွေကို Liking & sharing လုပ်ရင်းကုန်ဆုံးပါတယ်။ မိနစ်တိုင်းမှာFacebook User တွေဟာ 4.1 million ပမာဏလောက် Post တင်ခြင်း Comment ပေးခြင်း Photo တင်ခြင်းစတာတွေကိုပြုလုပ်တယ်လို့ဆိုပါတယ်။ လူတွေရဲ့အချိန်တော်တော်များများကို ဒီ Facebook ပေါ်မှာကုန်ဆုံးတာကြောင့် မဖြစ်မနေသင့်ရဲ့ Business တွက် Facebook Page တစ်ခုတော့ရှိသင့်ပါတယ်။ယခုဆို 2 Million ပမာဏရှိတဲ့ Facebook Advertiser တွေဟာ Facebook ကိုအသုံးပြုနေပါပြီ။ အခုဖော်ပြပေးမှာကတော့ Facebook Ads ကိုဘာကြောင့်သုံးသင့်လဲဆိုတဲ့အချက်အချို့ပဲဖြစ်ပါတယ်။

(1)Facebook ads တွေဟာသင့်ရဲ့ Business ကို မှန်ကန်တဲ့ Audience
တွဆီရောက်ရှိအောင်ကူညီပေးနိုင်ပါတယ်။ သင့်မှာ Facebook Page တစ်ခုရှိနေပေမဲ့ Facebook Ads ကိုအသုံးမချတတ်သေးဘူးဆိုရင်တော့ Customer တွေရဲ့ 0.5 % လောက်သာသင့်ရဲ့Business နဲ့ပက်သက်တာတွေကိုတွေ့မြင်ရတာပါ။ တကယ်လို့သင်ဟာဒီထက်ပိုပြီး Customer တွေရရှိချင်တယ်ဆိုရင်တော့ Facebook Ads ကိုအသုံးပြုသင့်ပါတယ်။ ငွေပမာဏနည်းနည်းနဲ့ပင်အနည်းဆုံး 5000 ကနေ 10000 ပမာဏရှိတဲ့ User တွေဆီကိုသင့် Business ကနေပေးချင်တဲ့ Content တွေ Message တွေကိုပေးပို့နိုင်ပါလိမ့်မယ်။

(2)Facebook advertising ဟာ Advertising နည်းလမ်းတွေအများကြီးထဲမှာ ကုန်ကျစရိတ်အသက်သာဆုံးနည်းလမ်းပဲဖြစ်ပါတယ်။ 5$ လောက်ငွေပမာဏအသုံးပြုခြင်းဖြင့် User ပေါင်း 1000 ဆီကိုသက်ရောက်စေပါတယ်။ ဒါဟာ Radio Ads, Television Commercials, Billboards နဲ့အခြားသော နည်းလမ်းမျိုးစုံထက်ကုန်ကျစရိတ်ဟာသက်သာနေပါတယ်။ ဒါ့အပြင်သင့် Page အတွက်အရေးကြီးတဲ့ Content တွေကိုဖန်တီးထားပြီး အဆိုပါ Content တွေကို Audience တွေကိုမြင်စေချင်တဲ့အခါမှာ Post ကို Update လုပ်လိုက်ရုံနဲ့မလုံလောက်သေးပါဘူး။ Facebook adsကိုအသုံးပြုမှသာသင့်ရဲ့Content ကိုသင်ရောက်စေချင်တဲ့ Audience တွေဆီရောက်အောင်ပြုလုပ်ပေးနိုင်မှာပါ။ ဒါ့အပြင် Social Influencer တွေအားသင့်ရဲ့ Content ကို Sharing လုပ်ခိုင်းခြင်းဖြင့်လဲ များပြားတဲ့ Audience ပမာဏကိုရရှိစေနိုင်ပါတယ်။ ဒါကြောင့်သင့်ရဲ့ Business အတွက် Event တွေပြုလုပ်တဲ့အခါ New Product ကို Promote လုပ်တဲ့အခါ Promotion တွေပေးချင်တဲ့အခါ စတဲ့အကြောင်းအရာတွေကိုသိစေချစ်တဲ့အခါမျိုးတွေမှာ Facebook Ads ကိုအသုံးပြုခြင်းဖြင့်အဆင်ပြေစေမှာပါ။

(3)Facebook advertising ရဲ့နောက်ထပ်ကောင်းတဲ့အချက်ကတော့ Audience တွေအပေါ်အတိအကျသက်ရောက်တဲ့စွမ်းရည်ပါပဲ။ Facebook Advertising ဟာ အကောင်းဆုံး Targeted Form Advertising ပဲဖြစ်ပါတယ်။ User တွေရဲ့ အသက်အရွယ်၊ စိတ်ဝင်စားမှု၊ စိတ်နေစိတ်ထား နဲ့နေရာဒေသစတာတွေအလိုက်ကြော်ညာလို့ရပါတယ်။သင်ဟာအမှန်တကယ်သင့်ရဲ့ Customer အကြောင်းကိုသိပြီး သူတို့နဲ့ Customer Relationship ကောင်းကောင်းတည်ဆောက်ဖို့လိုအပ်တယ်ဆိုရင်တော့ Facebook Advertising ဟာအကောင်းဆုံးပါပဲ။ Facebook ads တွေရဲ့ Target ထားနိုင်စွမ်းဟာသင့်ထင်တာထက်ကိုပိုမိုစွမ်းဆောင်နိုင်ပါတယ်။ဒါ့အပြင် Facebook ads ရဲ့ Target ထားနိုင်တဲ့ Option တွေလဲအများကြီးရှိပါသေးတယ်။

(4)Facebook Advertising ဟာမြန်ဆန်ပါတယ်။မိမိကြော်ညာခြင်းရဲ့ ရလဒ်ကိုချက်ခြင်းသိရှိစေနိုင်ပြီးထောင်ပေါင်းများစွာသောအသုံးပြုသူတွေထံတစ်ရက်ထဲရောက်ရှိနိုင်ပါတယ်။တကယ်လို့သင်ဟာသင့်ရဲ့ Business ကိုအမြန်ဆုံး Advertise လုပ်ချင်တဲ့သူဆိုရင်တော့ Facebook Advertising ဟာအကောင်းဆုံးနည်းလမ်းပါပဲ။

(5)Facebook Advertising ဟာသင့်ရဲ့ Customer တွေရဲ့ထင်မြင်ယူဆချက်တွေကိုတိုးပွားစေပါတယ်။ သင့်ရဲ့ Brand ကိုအကြိမ်များစွာမြင်လာတဲ့ အခါလူတွေဟာသင့် Brand အပေါ်ယူဆချက်တွေ အမြင်တွေတုံ့ပြန်မှုတွေရှိလာပါတယ်။ ဒါဟာလဲကောင်းမွန်တဲ့အချက်ပါပဲ။သင့်ရဲ့ Customer တွေဆီကနေ Feedback တွေ အကြံပြုချက်တွေကနေသင့်ရဲ့လုပ်ငန်းတိုး တက်ဖို့အထောက် အကူအများကြီးရနိုင်ပါတယ်။

(6)Facebook advertising ဟာသင့် Website visitor တွေနဲ့ထိတွေ့ဆက်ဆံနိုင်ပါတယ်။ သင့် Website တစ်ခုခုကိုဝင်ကြည့်တဲ့အခါ Facebook Ads တွေကိုတွေ့မြင်လေ့ရှိမှာပါ။ အဲ့ဒီ Advertising နည်းလမ်းကိုတော့ Remarketing လို့ခေါ်ပါတယ်။ Remarketing ဆိုတာသင်ရဲ့ Website ကိုဝင်ရောက်ကြည့်ရှုပြီးပြန်ထွက်သွားတဲ့သူတွေဝင်ရောက်တဲ့ Site တွေကိုလိုက်ပီးကြော်ညာခြင်း ကိုခေါ်တာပါ။ Facebook Advertising ရဲ့ကောင်းတဲ့အချက်တွေဟာပြောလို့ကုန်နိုင်မယ်မထင်ပါဘူးဗျာ။ ကြော်ညာခြင်းနည်းလမ်းများစွာ ထဲကမှဈေးအသက်သာဆုံးနဲ့ထိရောက်မှုအရှိဆုံးလို့လည်းပြောနိုင်ပါတယ်။

ဖော်ပြပေးခဲ့တာတွေကတော့ Facebook Advertising နဲ့ ပတ်သတ်တဲ့ ဗဟုသုတတွေပဲ ဖြစ်ပါတယ်။

Min Thuta

Share
Published by
Min Thuta

Recent Posts

  • Blog

Social Post တွေတင်တဲ့အခါဘာတွေသိထားသင့်လဲ?

နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…

2 years ago
  • Blog

Australian User 8 Million ရှိသွားတဲ့ Snapchat

Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…

2 years ago
  • Blog

X နဲ့ Threads ကြားက ကွာခြားချက်များ

Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…

2 years ago
  • Blog

LinkedIn Engagement Boost မယ်ဆိုဘာတွေသိထားသင့်လဲ?

Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……

2 years ago
  • Blog

Digital Marketing မှာအရေးပါတဲ့ Visual Content

  ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…

2 years ago
  • Blog

Organization တွေအတွက် အသုံးဝင်စေမယ့် Knowledge Sharing Tools (၂) ခု

ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်…  …

2 years ago