Categories: Blog

Website တစ်ခုမှာ အလှပဆုံး Brochure တွေကို ဖန်တီးနိုင်မယ့် Website များ

လုပ်ငန်း တစ်ခုကို အောင်မြင်အောင် လုပ်ဆောင်ဖို့ဆိုရင် အစစ အရာရာမှာ သူများထက်သာပြီး၊ သူများထက် ဆန်းသစ်တီထွင်နေဖို့လည်း လိုအပ်ပါတယ်။ သာမန် Marketing နည်းလမ်းတွေအပြင် Digital Marketing နည်းလမ်းတွေကို တွဲဖက်အသုံးပြုလာကြတာကိုလည်း တွေ့ရပါတယ်။ ကိုယ့်စီးပွားရေးလုပ်ငန်းတွက် Website တွေဆောက်လုပ်လာမယ်၊ Page တွေထောင်ပြီး လုပ်ကိုင်လာမယ် ပြိုင်ဖက်တွေထက် သာလွန်လာအောင် ကြိုးပမ်းလာကြပါတယ်။ ဒီလိုကိုယ့်စီးပွားရေးလုပ်ငန်းကို လူတွေပိုသိလာအောင်၊ လုပ်ငန်းအသေးစိတ်ကို ပိုပြီးသိရှိလာအောင် Brochure တွေဖန်တီးပြီးလည်း လုပ်ကိုင်တတ်ကြပါတယ်။ 

 

ဒါကြောင့် မိတ်ဆွေတို့ စီးပွားရေးလုပ်ငန်းတွေအတွက် အလှပဆုံး Brochure တွေကို ဖန်တီးနိုင်မယ့် Website တွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်…

 

Canva

ဒီ Website ကတော့ Digital Field ကလူတွေနဲ့ ရင်းနီးပြီး Website တစ်ခုဖြစ်ပါတယ်။ Design နဲ့ပတ်သတ်တဲ့ အရာတော်တော်များများကို ဒီ Website မှာလာပြီး ဖန်တီးလေ့ရှိပါတယ်။ ဒီ Website ထဲမှာ Post Design, Infographics, Brochure အစရှိတာတွေကို အလှပဆုံးဖန်တီးနိုင်မယ့် Theme တွေ Tool တွေပါဝင်ပါတယ်။ လုပ်ဆောင်ရမယ့် အဆင့်တွေကလည်း ခက်ခက်ခဲခဲ မဟုတ်တဲ့အတွက် ဒီ Website မှာ သင့်လုပ်ငန်းအတွက် Brochure တွေကို ရိုးရှင်းလွယ်ကူစွာ လာရောက်ပြုလုပ်နိုင်ပါတယ်။ 

 

Lucidpress

ဒါကတော့ Brochure တွေကို အကောင်းဆုံးနဲ့ အလှပဆုံး ဖန်တီးနိုင်တဲ့ Online Tool တစ်ခုဖြစ်ပါတယ်။ အသင့်သုံးနိုင်မယ့် Pre-build Template တွေရှိသလို သင်ကြိုက်နှစ်သက်ရာကို ပြန်လည်ဖန်တီးနိုင်စေမယ့် Customize Templae တွေလည်း အမြောက်အများရှိပါတယ်။ အချိန်မရှိလို့ Pre-build Template တွေကို ရှာဖွေနေသူဆိုရင် ဒီ Lucidpress ကို အသုံးပြုပြီး Brochure အမြန်ဆုံး ဖန်တီးနိုင်ပါတယ်။

 

Mycreativeshop

စီးပွားရေးလုပ်ငန်းတွေအတွက် အသုံးပြုနိုင်မယ့် Brochure တွေကို အမျိုးအစား စုံလင်စွာနဲ့ ရွေးချယ် ဖန်တီးနိုင်မယ့် Website တစ်ခုဖြစ်ပါတယ်။ အခမဲ့ အသုံးပြုနိုင်မယ့် Template ပေါင်း တစ်ထောင်ကျော်ကို စိတ်တိုင်းကျရွေးချယ်နိုင်ပါသေးတယ်။ ဒီ Website ရဲ့ ရိုးရှင်းလွယ်ကူတဲ့အချက်တစ်ချက်ကတော့ Brochure Design တွေကို Drag and Drop ပြုလုပ်ပြီး ဖန်တီးနိုင်မှာပဲ ဖြစ်ပါတယ်။

 

Publitas

ဒီ Website ကတော့ သင့်မှာရှိပြီးသား PDF File တွေရဲ့ Design တွေကို Brochure အဖြစ် Convert လုပ်ပေးနိုင်တဲ့ Website ဖြစ်ပါတယ်။ ဒီလုပ်ဆောင်မှုတွေကတော့ ရိုးရှင်းလွယ်ကူစွာပဲ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် Website ထဲမှာရှိတဲ့ Function သင့်ကို ခက်ခက်ခဲခဲ မဖြစ်စေလို့ပဲ ဖြစ်ပါတယ်။ ဒီ Website ကိုအသုံးပြုပြီး ဖန်တီးထားတဲ့ Brochure တွေကလည်း စီးပွားရေးလုပ်ငန်းတွေမှာ သုံးဖို့ လုံလောက်တဲ့ အနေအထားမှာ ရှိပါတယ်။ 

 

သင့် စီးပွားရေးလုပ်ငန်းအတွက် Brochure ဖန်တီးဖို့ အခက်အခဲတွေရှိနေခဲ့တာပဲ ဖြစ်ဖြစ်၊ ရှိပြီးသား Brochure ကို Design မကြိုက်လို့ပဲ ဖြစ်ဖြစ် ဒီ ဖော်ပြပေးခဲ့တဲ့ Website မှာလာရောက်လေ့လာပြီး ဖန်တီးနိုင်ပါတယ်။ မိတ်ဆွေတို့ အသုံးပြုရတာအဆင်ပြေတဲ့ Brochure ဖန်တီးနိုင်တဲ့ Website တွေရှိရင် ပြန်လည် ဝေမျှပေးသွားနိုင်ပါတယ်။

Min Thuta

Share
Published by
Min Thuta

Recent Posts

  • Blog

Social Post တွေတင်တဲ့အခါဘာတွေသိထားသင့်လဲ?

နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…

2 years ago
  • Blog

Australian User 8 Million ရှိသွားတဲ့ Snapchat

Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…

2 years ago
  • Blog

X နဲ့ Threads ကြားက ကွာခြားချက်များ

Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…

2 years ago
  • Blog

LinkedIn Engagement Boost မယ်ဆိုဘာတွေသိထားသင့်လဲ?

Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……

2 years ago
  • Blog

Digital Marketing မှာအရေးပါတဲ့ Visual Content

  ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…

2 years ago
  • Blog

Organization တွေအတွက် အသုံးဝင်စေမယ့် Knowledge Sharing Tools (၂) ခု

ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်…  …

2 years ago