
ဒီတစ်ခေါက်မှာတော့ Manga ဖတ်ရတာ နှစ်သက်တဲ့သူတွေအတွက် အကောင်းဆုံးဆိုတဲ့ Manga Website အချို့ကိုဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ သင်က Manga ဖတ်ရတာဝါသနာပါသူ မိတ်ဆွေသူငယ်ချင်းတွေကို ပြန်ပြီး Sharing လုပ်ပေးချင်သူဆိုရင် ဒီဖော်ပြပေးမယ့် Manga Website တွေကို ဖတ်ရှုသွားသင့်ပါတယ်…
Crunchyroll
ဒီ Site ကတော့ လူသိများတဲ့ Anime Streaming Site တစ်ခုဖြစ်ပါတယ်။ ဒီ Site ထဲ Manga Series များစွာရှိပြီး အခမဲ့လည်း ဖတ်ရှုနိုင်တဲ့အတွက် ဒီ Site က Manga ချစ်သူတွေအတွက် အကောင်းဆုံး Site တစ်ခုဆိုရင် မမှားပါဘူး။
Manga Kakalot
ဒီ Site ကလည်း Manga ဖတ်တဲ့သူတွေအတွက် နာမည်ကြီး Site တစ်ခုအဖြစ် ပါဝင်ပါတယ်။ Genres ပေါင်း ၄၀ ကျော်ကို Host လုပ်ပေးထားတဲ့ Site တစ်ခုဖြစ်တဲ့အတွက်လည်း Manga ချစ်သူတွေကြားမှာ ရေးပန်းစားနေတဲ့ Site တစ်ခုလည်း ဖြစ်ပါတယ်။
Manga Owl
Manga Genres ပေါင်း ၁၀၀ ကျော်ကို ရွေးချယ်ဖတ်ရှုနိုင်တဲ့ Manga Site တစ်ခုဖြစ်ပါတယ်။ သင်ဟာ Romance Manga တွေကို ဖတ်ရတာကြိုက်တဲ့သူ တစ်ယောက်ဆိုရင်တော့ ဒီ Site ကသင့်အတွက် အကြိုက်တွေ့စေမယ့် Site တစ်ခုဖြစ်ပါတယ်။ Popular Manga Series တွေလည်း အမြောက်အများ ပါဝင်တဲ့အတွက်ကြောင့် ဒီ Site ကလည်း ဝင်ရောက်ဖတ်ရှုကြည့်သင့်တဲ့ Manga Site တစ်ခု ဖြစ်ပါတယ်။
Manga Reborn
ဒီ Site ကတော့ Manga တွေကို English Translate နဲ့ကောင်းကောင်းဖတ်နိုင်စေမယ့် Site တစ်ခုဖြစ်ပါတယ်။ ဘာကြောင့်ဒီလိုပြောရလဲဆိုရင် တစ်ချို့သော Manga Series အသေးတွေက Japan to English လုပ်ခဲတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒီ Site ထဲမှာတော့ English Translate အကုန်လုပ်ပေးထားတဲ့အတွက် English Audience တော်တော်များများကလည်း ဒီ Site ကိုအတော်လေး နှစ်သက်တာကို တွေ့ရပါတယ်။
ဒီဖော်ပြပေးခဲ့တဲ့ Manga Website တွေကတော့ Manga ချစ်သူတွေကြားမှာ ရေပန်းစားပြီး အကောင်းဆုံးဆိုတဲ့ Site တွေပဲ ဖြစ်ပါတယ်။