Online မှာ သင့်လိုအပ်နေတဲ့ Resource တွေကိုရှာတဲ့အခါမှာ Site ကောင်းကောင်းလေးတွေမှာရှာရင် ပိုပြီး Effective ဖြစ်ပါတယ်။ စိတ်ချရတဲ့ Site တွေမှာဆိုရင်ပိုပြီး ရှာရတာ အဆင်ပြေသလို Secure လဲပိုဖြစ်ပါတယ်။ ဒါကြောင့်မိတ်ဆွေတို့ Academic Research ကောင်းကောင်းလုပ်နိုင်စေမယ့် Site တွေကို Sharing လုပ်ပေးသွားချင်ပါတယ်…
Academic Article တွေအတွက်ရှာဖွေနေတယ်ဆိုရင် ဒီ Site ကသင့်အတွက် အသင့်တော်ဆုံး Site တစ်ခုဖြစ်ပါလိမ့်မယ်။ General Online Searching Site တွေနဲ့မတူတဲ့ Site တစ်ခုလို့လည်း ပြောနိုင်ပါတယ်။ ဒီ Google Scholar မှာဆိုရင် Academic Article တွေကို Author အလိုက် Base လုပ်ပြီး Ranking ခွဲထားပေးပါတယ်။
Journal Article, Books, Image တွေကို Research လုပ်မယ်ဆိုရင်တော့ ဒီ Site ကသင့်အတွက် အဆင်ပြေစေမယ့် Site တစ်ခုပါ။ Humanities, Social Sciences တွေနဲ့ပတ်သတ်တဲ့ Article တွေကိုလည်း ဒီ Site ထဲမှာရှာဖွေနိုင်ပါတယ်။ Art, Science, Literature နဲ့ပတ်သတ်တဲ့ Image တွေကိုရှာဖွေမယ်ဆိုရင်လည်း ဒီ Site ထဲမှာ Image ပေါင်း 2.5 Million ကျော်ရှိတဲ့အတွက် အေးအေးဆေးဆေး ရှာဖွေနိုင်ပါသေးတယ်။
ဒီ Site ကတော့ကမ္ဘာ့အကြီးဆုံး Online Library ထဲကတစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒီ Site ကကျောင်းသားတွေအတွက်လည်း တော်တော်အသုံးဝင်စေမယ့် Site တစ်ခုလည်း ဖြစ်ပါတယ်။ Digital Resource, Video, Audio Recording, Photograph နဲ့ Map တွေကို Collection လုပ်ပေးထားတဲ့အတွက် ကျောင်းသားတွေ လိုအပ်နေတဲ့ Resource တွေကို ကောင်းကောင်းလေး ရှာဖွေနိုင်မှာလည်း ဖြစ်ပါတယ်။ ဒါတွေတင်မကပဲ Notated Music, Web Archive, Legislation နဲ့ 3D Object တွေကိုပါရှာဖွေနိုင်သေးတဲ့အတွက် တော်တော်လေးကို Researching လုပ်နိုင်စေမယ့် Site တစ်ခုဖြစ်ပါတယ်။ အခြားသော Digital Collection တွေလည်း ဒီ Site ထဲမှာရှိပါသေးတယ်။
Book Research ကောင်းကောင်းလုပ်ချင်တယ်ဆိုရင် ဒီ Google Book က Research လုပ်ရတာ အဆင်ပြေစေမယ့် Site တစ်ခုပါ။ စာအုပ်ပေါင်း 40 Million ကျော်ကို Collection လုပ်ပေးထားတဲ့ Site ဖြစ်ပါတယ်။ Title အနေနဲ့ဆိုရင်လည်း 10 Million ကျော်ကျော်ရှိတဲ့အတွက် စိတ်ကြိုက် Research လုပ်နိုင်ပါသေးတယ်။ Author နဲ့ Publisher Information တွေကိုလည်း သေသေချာချာလေး လုပ်ပေးထားတဲ့အတွက် စာအုပ်တွေနဲ့ပတ်သတ်ပြီး Research လုပ်ချင်တယ်ဆိုရင် ဒီ Google Books ကသင့်တော်တဲ့ Site တစ်ခုဆိုရင်လည်း မမှားပါဘူး။
ဒီဖော်ပြပေးခဲ့တဲ့ Site တွေကတော့ လက်ရှိမှာ အကောင်းဆုံးလို့ ပြောလို့ရတဲ့ Academic Research Site တွေပဲဖြစ်ပါတယ်။ Research လုပ်နေတဲ့ မိတ်ဆွေအပေါင်းအသင်းတွေရှိခဲ့ရင်လည်း ဒီ Article ကို Sharing လုပ်ပေးသွားနိုင်ပါတယ်။