လုပ်ငန်းနယ်ပယ် အသီးသီးမှာ စာရေးတဲ့ရတဲ့ Position တွေမှာလုပ်ကိုင်နေတဲ့ သူတွေ အထူးသဖြင့် English စာရေးရတဲ့ သူတွေမှာ တခါတလေ Grammar အမှားတွေ၊ Spelling အမှားတွေ ဖြစ်တတ်ကြပါတယ်။ ဒီလိုအခက်အခဲတွေကို တစ်ခုချင်းလိုက်ရှာပြီး စစ်ဆေးနေဖို့ ဆိုရင် မလိုအပ်တဲ့ အချိန်တွေကို ပေးရမှာ ဖြစ်တဲ့ အတွက် အလုပ်အတွက် ထိခိုက်နစ်နာမှုတွေ ရှိလာနိုင်ပါတယ်။ ဒီလို ပြဿနာတွေကို အချိန်ကုန် သက်သာပြီး ဖြေရှင်းပေးနိုင်မယ့် 2019 ရဲ့ အကောင်းဆုံး Grammar Checker Tools 3 ခုကို ဖော်ပြပေးသွားပါမယ်…
1. Ginger Grammar Checker
ဒီ Grammar Checker ကတော့ Blogger တွေနဲ့ Content Writer တွေအသုံးများဆုံး နဲ့ အကောင်းဆုံး Grammar Checker တစ်ခုလည်း ဖြစ်ပါတယ်။ ဒီ Tool ကတော့ သင့်ရဲ့ Writing နဲ့ Grammar Skill ကို အချိန်မကုန်စေပဲ ကျွမ်းကျင်လာအောင် ကူညီပေးသွားနိုင်ပါတယ်။ Ginger Grammar Checker ရဲ့ အားသာချက် တစ်ခုကတော့ သင်ရေးလိုက်တဲ့ Sentence Structure ပိုကောင်းလာတဲ့ အရေးအသားရေးနိုင်ဖို့ Highlight လုပ်ပေးနိုင်တာပဲ ဖြစ်ပါတယ်။ အကောင်းဆုံး Free Tool လည်းဖြစ်တဲ့ အတွက် ခက်ခက်ခဲခဲ တွေ လုပ်စရာမလိုပဲ အသုံးပြုနိုင်ပါတယ်။ Chrome Browser သုံးတဲ့ သူတွေဆိုရင် Extension ပါထည့်ထား နိုင်ပါတယ်။
2. Grammarly
Grammarly ဆိုတဲ့ Grammar Checker က အကောင်းဆုံးနဲ့ Rating အများဆုံး Tool တစ်ခုဖြစ်ပြီး၊ လူသုံးများတဲ့ Tool တစ်ခုလည်း ဖြစ်ပါတယ်။ Grammarly က Mobile, Desktop နဲ့ Chrome Extension တွေအတွက် ထုတ်ထားပါတယ်။ ဒီ Tool ရဲ့အားသာချက်က Social Media Post တွေ၊ Blog Post တွေမှာ ရေးသမျှ စာလုံးတွေမှာ Spelling မှားတာတွေ၊ Grammar အမှားတွေကို Highlight လုပ်ပေးသွားတာ ပဲဖြစ်ပါတယ်။ Grammarly Chrome Extension မှာဆိုရင် Sentence Structure ကို ပိုပြီး ပြည့်စုံအောင် Highlight လုပ် ပေးတဲ့ Function ပါဝင်ပါတယ်။ နောက်ထပ် အသုံးဝင်တဲ့ အချက်တစ်ချက်က Plagiarism ပါ Check နိုင်တာပဲ ဖြစ်ပါတယ်။
3. After The Deadline
သင်က Blog Writer တစ်ယောက် ဆိုရင် ဒီ After The Deadline ဆိုတဲ့ Grammar Checking Tool ကအကောင်းဆုံး မိတ်ဆွေဖြစ်လာ နိုင်ပါတယ်။ ဒီ Tool က Spelling, Grammar အမှားတွေကို စစ်ပေးတာတင်မဟုတ်ပဲ စာလုံးတစ်လုံးချင်းဆီကိုလည်း အဓိပ္ပါယ်ကို Analyzes လုပ်ပေးနိုင်တဲ့ Function ပါတဲ့ အတွက် အမှားကင်းပြီး ပြီးပြည့်စုံတဲ့ Blog Post တွေကို ဖန်တီးနိုင်မယ့် Tool တစ်ခုလို့ ပြောနိုင်ပါတယ်။
ဖော်ပြပေးခဲ့တဲ့ Grammar Checker Tool တွေကတော့ 2019 ရဲ့ အကောင်းဆုံး Grammar Checker Tool တွေ ဖြစ်တဲ့အတွက် မိတ်ဆွေတို့ အတွက် အကောင်းဆုံး Tool တွေကိုလည်း ပြန်ဝေမျှသွားခဲ့ပါအုံး။
Ref – techviral
နည်းပညာတွေ ထွန်းကားလာတဲ့ခေတ်မှာ...Social Media Platform တွေအသုံးပြုမှုတွင်ကျယ်လာတာနဲ့အညီ Business အတော်များများကလဲ Social Media ကနေတစ်ဆင့်အပြိုင်အဆိုင်ဈေးကွက်ထိုးဖောက်နေကျပါပြီ။ ဒါကြောင့် သင့်လုပ်ငန်းရဲ့ Social Media post တွေတင်ရာမှာအမြဲတမ်း Checking လုပ်နေသင့်တဲ့အချက်တွေကို ဖော်ပြပေး လိုပါတယ်...…
Snapchat အနေနဲ့သူတို့ရဲ့ Regional User Growth ဖြစ်လာတာကို ထပ်မံ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ကတော့ Australia Region မှာ Snapchat အသုံးပြုတဲ့သူအရေအတွက် များပြားလာခြင်းပဲ ဖြစ်ပါတယ်။ အရင်တုန်းက ဒီ Region မှာအခုလို…
Meta ကသူတို့ရဲ့ App အသစ်ဖြစ်တဲ့ Threads ကို Launch ပြီးခဲ့တဲ့ နောက်ပိုင်းမှာ သူနဲ့အပြိုင် နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Twitter ဟာလဲ သူတို့ရဲ့ App နာမည်ကို…
Social Media Platform တွေကို Smart ကျကျသုံးတတ်တဲ့သူတစ်ယောက်ဆိုရင် Profile ဆိုတာကလဲအရေးကြီးတဲ့အချက်ထဲ မှာပါဝင်ပါတယ်။ ဒီတော့ Social Media Platform တစ်ခုဖြစ်တဲ့ LinkedIn မှာသင့်ရဲ့ Profile ကိုဘယ်လို Engagement ရအောင်ထားသင့်လဲဆိုတာကိုဖော်ပြပေးပါမယ်……
ယနေ့ခေတ်မှာက သာမာန် Text Links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ ယခုခေတ်မှာ Image , Video , Infographic တွေခေတ်စားလာပါတယ်။…
ဒီတစ်ခေါက် ဖော်ပြပေးသွားမှာကတော့ Organization တွေ Company တွေအတွက် သူတို့ရဲ့ Communication Improve လုပ်နိုင်ဖို့နဲ့ Document Organization အကျိုးပြုစေမယ့် Knowledge Sharing Tools (၂) ခုပဲ ဖြစ်ပါတယ်… …