Categories: Blog

စမတ်ဖုန်းတွေရဲ့ အနာဂတ် ဆိုပြီး ကြွေးကြော်လာတဲ့ iPhone X

စက်တင်ဘာလ ၁၃ရက်နေ့ တွင်ကျင်းပခဲ့သော Apple Event တွင် iPhone 8 နဲ့ iPhone 8 Plus တို့ကို မိတ်ဆက်ခဲ့ပြီး iPhone ဆယ်နှစ်ပြည့် အနေဖြင့် iPhone X (iPhone 10) ကို ယခင် iPhone များထက် ပိုမိုထူးခြားမှုများနှင့်အတူ ‘the future of the smartphone’ ဟူ၍ မိတ်ဆက်ခဲ့ပါတယ်။  အရှေ့နှင့် အနောက်မျက်နှာပြင် ၂ခုလုံးအတွက် Glass ကိုအသုံးပြုထားပြီး ဘေးဘောင်တွေကိုတော့ Surgical-grade Stainless Steel ကိုအသုံးပြုထားပါတယ်။

ဒီဇိုင်းပိုင်းတွင် ပြောင်းလဲထားသည့်အတိုင်း Display အပိုင်းတွင်လည်း  Edge to Edge Screen ကိုအသုံးပြုထားကာ Super Retina Display ဖြစ်ပြီး Screen size အနေဖြင့် 5.8” 2436×1125 resolution နှင့် iPhone များတွင် အမြင့်ဆုံး pixel densityဟုဆိုနိုင်သည့် 458ppi  ဖြင့် iPhone X Display အား အဆင့်မြှင့်တင်ထားပါတယ်။ OLED Multi-Touch Display ဖြစ်ပြီး Dolby Vision နှင့် HDR 10 formats တို့အတွက်ပါ HDR support ပေးသွားမှာပါ။

iPhone X တွင် ယခင် iPhone များကဲ့သို့ Home Button မပါ၀င်တော့ပါ။  Home Button မပါ၀င်တော့သည့်အတွက် iPhone 5s မှစ၍ ထည့်သွင်း အသုံးပြုလာခဲ့သည့် TouchID လည်း iPhone X တွင် မပါ၀င်တော့ပါ။ Home Button function များကို လုပ်ဆောင်ပေးဖို့အတွက် Swipe Gesture Function ကိုမိတ်ဆက်ပေးခဲ့ပါတယ်။ Swipe Gesture အတွက် Dock ရဲ့ အောက်ဘက်တွင် ဘားလေးတစ်ခုပါ၀င်လာမှာဖြစ်ပြီး အသုံးပြုနေသော App မှ Home Page သို့သွားရန် ထိုဘားဘေးကို အပေါ်သို့တွန်းတင်ရမှာဖြစ်ပြီး Multitasking လုပ်ချင်ရင် အောက်ကနေ အလယ်နားထိတွန်းတင်ရမှာဖြစ်ပါတယ်။ ဘား လေးပေါ်ကို ဖိပြီး ဘယ်ညာရွှေ့ခြင်းဖြင့်လည်း Multitasking လုပ်ဆောင်နိုင်ပါတယ်။ Control Center ကိုခေါ်ချင်ရင်  Screen ရဲ့ညာဘက် လွတ်နေသောနေရာနားမှ အောက်သို့ဆွဲချပြီးလုပ်ဆောင်နိုင်ပါတယ်။

TouchID အားဖြုတ်လိုက်သည့်အတွက် iPhone X Unlock အတွက် FaceID အားအသုံးပြုထားပါတယ်။ FaceID သည် မျက်နှာတစ်ခုလုံးအား အစက်အပြောက်ပေါင်း ၃၀,၀၀၀ ဖြင့် သတ်မှတ်ပြီး မှတ်တမ်းတင်သိမ်းဆည်းထားသည့်အတွက် မှောင်မဲသောနေရာများတွင်လည်း မျက်နှာပြင်အား ဦးထုပ်ဆောင်းထားသည်ဖြစ်စေ၊ ဆံပင်ပုံစံပြောင်းသွားလျှင်ဖြစ်စေ၊ မျက်မှတ်တပ်ထားသည်ဖြစ်စေ မှတ်မိနိုင်ပါတယ်။ FaceID ကို TrueDepth Camera System နှင့် Neural Engine ခေါ် Machine Learning System များဖြင့် အထောက်အပံ့ပေးထားသည့်အတွက် မြန်ဆန်တိကျပြီး Security ပိုင်းတွင်လည်း TouchIDထက်ပို၍ အားသာမှုရှိပါတယ်။ FaceID သည် Security ပိုင်းများအတွက် ပိုမိုလုံခြုံမှုရှိလာသကဲ့သို့ Apple pay ကဲ့သို့သော ငွေပေးချေမှုများတွင်လည်း အသုံးပြုနိုင်ပါတယ်။

Camera ကတော့ Dual  Camera အဖြစ် 12MP Camera နှစ်လုံးအား တခုက Wide-Angle Lens နှင့် နောက်တခုအား Telephoto Lens အတွက် အသုံးပြုထားပါတယ်။ Wide-Angle Lens ကတာ့ Aperture f/1.8 ရှိပြီး Telephoto Lens ကတော့ Aperture  f/2.4 ရှိသည့်အတွက် Low Light တွင် Performance ပိုမိုကောင်းမွန်လာပါတယ်။ Camera ခုစလုံး  Optical Image Stabilizer ပါ၀င်မှာဖြစ်ပြီး Portrait Mode တွင် Lighting Effect များအတွက်  Natural Light, Studio Light, Contour Light, Stage Light နဲ့ Stage Light Mono တို့ကို အသုံးပြုနိုင်အောင် ထည့်သွင်းပေးထားပါတယ်။ Video Recording အတွက် 4K Video နှင့် 1080p HD Video တို့ကို 60fps အထိရိုက်ကူးနိုင်ပြီး  Slo-mo Vidoe တွေကို 1080pဖြင့် 240fps နဲ့ရိုက်ကူးနိုင်ပါတယ်။  Front Camera ကိုတော့ 7MP Camera ကိုသုံးထားပြီး Selfie Portrait ကိုပါ ရိုက်ကူးနိုင်ပါတယ်။

Battery အားဖြင့်လည်း iPhone 7 ထက် ၂နာရီကြာအောင်အသုံးပြုနိုင်ပြီး Wireless Charging, Fast Charging တို့ပါ၀င်သည့်အတွက် အရင် iPhone တွေထက်ပို၍ကြာကြာအသုံးပြုနိုင်သလို၊ ပိုမိုမြန်ဆန်စွာ အားသွင်းနိုင်မည်ဖြစ်ပါတယ်။

iPhone X တွင် iPhone 8 နှင့် iPhone 8 plus ကဲ့သို့  AR နည်းပညာဖြစ်သည့် Animoji ကိုလည်း ထည့်သွင်းပေးထားပါတယ်။ iPhone X ကို 64GB နှင့် 256GB Model မျိုးကို Space Grey နှင့် Silver ဟူ၍ အရောင်နှစ်မျိုးသာ ရရှိနိုင်မှာဖြစ်ပြီး ဈေးနှုန်းအားဖြင့် 64GB ကို ကန်ဒေါ်လာ ၉၉၉ ဒေါ်လာ နှင့် 256GB ကို ကန်ဒေါ်လာ ,၁၄၉ ဒေါ်လာကျသင့်မှာဖြစ်ပါတယ်။

 

“One of the ways that I believe people express their appreciation to the rest of humanity is to make something wonderful and put it out there.”

Steve Jobs

seomhkl

Comments are closed.

Share
Published by
seomhkl

Recent Posts

  • Blog

Social Post တွေတင်တဲ့အခါဘာတွေသိထားသင့်လဲ?

နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…

2 နှစ် ago
  • Blog

Australian User 8 Million ရှိသွားတဲ့ Snapchat

Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…

2 နှစ် ago
  • Blog

X နဲ့ Threads ကြားက ကွာခြားချက်များ

Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…

2 နှစ် ago
  • Blog

LinkedIn Engagement Boost မယ်ဆိုဘာတွေသိထားသင့်လဲ?

Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……

2 နှစ် ago
  • Blog

Digital Marketing မှာအရေးပါတဲ့ Visual Content

  ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…

2 နှစ် ago
  • Blog

Organization တွေအတွက် အသုံးဝင်စေမယ့် Knowledge Sharing Tools (၂) ခု

ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်…  …

2 နှစ် ago