Email marketing ဟာ Digital Marketing ရဲ့အဓိကအစိတ်အပိုင်းတွေထဲကတစ်ခုဖြစ်ပါတယ်။ မိမိရဲ့ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုကို Email ပေးပို့ပြီးကြော်ငြာခြင်း တစ်မျိုးပါ။ အဲ့ဒါကြောင့် လူတွေရဲ့စိတ်ဝင်စားမှုကို တစ်ဆင့်မြင့်တက်စေအောင်ပြု လုပ်နိုင်မယ့်ဒီ Email Marketing content (၄) မျိုးကိုလေ့လာလို့ရအောင်ဖော်ပြပေးလိုက်ပါတယ် ။လေ့လာ မှုတွေအရ Image ပါတဲ့ Marketing Content ဟာအခြား Image မပါဝင်တဲ့ marketing contentတွေထက်ပို ပြီးလူအများရဲ့စိတ်ဝင်စားမှုကိုရစေပါတယ်။

1.Quizzes and Puzzles

လူတွေဟာသူတို့ရဲ့အသိဉာဏ်ဘယ်လောက်ရှိလဲစမ်းသပ်ရတာကိုသဘောကျပြီး မိမိရဲ့အရည်အချင်းဘယ်လောက်ရှိလဲဖော်ပြလိုကျပါတယ်။အဲ့ဒါကြောင့် Puzzles နဲ့ Quizzes လိုမျိုး Email Marketing Contentတွေ ဟာသုံးစွဲသူတွေကိုဆွဲဆောင်နိုင်တဲ့နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ Audience တွေဟာဒီလို Content မျိုးကိုပိုမိုစိတ်ဝင်စားပြီးတုံ့ပြန်မှုအနေနဲ့လဲ Static Contentတွေထက်စိတ်ဝင်စားမှု ကိုအချိန်ကာလ ကြာရှည် စွာထိန်းသိမ်းနိုင်ပါတယ်။

2.Interactive Video

Video ဟာလဲ Email Marketing အတွက်အကောင်းဆုံးထဲက တစ်ခုဖြစ်ပါတယ်။ လေ့လာမှုတွေအရ သုံးစွဲသူတွေဟာ Product အကြောင်းကို Video အနေနဲ့ကြည့်ရခြင်းကို စာဖတ်ရခြင်းထက် လေးဆ ပိုမိုနှစ်သက်တယ်ဆိုပါတယ်။ ထပ်မံပြီးစစ်တမ်းကောက်ကြည့်တဲ့အခါမှာလဲ သုံးစွဲသူတစ်ဝက်လောက်ဟာ Email ကနေပေးပို့တဲ့ product video ကိုကြည့်ခဲ့သူများဖြစ်ပါတယ်။ Interactive video ဆိုတာ Email လက်ခံရသူတွေဟာ interactive hotspots နည်းပညာနဲ့ပြုလုပ်ထားတဲ့ video ဖြစ်ပါတယ်။ Viewer တွေကိုယ်တိုင် Video မှာပါတဲ့ Link ကနေတစ်ဆင့် ကိုယ်အဓိကကြည့်လိုတဲ့အကြောင်းအရာ ကိုဖော်ပြထားတဲ့အပိုင်းအား ရွေးချယ်ကြည့်လို့ရတဲ့အတွက် ဒီနည်းလမ်းဟာလဲ Email Marketing အတွက်အရေးပါပါတယ်။

3. Polls

Polls တွေဟာ Email Marketing အတွက်အကျိုးရှိတဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ် ဘာကြောင့်လဲဆိုတော့ သူက ရည်မှန်းချက် ၂ ခုကိုတစ်ပြိုင်နက်လုပ်ဆောင်နိုင်လို့ဖြစ်ပါတယ်။အဲ့ဒီ ရည်မှန်းချက် ၂ ခုကတော့……

၁. Subscribers တွေကို မိမိရဲ့ Brand နဲ့ရင်းရင်းနီးနီး ထိတွေ့ဆက်ခွင့်ရရှိစေပါခြင်း။

၂.သူတို့က သင်ရဲ့ Marketing Team အတွက် အရေးကြီးတဲ့ သတင်းအချက်အလက်များကို ပေးခြင်း၊ သင် Email poll တစ်ခုကို ပြုလုပ်ခဲ့မယ်ဆိုရင် တစ်မူထူးခြားတဲ့မေးခွန်းနဲ့ မေးဖို့မမေ့ပါနဲ့။

Subscriber တွေရဲ့ သိလိုစိတ် နဲ့ တန်းဖိုးရှိတဲ့ မေးခွန်းတွေ မေးလာခဲ့ရင် အဲ့ဒီရလာဒ်တွေကို Sharing လုပ်ဖို့မမေ့ပါနဲ့ ဘာကြောင့်လဲဆိုတော့ အဲ့ဒီအချက်တွေဟာ သင့်ရဲ့ Brand Engagement ကို တိုး တက်လာစေနိုင်ပါတယ်။

4.GIFs

GIFs ဟာလဲသုံးစွဲသူတွေကိုဆွဲဆောင်နိုင်ပြီး ကိုယ်ရဲ့ Productကို ပုံတစ်ပုံထဲမှာအများအပြား ပုံစံစုံစွာဖော်ပြလို့ရပြီး အခြား Content တွေအတွက်လဲနေရာပေးလို့ရပါတယ်။ Email တခုမှာ GIFs ဟာလဲ subscriber တွေရဲ့အမြင်ကိုဆွဲဆောင်နိုင်လို့ အရေးပါတဲ့နည်းတခုပါပဲ။ သူရဲ့ File size ကသေးငယ်တဲ့အတွက် Mobile အသုံးပြုသူတွေအတွက်တော့ အကောင်းဆုံးအဖော်မွန်ပါပဲ။

Email Marketing နဲ့ပက်သက်ပြီး လူကြီးမင်းတို့ရဲ့လုပ်ငန်းအတွက်အသုံးပြုလို့ပါက ကျွန်တော်တို့ SEOMyanmar မှဝန်ဆောင်မှုပေးနေပါတယ်။

REF – towerdata

Leave a Reply

social sharing buttons