Visual အသားပေး Social Media Platform တစ်ခုဖြစ်တဲ့ Instagram ဟာ User တွေအတွက် Option သစ်တွေ မကြာခဏ ထည့်ပေးလေ့ရှိပါတယ်။ ယခုတစ်ခေါက်မှာဆိုရင်လဲ User တွေရဲ့ Instagram Notes မှာ Music Track တွေထည့်နိုင်တဲ့ Option တစ်ခုကို ထည့်သွင်းပေးလိုက်ပါတယ်။ Music Track လေးတွေကို ထည့်ထားမယ်ဆိုရင် User တွေရဲ့ Inbox အပေါ်မှာ တွေ့နေရမှာ ဖြစ်ပါတယ်။ အခြား User တွေကလည်း Music Track လေးတွေပေါ်ကို Tap လုပ်တာတွေ လိုက်ပြီးနားထောင်တာတွေ လုပ်နိုင်သွားမှာ ဖြစ်ပါတယ်။

 

ဒီ Option ကြောင့် သူငယ်ချင်းတွေကြားမှာ သီချင်းသစ်လေးတွေ Sharing လုပ်ချင်တာပဲ ဖြစ်ဖြစ်၊ ကိုယ် Highlight လုပ်ချင်တဲ့ Band တွေကိုပဲဖြစ်ဖြစ် Note မှာတင်ထားလို့ရသွားပါပြီ။ ဒီအချက်က သီချင်းနားထောင်ရတာ ကြိုက်တဲ့သူတွေအတွက်ဆို ပိုပြီးတောင်မိုက်တဲ့ အချက်တစ်ချက်လို့ ပြောနိုင်ပါသေးတယ်။ ဒီ Social Platform ပေါ်မှာ Music လုပ်တဲ့သူတွေ၊ Music Industry တွေအတွက်လည်း Engagement ကောင်းကောင်းရလာစေနိုင်မယ့် Option တစ်ခုဆိုရင်လည်း ဖြစ်လာပါတယ်။

Leave a Reply

social sharing buttons