Categories: Blog

Business တစ်ခုအတွက် Social Listening ဘယ်လောက်အရေးပါလဲ?

Social Listening ဆိုတာဘာလဲ? Business တွေ Brand တွေအတွက် ဘယ်လောက် အရေးပါလဲဆိုတာကိုတော့ အောက်မှာ ထပ်ပြီးလေ့လာနိုင်ပါတယ်…

 

Social Listening ဆိုတာဟာ Online မှာရှိတဲ့ သင့်ရဲ့ Brand အကြောင်းနဲ့ ပက်သက်ပြီး လူတွေပြောတဲ့အကြောင်းအရာကို ရှာဖွေခြင်း လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး သူတို့ဘာတွေပြောနေလဲဆိုတာကို Social Listening Tool တွေအသုံးချခြင်း ဒါမှမဟုတ် ရှာဖွေမှတ်သားကာ ဆန်းစစ်ခြင်းပဲဖြစ်ပါတယ်။

 

ဘာလို့ Social Listening ကိုအသုံးချသင့်လဲဆိုရင်တော့ 86% သော ဝယ်ယူသူတွေဟာ Customer Service အထူးကောင်းမွန်တဲ့ Brand တွေဆီမှာသာ သူတို့ရဲ့ပိုက်ဆံတွေကို စိတ်ချမ်းသာစွာအသုံးပြုဝယ်ယူချင်ကြတယ်လို့  လေ့လာမှုတစ်ရပ်မှာဖော်ပြထားပါတယ် ။ဒီအချက်ကိုထောက်ခြင်းအားဖြင့် ပစ္စည်းချင်းတူမယ် အရည်အသွေးတူမယ် စျေးနှုန်းတူနေမယ်ဆိုရင်တောင် Customer Service ကောင်းမွန်တဲ့ Brand ကိုရွေးချယ်လေ့ရှိကြတယ်ဆိုတာ အထူးပြောစရာမလိုလောက်ဘူးထင်ပါတယ်။ 

 

လေ့လာမှုအရ 88% သော Social Marketer တွေဟာ Social Network ပေါ်မှာ Customer Service ဟာထိပ်ဆုံးကအထောက်အပံ့ပေးနိုင်တယ်လို့ဆိုပြီး 45% သော Customer တွေကလည်း Social Media ဟာ သူတို့စိုးရိမ်တဲ့အချက်တွေ သိလိုတာတွေကို အလွယ်တကူမေးလို့ရတဲ့ ပထမဆုံးနေရာလို့ဆိုပါတယ်။အထူးသဖြင့် Social Media လိုနေရာမျိုးမှာဆိုရင် မကောင်းသတင်းရော ကောင်းသတင်းရော ပျံ့နှံ့လွယ်တဲ့အတွက် Social Listening လုပ်ဖို့ဆိုတာ လိုအပ်တဲ့အချက်တစ်ခုပါ။

 

 

Social Listening လုပ်ခြင်းဟာ Operational Cost ကိုလည်းသက်သာစေပါတယ်။Twitter က Social Media ကနေ Customer Service ကိုပြုလုပ်ပေးတာဟာ တခြား ဖုန်းခေါ်တာ Email ပို့တာစတာတွေရဲ့ ခြောက်ဆလောက် ပိုမိုကုန်ကျစရိတ်သက်သာစေတယ်လို့ဆိုထားပါတယ်။ဒါကြောင့် Social Media ကနေ Social Listening လုပ်ပြီး Customer Care လုပ်ပေးခြင်းဟာ Customer ပိုမိုတိုးပွားနိုင်တဲ့အပြင် သင့် Brand အတွက်ကောင်းမွန်တဲ့ ရလာဒ်တွေကို ဖြစ်စေနိုင်ပါတယ်။Social Media Marketing University (SMMU) ရဲ့ပြောကြားချက်အရ 76% သော Brand တွေဟာ Social Listening ကိုအခုထိအသုံးမချကျသေးပါဘူး။ Social Listening ကိုအသုံးပြုတဲ့သူတဲ့ Brand ဟာ အခြား Brand နဲ့ယှဉ်ရင် Customer Advance Care ပိုင်းမှာ ပိုမိုသာလွန်စေပါတယ်။ 

 

 

အချုပ်ပြောရမယ်ဆိုရင် ယနေ့ Social Media ပေါ်မှာလုပ်ကိုင်နေတဲ့ Brand အများစုထဲက အချို့ဟာဆိုရင် မိမိ Product ဟာနာမည်ရပြီးသားဖြစ်တယ် Quality လဲကောင်းမွန်တယ် ဆိုပြီး Customer Service ကိုတော့မေ့လျော့နေတတ်ကြပါတယ်။အဲ့လိုဖြစ်ခြင်းဟာ အသစ်သစ်သော Customer တွေသာမက ရှိပြီးသား Customer ကိုပါဆုံးရှုံးစေနိုင်ပါတယ်။ ဒါကြောင့် Social Listening လုပ်ဖို့ဆိုတာအလွန်အရေးကြီးခြင်း ဖြစ်ပါတယ်။

Min Thuta

Share
Published by
Min Thuta

Recent Posts

  • Blog

Social Post တွေတင်တဲ့အခါဘာတွေသိထားသင့်လဲ?

နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…

2 နှစ် ago
  • Blog

Australian User 8 Million ရှိသွားတဲ့ Snapchat

Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…

2 နှစ် ago
  • Blog

X နဲ့ Threads ကြားက ကွာခြားချက်များ

Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…

2 နှစ် ago
  • Blog

LinkedIn Engagement Boost မယ်ဆိုဘာတွေသိထားသင့်လဲ?

Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……

2 နှစ် ago
  • Blog

Digital Marketing မှာအရေးပါတဲ့ Visual Content

  ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…

2 နှစ် ago
  • Blog

Organization တွေအတွက် အသုံးဝင်စေမယ့် Knowledge Sharing Tools (၂) ခု

ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်…  …

2 နှစ် ago