Facebook သည် Android ဖုန်းအသုံးပြုသူများထံမှ Phone Call Data များကို နှစ်အတော်ကြာတိုင်အောင် ရယူသိမ်းဆည်းထားကြောင်း သိရသည်။ Facebook , Facebook Lite, Messenger စသော App များ ထည့်သွင်းအသုံးပြုစဉ်တွင် အဆိုပါ mobile phone မှ Phone Call Data များကို ရယူသိမ်းဆည်းထားခြင်း ဖြစ်သည်။

လူအများစုမှာ အဆိုပါ Feature အတွက် User များထံမှ ခွင့်ပြုချက် ရယူထားပြီးဖြစ်သည်။ အကယ်၍ ဆက်လက်အသုံးမပြုလိုပါက ပြန်လည်၍ ဖျက်သိမ်းနိုင်ပါသည်။ Ars Technica သတင်းဌာနမှလည်း အဆိုပါ Facebook ၏ User Data များသိမ်းဆည်းမှုကို မှန်ကန်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ User Data များသိမ်းဆည်းမှုတွင် Call Log များ၊ Contact နာမည်နှင့် ဖုန်းနံပါတ်များ၊ ခေါ်ဆိုမှုကြာမြင့်ချိန်တို့ ပါဝင်ပြီး ခေါ်ဆိုခဲ့သော အသံဖိုင်အား သိမ်းဆည်းထားခြင်း မရှိပေ။

Facebook မှ သိမ်းဆည်းထားသော နံပါတ်များ ကြည့်ရှု၊ ပြင်ဆင်လိုပါက အောက်ပါ Link တွင် ကြည့်ရှုနိုင်ပါသည်။ ပြန်လည်ဖျက်သိမ်းလိုပါကလည်း ဖျက်သိမ်းနိုင်ပါသည်။

“Facebook မှ သိမ်းဆည်းထားသော နံပါတ်များ ကြည့်ရှုရန် ဤနေရာကိုနှိပ်ပါ။”

Ref: CBNC 

social sharing buttons