Twitter က Ads Run ထားတာတွေကိုမြင်နိုင်တဲ့ Ads Transparency Center ကို Launch လုပ်နိုင်ဖို့အတွက်အချိန်ကြာကြာယူခဲ့ရပါတယ်။ ထိုနည်းတူပဲ Facebook ကလည်း Page တွေ Ads Run ထားတာတွေကို မြင်နိုင်တဲ့ Tools တစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ ဒီ Tools လေးဟာ Page တွေရဲ့ညာဘက်အပေါ်နားလေးလောက်မှာရှိပြီး info and Ads ဆိုပြီးရေးထားပါတယ်။ အဲ့ဒီ Tools လေးထဲကိုဝင်လိုက်ရင်တော့ Page Info နဲ့ Active Ads ဆိုပြီး နှစ်ပိုင်းတွေ့ရမှာဖြစ်ပါတယ်။

Page Info ဆိုတဲ့အပိုင်းမှာ တော့ Page စတင် Create လုပ်ထားတဲ့အချိန်နဲ့ Page နာမည်ပြောင်းထားလားဆိုတာကိုကြည့်လို့ရမှာဖြစ်ပါတယ်။ Active Ads ဆိုတဲ့အပိုင်းမှာတော့ လက်ရှိ Page မှာ Run ထားတဲ့ Ads Post တွေကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီ Tools လေးရဲ့ကောင်းတဲ့အချက်လေးကတော့ Page အတုတွေကိုသတိထားနိုင်ခြင်းဖြစ်ပါတယ်။ (ဥပမာ – ကံစမ်းမဲဖောက်ပေးမယ်ဆိုပြီး Like များအောင်လုပ်ပြီးရင် နာမည်ချိန်းလိုက်တဲ့ Page တွေကိုသတိပြုနိုင်ခြင်းပဲဖြစ်ပါတယ်)။

 

Ref – socialmediatoday

Leave a Reply

social sharing buttons